ခြေရောလက်ပါ ငုံးတိဖြစ်နေပေမယ့် လေးစားဖွယ် အကောင်းမြင်စိတ်ထားပိုင်ရှင် အမျိုးသား

ကျေးဇူးသိတတ်ရင် ဘ၀မှာ ကျေးဇူးတင်စရာတွေက အများသားပါ။ ရိုးရိုးရှင်းရှင်း တွေးကြည့်တဲ့အခါ ခြေစုံ လက်စုံနဲ့ ချို့ယွင်းချက်မရှိ မွေးဖွားလာတယ်ဆိုကတည်းက ကျေးဇူးတင်စရာ ကောင်းပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ လူတွေက ဘ၀တိုက်ပွဲတွေမှာ ရှုံးနိမ့်တဲ့အခါ နာကျင်မှုကို ဖြေဖျောက်ဖို့ ချောင်ကပ်နေကြရတဲ့ အချိန်တွေလည်း ရှိပါသေးတယ်။ ပြဿနာဖြစ်တိုင်း အမြဲတစေ အကောင်းမြင်နိုင်ဖို့ ကြတော့လည်း ခက်ခဲပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ကိုယ့်ဘ၀က ခက်ခဲနေပါတယ်ပဲ ဆိုဆို တေလာမောရစ်စ်လောက်တော့ အခြေအနေမဆိုးသေးဘူးထင်ပါတယ်။

taylormorris.org
taylormorris.org

တေလာမောရစ်စ်ဟာ မွေးတုန်းက သူလိုငါလို ခြေလက်အင်္ဂါ အပြည့်အစုံနဲ့ မွေးလာခဲ့တာပါ။ အမေရိကန်နိုင်ငံရဲ့ ရေတပ်အမှုထမ်းတစ်ယောက်လည်း ဖြစ်ပါတယ်။ အားကစားဝါသနာပါတဲ့အပြင် တက်ကြွစွန့်စားလိုစိတ်တွေ ပြည့်နေတဲ့ လူငယ်လေး တစ်ယောက်ပါ။ ဒါပေမယ့် (၂၀၁၂) ခုနှစ် အရောက်မှာတော့ ဗုံးနင်းမိတာကြောင့် ခန္ဓာကိုယ်က ခြေရောလက်တွေရောပါ ဖြတ်တောက်ပစ်ရတဲ့အထိ ကံကြမ္မာရဲ့ အလှည့်အပြောင်းကို ခံခဲ့ရပါတယ်။

taylormorris.org
taylormorris.org

မောရစ်စ်ဟာ သူ့အခြေအနေက အရမ်းဆိုးဝါးနေတဲ့ အချိန်မှာ အသက်ဆက် ရှင်သန်ဖို့တောင် မျှော်လင့်ချက် မရှိခဲ့ပါဘူး။ ကယ်ဆယ်ရေးတွေကိုတောင် သူ့ကို ကယ်ဖို့ မလုပ်ကြဖို့ မောရစ်စ်က တောင်းဆိုခဲ့ပါသေးတယ်။ မောရစ်စ်အဖို့တော့ အလုပ်တာဝန်ကလည်း ရပ်နားခံရမှာ ဖြစ်တဲ့အပြင် အထူးသဖြင့် ခြေရော လက်ရောဟာ တစ်သက်လုံး သုံးစားလို့မရတော့မှာကြောင့် အရာရာဟာ စိတ်ဆင်းရဲဖွယ် အတိပါပဲ။

READ
ဘူတာရုံမှာ ကြိုးကြိုးစားစား စာလေ့လာခဲ့တဲ့ ကောင်မလေးကို ကူညီသူများပေါ်လာခဲ့
taylormorris.org
taylormorris.org

ဒါပေမယ့် သူစိတ်ဓာတ်ကျသလားဆိုတော့ မကျခဲ့ပါဘူး။ သူ့ဘ၀ကို သူ ပြန်လည် ရှင်သန်စေခဲ့ပါတယ်။ ဘ၀ကို လွယ်လွယ်နဲ့ အရှုံးမပေးခဲ့တဲ့ မောရစ်စ်ဟာ သူ့လက်ဖော်ကိုင်ဖက်တွေအတွက်တော့ စံပြလူသားတစ်ယောက်ပါပဲ။ လုပ်ဖော်ကိုင်ဖက်တွေကလည်း သူ့ကို အားပေးပြီး ခြေတု လက်တုတွေ တပ်ဆင်စေခဲ့ပါတယ်။ နောက်ပြီးတော့ မောရစ်စ်နဲ့ နှစ်ရှည်လများလက်တွဲလာတဲ့ ရည်းစားကောင်မလေးကလည်း သူ့အနားက စွန့်ခွာမသွားခဲ့ပါဘူး။ မောရစ်စ်နားမှာ ဆက်လက်ရှိနေတဲ့အပြင် ကောင်မလေးက မောရစ်စ်ကို သူမကျောပေါ်တင်ပြီးတောင် ချီပိုးသယ်သွားလေ့ရှိပါတယ်။ မောရစ်စ်အခုလို ပြန်လည်ထူထောင်နိုင်တာဟာ သူ့ပတ်ဝန်းကျင်က လူတွေရဲ့ ချစ်ခြင်းမေတ္တာကြောင့်လိုလည်း ဆိုနိုင်မယ် ထင်ပါတယ်။

taylormorris.org
taylormorris.org

အောက်မှာတော့ ၄င်းရဲ့ စိတ်အားတက်ဖွယ် ဗီဒီယိုဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE