အာရှသားသွေးနှောတွေအတွက် အတုယူဖွယ်လူတစ်ယောက်ဖြစ်လာတဲ့ Taylor Rapp

Instagram/trapp07

Taylor Rapp ဟာ အမေရိကန်အမျိုးသားဘောလုံးအသင်းအဖွဲ့ချုပ် NFL မှာ ရာသီချိန်အပြည့်ပါဝင်ကစားခွင့်ရတဲ့ ဘောလုံးအားကစားသမားသစ်တစ်ဦး ဖြစ်ပါတယ်။ သူဟာ အမေရိကန်စစ်စစ်မဟုတ်ပဲ အာရှအမေရိကန်သွေးနှောနေတဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။ သူ့ကို ပြီးခဲ့တဲ့ ဧပြီလတုန်းကပဲ  NFL ထဲက အသင်းတစ်သင်းဖြစ်တဲ့ Los Angeles Rams မှာ အသင်းသားအသစ်အဖြစ် ပါဝင်ကစားဖို့ အရွေးချယ်ခံရကြောင်း nextshark သတင်းအရ သိရပါတယ်။

Instagram/trapp07

ယခုနှစ်အတွက် NFL မှာကစားဖို့ ရွေးချယ်ခံရသူတွေထဲမှာ နှစ်ယောက်သာ အာရှအမေရိကန်သွေးနှောအဖြစ် ပါဝင်ပြီး Rapp ကတော့ ဒီနှစ်ယောက်ထဲက တစ်ယောက် ဖြစ်ပါတယ်။ အသက် (၂၁) နှစ်ပဲ ရှိသေးတဲ့ Rapp က ESPN နဲ့ အင်တာဗျူးမှာတော့ သူဟာ အဖြူတွေနဲ့မတူပဲ တစ်မျိုးကွဲထွက်နေတာကြောင့် ငယ်ငယ်တုန်းက သူ့ကိုယ်သူ ရှက်သလို ရွံ့သလိုဖြစ်ခဲ့ရကြောင်း ဆိုပါတယ်။

READ
တောင်းမှာ အကွပ်၊ လူမှာ အ၀တ် ဆိုတာကို သက်သေပြနေတဲ့ အကောင်းဆုံး ဖြစ်ရပ်
Instagram/trapp07

အာရှသွေးနှောသူတွေဟာ NFL ထဲ ပါဝင်ကစားနိုင်ဖို့ အခွင့်အရေးနည်းပါးလွန်းပေမယ့် သူ့အနေနဲ့ အခုလို NFL ရဲ့ အသင်းဝင်တစ်ယောက်ဖြစ်ရတာ ဂုဏ်ဖော်လိုစိတ်မရှိပါဘူးလို့လည်း ပြောပြခဲ့ပါတယ်။ သူငယ်ငယ်တုန်းက ဘောလုံးပွဲတွေကြည့်တဲ့အခါ  အားကျအတုယူစရာဆိုလို့ အာရှသွေးနှောတွေ တစ်ဦးမှ မရှိခဲ့ပေမယ့် အခုတော့ သူဟာ အာရှသွေးနှောတစ်ယောက်အဖြစ် အမေရိကန်အမျိုးသားဘောလုံးအဖွဲ့ချုပ်မှာ ပါဝင်ကစားခွင့်ရပြီဖြစ်လို့ နောင်လာမယ့်ကလေးတွေအတွက် မော်ကြည့်စရာပုဂ္ဂိုလ် ဖြစ်လာနေပြီလို့လည်း ပြောပြခဲ့ပါတယ်။

Instagram/trapp07

Rapp ရဲ့ဖခင်ဟာ အမေရိကန်လူမျိုးဖြစ်ပြီး တရုတ်နိုင်ငံမှာ အလုပ်လုပ်စဉ် တရုတ်လူမျိုးမိခင်ဖြစ်သူနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ လက်ထပ်ပြီးတော့ Rapp ရဲ့ မိဘတွေဟာ အမေရိကန်နိုင်ငံကို ပြောင်းလာခဲ့ပါတယ်။ Rapp ကို အတ္တလန္တာမှာ မွေးဖွားခဲ့ပြီး သူဟာ ၀ါရှင်တန်ပြည်နယ်က ဘယ်လင်ဟမ်ဆိုတဲ့ မြို့လေးတစ်မြို့မှာ ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။

READ
ပညာရှင်လူကြီးတွေတောင် မနာလိုဖြစ်ရမယ့် (၁၁) နှစ်အရွယ် ကောင်လေးရဲ့ ပန်းချီလက်ရာ

လူဖြူတွေကြီးစိုးရာ ပတ်ဝန်းကျင်မှာ နေထိုင်ရတဲ့အတွက် Rapp နဲ့ သူ့အစ်ကို အော်စတင်ဟာ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေး အဆင်မချောမှာစိုးတဲ့အတွက် သူတို့ကိုယ်သူတို့ တရုတ်သွေးနှောတယ်ဆိုတာကို ဖုံးကွယ်ထားခဲ့ကြပါတယ်။ ညီအစ်ကိုနှစ်ယောက်စလုံးဟာ ဘောလုံးကစားရာမှာ တော်ကြပေမယ့် အစပိုင်းမှာတော့ ခက်ခဲမှုတွေကို ကြုံတွေ့ခဲ့ရပါတယ်။

Instagram/trapp07

များသောအားဖြင့်လည်း အမေရိကန်ဘောလုံးကစားသူတွေကို ကြည့်လိုက်ရင် အာရှသားတွေဆိုတာ တွေ့ရခဲတာကြောင့် Rapp အနေနဲ့ အတော်လေးကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။ Rapp ကတော့ သူဟာ အာရှသွေးနှောတစ်ယောက်အဖြစ်နဲ့ အသင်းကို နိုင်ပွဲတွေဆက်အောင် စွမ်းဆောင်ပေးမှာဖြစ်ပြီး သူ့အနေနဲ့ အမေရိကန်ဘောလုံးအားကစားကို လူဖြူတွေချည်းမဟုတ်ပဲ အာရှသားတွေလည်း ထူးထူးချွန်ချွန်ကစားနိုင်တယ်ဆိုတာကို ပြသဖို့ ကြိုးစားနေကြောင်း ပြောသွားခဲ့ပါသေးတယ်။

လင်းလင်း (ShweMom)

SHARE