(၂၀၁၉) ခုနှစ်ရဲ့ ရောင်းအားအကောင်းဆုံး Global Artist ဖြစ်ခဲ့တဲ့ Taylor Swift

Instagram/TaylorSwift

Taylor Swift ဟာ ၂၀၁၉ ခုနှစ်အတွက် ရောင်းအားအကောင်းဆုံးglobal artistဖြစ်တယ်လို့ recording industry group ဖြစ်တဲ့ IFPI အဖွဲ့မတ် ၂ရက်နေ့က ကြေငြာခဲ့ပါတယ်။ အစကတော့ ရောင်းအားအကောင်းဆုံး Global Artist နေရာမှာ ကိုရီးယား pop တေးဂီတအဖွဲ့ဖြစ်တဲ့ BTS က နေရာယူထားပြီး BTS ကို Taylor Swift က ကျော်တက်သွားတာပါ။ Taylor Swift ရဲ့ Love အယ်လ်ဘန်ရဲ့ ရောင်းအားအပေါ်ကို တွက်ချက်ပြီးမှ ဒီလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

 

 

View this post on Instagram

 

💗 Tokyo is for Lovers 💗 📷: Kayoko Yamamoto

A post shared by Taylor Swift (@taylorswift) on

 

အသက် ၃၀ ရှိပြီဖြစ်တဲ့  Taylor Swiftဟာ သူ(မ) ဘဝတစ်လျှောက်မှာ ဒီလို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရောင်းအားအကောင်းဆုံး အဆိုတော်တစ်ယောက်အဖြစ် သတ်မှတ်ခြင်းခံရတာကတော့ ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်တုန်းကလည်း သူ(မ)ရဲ့ 1989 ဆိုတဲ့ တေးဂီတအယ်လ်ဘန်နဲ့  ၂၀၁၄ ခုနှစ်ရဲ့ ရောင်းအားအကောင်းဆုံးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူတစ်ယောက်ပါ။

 

 

View this post on Instagram

 

Dressing room is lit

A post shared by Taylor Swift (@taylorswift) on

Lover အယ်လ်ဘန်ဟာ Taylor Swift ရဲ့ (၇)ခုမြောက် စတူဒီယိုအယ်လ်ဘန်ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် သြဂုတ် ၂၃  မှာ စတင်ဖြန့်ချိခဲ့တာပါ။ အဆိုပါ အယ်လ်ဘန်ဟာ ၆၂ကြိမ်မြောက် ဂရမ်မီတေးဂီတထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးပေါ့ပ်အယ်လ်ဘန်ဆုအဖြစ် nominate စာရင်းဝင်ခဲ့ပါတယ်။ ဒီလို ဂရမ်မီ nominate ဝင်ခဲ့တာဟာ Taylor Swift အတွက် တတိယအကြိမ်မြောက်ဖြစ်ပြီး ရှေ့အကြိမ်များကတော့ 1989 အယ်လ်ဘန်နဲ့ တစ်ကြိမ်၊  Reputation နဲ့ တစ်ကြိမ်ဖြစ်ပတယ်။

 

၂၀၁၉ ခုနှစ်ရဲ့ ရောင်းအားအကောင်းဆုံး global artist အဖြစ် Taylor Swift ဟာ ပထမ နေရာကို ရရှိခဲ့တာပါ။ သူ့ရဲ့ နောက်မှာတော့  Ed Sheeran ၊ Post Malone နဲ့ Billie Eilish တို့ ပါရှိပါတယ်။ နံပတ်ငါးနေရာမှာတော့ Queen အဖွဲ့ ရဲ့ အယ်လ်ဘန်ရှိနေပါတယ်။ ဒါဟာလည်း Queen ရဲ့ ပင်တိုင်အဆိုတော်ဖရက်ဒီမာကျုရီရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့  Bohemian Rhapsody ဇာတ်ကားရဲ့ ရိုက်ခတ်မှုကြောင့်လည်းဖြစ်မှာပါ နံပတ် ခုနှစ်နေရာမှာတော့ တောင်ကိုရီးယားက အမျိုးသားတေးဂီတဘန်ဖြစ်တဲ့ BTS က နေရာယူထားပါတယ်။

Ye Yint Kyaw

SHARE