အခွေမထုတ်တော့ဘဲ Album တစ်ခုလုံး YouTube မှာ free တင်ပေးနေတဲ့ Taylor Swift

YouTube- Taylor Swift

မနေ့က ဥာဥ့်နက်သန်းခေါင်ကြီး Taylor Swift ရဲ့ Facebook account ကနေပြီး post တစ်ခုတက်လာခဲ့ပါတယ်။ သူမအနေနဲ့ အသစ်လုပ်ထားတဲ့ album တစ်ခုလုံးကို အခကြေးငွေနဲ့အခွေထုတ်ရောင်းချမှာမဟုတ်ဘဲ တစ်ကမ္ဘာလုံး နားထောင်နိုင်စေဖို့ အခမဲ့တင်ပေးသွားမယ်ဆိုတဲ့ သတင်းပါပဲ။

Most of the things I had planned this summer didn’t end up happening, but there is something I hadn’t planned on that…

Posted by Taylor Swift on Thursday, 23 July 2020

ဒီသတင်းကြားတော့ တော်တော်လေးကို shock ရသွားပါတယ်။ အနုပညာရှင်တစ်ယောက်အနေနဲ့ ခက်ခက်ခဲခဲ အကုန်ကျခံပြီး ဖန်တီးထားတဲ့ အနုပညာတွေကို စီးပွားရေးအရမဟုတ်ဘဲ အခုလိုချပြတာဟာ သီချင်းတစ်ပုဒ်လည်းမဟုတ်သလို album တစ်ခုလုံးဖြစ်တဲ့အပြင်ကိုမှ audio version မဟုတ်ဘဲ official music video လည်း ပါတယ်ဆိုတော့ တော်တော်လေး အံ့သြဖို့ကောင်းနေပါတယ်။

folklore will have 16 songs on the standard edition, but the physical deluxe editions will include a bonus track called…

Posted by Taylor Swift on Thursday, 23 July 2020

သီချင်းတွေကိုတော့ ဒီနေ့ မနက်ပိုင်းကမှ တင်ခဲ့တဲ့အတွက် နာရီပိုင်းသာရှိပါသေးတယ်။ လက်ရှိတင်ထားတဲ့ သီချင်းတွေကတော့ စုစုပေါင်း ၁၁ ပုဒ်ရှိနေပါတယ်။ အဲဒီအထဲက အကုန်လုံးကတော့ official lyrics video တွေ တင်ထားခဲ့ပြီး Cardigan ဆိုတဲ့ တစ်ပုဒ်ကိုတော့ official music video ပါ တင်လာခဲ့တာပါ။ ထူးခြားချက်ကတော့ ဒီ music video မှာ Taylor ဟာ ကိုယ်တိုင် မိတ်ကပ်ရော ဆံပင်ရော styling အပိုင်းကိုပါ တာဝန်ယူခဲ့တာပါတဲ့လေ/

READ
ထီးတော်တင်ဋ္ဌာပနာဖို့ ရတနာတွေ လှူဒါန်းခဲ့တဲ့ စိုင်းလွှမ်းတို့ သားအဖ
YouTube- Taylor Swift

The music video for “cardigan” will premiere tonight, which I wrote/directed. A million thank you’s to my brilliant, bad…

Posted by Taylor Swift on Thursday, 23 July 2020

လက်ရှိ YouTube မှာ တင်ထားတဲ့ သီချင်းတွေကတော့-

(၁) cardigan

(၂) the 1

(၃) the last great american dynasty

(၄) exile

(၅) my tears recochet

(၆) microball

(၇) seven

READ
ပီဇာလောကကို နယ်ချဲ့လာတဲ့ DJ လောကက ကြေးကြီးတဲ့ Steve Aoki

(၈) august

(၉) this is me trying

(၁၀) illicit affairs

(၁၁) invisible string

သီချင်းတွေကို နားထောင်ချင်တယ်ဆိုရင်တော့ Taylor Swift ရဲ့ Official YouTube Channel မှာ သွားရောက်နားထောင်နိုင်ပါတယ်။

penny

SHARE