၁၅လအကြာတွဲပြီးနောက် လမ်းခွဲတော့မယ့်Taylor Swiftနဲ့Calvin Harris

ဒီသတင်းက ပရိတ်သတ်တွေကို ရှော့်ခ်ဖြစ်စေခဲ့တဲ့ သတင်းဖြစ်ပါတယ်။ မနေ့ညက တောလာဆွစ်ဖ်တို့နဲ့ နီးစပ်တဲ့ အသိုင်း အဝိုင်းကနေပြောကြားပြီး The Sunနဲ့Hollywood Lifeတို့ ကအခိုင်အမာဖော်ပြခဲ့တဲ့ သတင်းဖြစ်ပါတယ်။ တေလာ
ဆွစ်ဖ်ရဲ့ ပရိတ်သတ်တွေကတော့ တေလာဆွစ်ဖ်အတွက် စိတ်မကောင်းဖြစ်နေကြပါတယ်။

4

“သူတို့၂ယောက် သဘောထားမတူလို့ လမ်းခွဲကြတာပါ။ ၂ယောက်လုံးကတော့ ကြေကွဲနေကြပါတယ်။ သူတို့က အနာဂတ် ကိုအတူတူဖြတ်သန်းဖို့ စီစဉ်ပြီးသးလေ၊ဒါပေမယ့် အခြားဘာကိစ္စကြောင့်မှတော့ မဟုတ်ပါဘူး။ သူတို့မှာ အခြားရည်းစားတွေလည်းမရှိပါဘူး”လို့ အတွင်းလူက The Sunသတင်းစာကိုပြောခဲ့ပါတယ်။

 

အသက် ၂၆နှစ်အရွယ် Shake if Off အဆိုတော်နဲ့ အသက်၃၂နှစ်အရွယ် DJ Starတို့ဟာ ၁၅လကြာအောင် လက်တွဲ ခဲ့ကြတာလည်းဖြစ်ပါတယ်။ တေလာဆွစ်ဖ်အနေနဲ့လည် မကြာသေးခင်ကမှာ Vogueမဂ္ဂဇင်းကို သူတို့၂ယောက်ရဲ့ ဆက်ဆံရေးဟာ အရမ်းကို ဆန်းကြယ်လွန်းပါတယ်လို့ ပြောကြားခဲ့ပါသေးတယ်။ အေပရယ်လကလည်း  iHeart Radio Awardsပွဲမှာ တေလာဆွစ်ဖ်က သူမရဲ့ရည်စားကို ကျေးဇူးတင်စကားဆိုခဲ့ပါသေးတယ်။

READ
မိုက်ကယ်ဂျက်ဆင်ရဲ့ နာမည်ကြီး ကကွက်နဲ့ ကြိုးဝိုင်းထဲမှာ ပွဲသိမ်းလိုက်တဲ့ နပန်းသမား

2

“ကျွန်မဘဝမှာ အိမ်ပြန်ချိန်တိုင်း အသင့်စောင့်နေမယ့် ချစ်သူတစ်ယောက်ကို ပထမဆုံးရခဲ့တာပါ။ သူက အရမ်းကို တန်ဖိုးရှိတဲ့သူပါ။ ကျွန်မရဲ့ချစ်သူ Adamကို (Calvin Harrisနာမည်အရင်း  Adam Wiles) ကျေးဇူးတင်ပါတယ်” လို့
သူမဆုလက်ခံရယူရာမှာ ပြောကြားခဲ့ပါသေးတယ်။

 

သူတို့၂ယောက်ရဲ့ ဆက်ဆံရေးအေးစက်နေတာတော့ အနည်းငယ်ကြာခဲ့ပါပြီ။ ပုံမှန်အတိုင်းဆို ဆိုရှယ်မီဒီယာပေါ်မှာ ပုံတွေ တင်တတ်ကြပေမယ့် ဒီလိုမတင်တော့တာ မေလ၁၃ရက်နေ့ကတည်းကပါ။ လွန်ခဲ့တဲ့၂ပတ်ကလည်း calvin harris က ကားအက်ဆီးဒင့် ဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ပြန်ကောင်းနေပြီတော့ဖြစ်ပါတယ်။

3

တေလာဟာ အစက Jake Gyllenhaal, Harry Stlyes, Taylor Lautner တို့နဲ့ တွဲခဲ့ပြိး တစ်ခါမှာ မတည်မြဲခဲ့ပါ
ဘူး။ အသဲကွဲသီချင်းများစွာ ရေးစပ်ခဲ့ပြီး Calvinနဲ့မတွေ့မီအထိ ဘယ်သူနဲ့မှ မတွဲခဲ့ပါဘူး။  လွန်ခဲ့တဲ့နှစ် Brit Awards
မှာမှ Ellie Goulding က တေလာနဲ့ ကယ်လ်ဗင်ကိုမိဆက်ပေးခဲ့တာပါ။  Elleieက “သူတို့၂ယောက်လုံးက တကယ် ထူးချွန်တဲ့ လူကောင်းတွေပဲလေ။ သူတို့၂ယောက်အဆင်ပြေလောက်မယ်ထင်ပြီး မိတ်ဆက်ပေးခဲ့တာပါလို့”တစ်ခါက
ပြောခဲ့ဖူးပါတယ်။

READ
စမတ်ကျကျနဲ့ ကြည့်မဝအောင်လှလွန်းနေတဲ့ ဖွေးဖွေး

Source: thesun

shwemom-2

SHARE