ရည်းစားဟောင်းတွေ အကြောင်းကို ရည်ရွယ်ကာရေးပြီး Taylor Swift ဆိုခဲ့ဖူးတဲ့ သီချင်းများ

@taylorswift. @twhiddleston, @calvinharris,@joejonas, @jakegyllenhaal/ Instagram

 

 

View this post on Instagram

 

I love you guys. So much. 📸: @presleyannphoto @gettyimages

A post shared by Taylor Swift (@taylorswift) on

Taylor Swift သို့မဟုတ် ပရိတ်သတ်တွေ ချစ်စနိုးခေါ်နေကြတဲ့ တေတေကတော့ ရည်းစားတစ်ယောက်နဲ့ပြတ်တိုင်း သီချင်းအသစ်တစ်ပုဒ်ရတယ်ဆိုပြီး တင်စားနေကြပါတယ်။ သူမကိုယ်တိုင်ကတော့ ဟုတ်ပါတယ်လို့ ဘယ်တော့မှ ဝန်မခံခဲ့ပေမယ့် သီချင်းတွေထဲကစာသားတွေနဲ့ ရိုက်ကူးခဲ့တဲ့ MV တွေကိုကြည့်ပြီး တေတေရဲ့ ရှားလော့ဟုမ်းပရိတ်သတ်တွေ အဖော်ကောင်းမှုကြောင့်သာ ဒီအချက်တွေသိခဲ့ရတာပါ။

ဒါဆိုရင် တေတေရဲ့ရည်းစားဟောင်းတွေက ဘယ်သူတွေဖြစ်မလဲ၊ ဘယ်လိုသီချင်းတွေထဲမှာပါခဲ့တယ်ဆိုတာကို Insider မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်နော်။ တကယ်တော့ ရည်းစားဟောင်းပေါင်း ၁၇ ယောက်လောက်ကို ဖော်ပြထားပေမယ့်လို့ အဲဒီအထဲကမှ ပရိတ်သတ်တွေနဲ့ တရင်းတနှီးရှိသူအချို့ကိုသာ ရွေးချယ်ဖော်ပြပေးသွားပါမယ်နော်။

 

Loki မင်းသား Tom Hiddleston ကတော့ “Gorgeous” ရဲ့အဓိကသားကောင်လို့ ပြောလို့ပါတယ်။ ၂၀၁၆ ခုနှစ်နွေရာသီတုန်းက ဇာတ်လမ်းလေးတိုလေးတစ်ပုဒ် ဖြစ်ခဲ့ပေမယ့်လို့ သူတို့နှစ်ယောက်ကြား ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကတော့ တေတေတစ်ယောက် မီဒီယာတွေကို ရှောင်ပြေးနေချိန်မလို့ တိတိကျကျတော့မသိခဲ့ရပါဘူး။ ဒါပေမဲ့လည်း “Gorgeous” သီချင်းထဲက စာသားတိုင်းဟာ Tom Hiddleston ကို ရည်ညွှန်းတယ်ဆိုတာ လုံးဝနီးပါးသေချာနေပါတယ်။ ဒီအပြင် “Look What You Made Me Do” ထဲမှာလည်း အရင်တွဲနေခဲ့တုန်းက Tome Hiddleston တစ်ခါဝတ်ဖူးတဲ့ “I ♥ T.S.” ဆိုတဲ့ တီရှပ်လေးကိုလည်း ကဒ်တစ်ကဒ်ထဲမှာ တေတေကပြန်ဝတ်ပြထားပါသေးတယ်။

READ
ပကာသနမဲ့ မွေးနေ့ပွဲလေး ကျင်းပခဲ့တဲ့ လုလုအောင်
@calvinharris/Instagram

“Look What You Made Me Do” သီချင်းထဲက တရားခံတစ်ယောက်ကတော့ Calvin Harris ပါ။ ဒီသီချင်းထဲ တေတေ ဇွန်ဘီဖြစ်သွားတဲ့အချိန် အုပ်ဂူကြီးပေါ်မှာ Sjöberg ဆိုပြီးရေးထာားခဲ့ပါတယ်တဲ့။ အဲဒီ Sjöberg ဟာ Calvin Harris နဲ့ Rihanna တို့ရဲ့ “This is What You Came For” သီချင်းစာသားကိုရေးပေးခဲ့တဲ့ သီချင်းရေးသူနာမည် Nils Sjöberg နဲ့တိုက်ဆိုင်နေတာကြောင့် fan theory အရ အဲဒီ Nils Sjöberg ဟာ တေတေရဲ့ နာမည်ဝှက်ပဲဖြစ်ပြီး Calvin Harris နဲ့ ခွာပြဲသွားတဲ့အချိန်မှာတော့ သီချင်းနဲ့ပြန်လက်တုန့်ပြန်ကာ ပြည်ဖုံးကားချလိုက်တာပါတဲ့။ “Look What You Made Me Do” အပြင်ကိုမှ လူကြိုက်များခဲ့တဲ့နောက်ထပ် သီချင်းတစ်ပုဒ် “Gorgeous” ကလည်း Calvin Harris ကိုလည်း ရည်ညွှန်းတယ်လို့ ပြောနေကြပါသေးတယ်။

 

 

View this post on Instagram

 

#SpiderManFarFromHome

A post shared by Jake Gyllenhaal (@jakegyllenhaal) on

တေတေရဲ့ သီချင်း ၃ ပုဒ်လောက်မှာပါနေသူကတော့ Jake Gyllenhaal ပါတဲ့။ “All Too Well” ဆိုတဲ့ သီချင်းဟာ Jake Gyllenhaal တစ်ယောက်တည်းကိုပဲ သီးသန့်ရည်ညွှန်းတာလို့ ပြောနေကြပြီး “We Are Never Ever Getting Back Together” သီချင်းဆိုတာကလည်း သူ့ကိုပဲရည်ညွှန်းတယ်လို့ ပရိတ်သတ်တွေက ပြောနေကြပြီး “The Last Time” ကလည်း Jake Gyllenhaal အတွက်ပါပဲတဲ့။

READ
စကာင်္ပူမှာ ပြသခွင့်ရတဲ့"လရောင်ဖြာတဲ့အင်းလေးမှာ"လက်မှတ်ထိုးပွဲမှာတွေ့ရတဲ့ ဝတ်မှုန်ရွှေရည်

 

 

View this post on Instagram

 

Ready for St. Paddy’s Day like… ☘️

A post shared by J O E J O N A S (@joejonas) on

Jonas Brothers ထဲက Joe Jonas နဲ့ တေတေတို့ တွဲခဲ့ကြတာကိုလည်း ပရိတ်သတ်တွေ သိထားကြမှာပါ။ သူတို့နှစ်ယောက်ပြတ်တုန်းကဆိုရင် Joe Jonas ဟာ တေတေကို ဖုန်းနဲ့ပဲပြတ်ပြီဆိုတာကို ၂၇ စက္ကန့်သာပြောပြီး ပြတ်သွားခဲ့တာပါတဲ့။ ၂၀၀၈ ခုနှစ်တုန်းကဆိုတော့ “Last Kiss” တို့ “Forever and Always” စတဲ့ သီချင်းတွေဟာ Joe Jonas ကို ပြောတယ်ဆိုပြီး လူတွေက ပြောခဲ့ကြတာပါ။ ဒီအပြင် Holy Ground ဆိုတဲ့ သီချင်းလည်း ပါနိုင်ပါသေးတယ်။

 

 

View this post on Instagram

 

Who waits 25 minutes for @innout? THIS guy 🙋🏽‍♂️

A post shared by Taylor Lautner (@taylorlautner) on

Twilight ဇာတ်လမ်းတွထဲ သမန်းဝံပုလွေကောင်လေးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Taylor Lautner အတွက်ကိုတော့ တေတေဟာ “Back to December” သီချင်းလေးနဲ့ ရည်ညွှန်းထားတယ်လို့ သတင်းတွေထွက်နေခဲ့ပါတယ်။

Penny

SHARE