သူငယ်ချင်းတွေကိုတောင် မပြောပဲ အယ်ဘမ်သစ်ကို ဖန်တီးခဲ့တာဆိုတဲ့ Taylor Swift

Image:IG/taylorswift

Taylor Swift က တော့ အယ်ဘမ်သစ် ထွက်ရင်  မှတ်တိုင် သစ် စိုက်ထူ နေ ကျ အဆို တော်တစ်ယောက်ပါ။ အခုလည်း အယ်ဘမ် သစ် Folklore  ထွက်ရှိခဲ့ပါတယ်။ဒီ အယ်ဘမ် သစ် မှာလည်း Streaming Songs Chart ရဲ့ ထိပ် ဆုံး နေရာမှာ  မှာ ရပ်တည်ပြီး သမိုင်းမှတ် တိုင်  သစ် စိုက်ထူနိုင်ခဲ့ပါတယ်။ ဒီ အ ကြောင်းကို တော့ Daily Mail နဲ့ billboard တို့ မှာ ဖော်ပြထားပါတယ်။

Taylor Swift ရဲ့ စတူဒီယို အယ်ဘမ် သစ် Folklore က တော့ အ မေရိကန်ရဲ့ Chart မှာ ထိပ်တန်း နေရာ က နေ  ရပ်တည်ခဲ့ပါတယ်။ဇူလိုင် (၃၀) ကုန် ပိုင်းအထိ တော့ အယ်ဘမ် 846,000  နဲ့ ညီမျှ တဲ့ အကျိုး အ မြတ် ကို ရခဲ့တယ်လို့ Nielsen Music/MRC ရဲ့ အချက်အလက်တွေ မှာ ဖော်ပြ ခဲ့ပါတယ်။(၂၀၁၉)ခုနှစ်က သူမရဲ့ အယ်ဘမ် Lover ထွက်ပြီး နောက်ပိုင်း ဒါဟာ အများဆုံးပါ။ Lover တုန်းက တောင်မှ   အချပ်ရေ 867,000 ပဲ ရှိခဲ့တာပါ။

READ
ပရိသတ်တွေကို ပေးထားတဲ့ ကတိတည်ခဲ့တဲ့ ချမ်းမြေ့မောင်ချို
Image:IG/taylorswift

Folklore က တော့ သူမရဲ့ အရင်က အယ်ဘမ် နှစ်ခ ကိုပါ စံချိန် တင် သွားနိုင်ခဲ့တာပါ။ Reputation က တော့ က တော့ (၂၀၁၇)က ထွက်ရှိခဲ့ပြီး အယ်ဘမ် (၁.၂၄)သန်း ရောင်း ချ နိုင်ခဲ့ပါတယ်။အယ်ဘမ် သစ် က တော့  (၂၀၂၀)ရဲ့  top selling album ဖြစ်လာခဲ့ပါတယ်။ဖေ  ဖော်ဝါရီတည်းက BTS ရဲ့ ‘Map of the Soul: 7’ တောင် မှ 574,000  ပဲ ရှိခဲ့ တာပါ။Folklore  က တော့ UK charts  ရဲ့ ထိပ် ပိုင်း နေရာမှာ ပါ ရှိ နေခဲ့ပါတယ်။

READ
ချစ်သူ Demi Rose ဆီကနေ အကြည့်တွေမခွာနိုင်ဖြစ်နေတဲ့ DJ Chris Martinez
Image:IG/taylorswift

ဇူလိုင် (၂၄) မထွက် ခင် အချိန် ထိ သူမရဲ့ သူငယ်ချင်း မိတ် ဆွေ တွေ ကိုပဲ မ ပြော ပဲ  နေခဲ့တာလို့ Taylor Swift က ပြောခဲ့ပါတယ်။”ဘယ်သူမှ ကျမ အယ်ဘမ် သစ် အတွက် ပြင်ဆင် နေတယ်ဆိုတာ မသိဘူး။ ကျ မက လည်း သူငယ်ချင်း တွေ ကို မ ပြောပဲ ထားထားခဲ့တာ လို့ Taylor Swift က ပြော ခဲ့ပါတယ်။” ထိပ် တန်း လျှို့ဝှက် ချက် တစ်ခု အဖြစ် ထားခဲ့ ပြီး တစ်ခါ မှ ခုလို မျိုး မလုပ်ခဲ့ဖူး ဘူးလို့ ပြောခဲ့ပါတယ်။အခုဆိုရင် တော့ တစ်ပတ် အတွင်းမှာ အနည်းဆုံး အချပ်ရေ ငါးသိန်း လောက် ရောင်းချ နိုင်တဲ့ ပထမဆုံး Artist ဖြစ် လာ ခဲ့ပါတယ်။

 

View this post on Instagram

 

cardigan “cabin in candlelight” version is out now 🕯

A post shared by Taylor Swift (@taylorswift) on

#SHWEMOM

SHARE