သီချင်းမထွက်ခင် ပေါက်ကြားတာမျိုး မဖြစ်အောင် Taylor Swift ဘယ်လို ကာကွယ်လဲ..?

အနုပညာရှင်တွေက သူတို့ဖန်တီးထားတဲ့ Music တွေကို အပြင်ချမပြရသေးခင် ပေါက်ကြားတဲ့ ဖြစ်ရပ်တွေကတော့  မကြာခဏ ဆိုသလို ပတ်ဝန်းကျင်မှာ တွေ့နေရပါတယ်။ ကိုယ်ဖန်တီးထားတဲ့ အရာတွေကို အပြင်ကိုချပြဖို့ ပြင်ဆင်နေချိန်မှာပဲ ပေါက်ကြားသွားတဲ့ ဖြစ်ရပ်ကတော့ အနုပညာရှင်တွေအတွက် တကယ့်ကို ဆိုးရွားတဲ့ ဖြစ်ရပ်ပါ။

အွန်လိုင်းမှာ ပေါက်ကြားခဲ့ဖူးတဲ့ သီချင်းတွေ၊ အယ်ဘမ်တွေ အများကြီးရှိခဲ့ဖူးပါတယ်။ Madonna(Rebel Heart)၊Kanye West ရဲ့ “Real Friends”၊ Bon Iver( Bon Iver) … အစရှိတဲ့ သီချင်းတွေ၊ အယ်ဘမ်တွေဟာ  Official မထွက်ခင်မှာ အပြင်ကို ပေါက်ကြားခဲ့ဖူးပါတယ်။

Taylor Swift ရဲ့ 1989 အယ်လ်ဘမ်ဟာ ပေါက်ကြားခဲ့ဖူးပါတယ်။ Taylor Swift က သူမရဲ့ အမာခံ Fan တွေကို စည်းရုံးမှုအားကောင်းခဲ့တာကြောင့်   ရောင်းအားကိုတော့ အရမ်းကြီးထိခိုက်တာမျိုးတော့ မဖြစ်ခဲ့ပါဘူး။ အဲဒီလို ဖြစ်ရပ်တော့ ရှိခဲ့ဖူးပေမယ့် Taylor Swift ဟာ သူမရဲ့ အယ်ဘမ်တွေကို တရားဝင်ထုတ်မပြခင် အပြင်မပေါက်ကြားအောင် ထိန်းသိမ်းတဲ့ နေရာမှာ တကယ်တော်တဲ့သူပါ။

READ
နန်းမြတ်ဖြိုးသင်းတို့စုံတွဲရဲ့ ရောမမြို့က Pre-wedding ဓါတ်ပုံများ

မကြာခဏ ပေါက်ကြားတတ်လွန်းလို့လည်း အတော်လေး သတိထားပြီး ကာကွယ်ဖြစ်ခဲ့ပုံရပါတယ်။ တကယ်တော့ ဒီလိုထိန်းချုပ်ဖို့ ဆိုတာကလည်း အရမ်းခက်ခဲပါတယ်။ သီချင်းကို Recording လုပ်တဲ့အခါ၊ နောက်ပိုင်း MV ရိုက်တဲ့ အခါမှာ ပေါက်ကြားနိုင်ချေတွေ အများကြီးရှိပါတယ်။ အဲဒီလို အပြင်ပေါက်ကြား နိုင်ချေတွေအများကြီးကို Taylor Swift ရဲ့ ကာကွယ်ပုံကတော့ …

“End Game” MV ရိုက်တုန်းကဆိုရင် Dancer တွေက MV ထဲမှာ ကနေရပေမယ့် သူတို့တွေဟာ တကယ်တော့ သူတို့ကနေတဲ့ သီချင်းကို မကြားရပဲ ကနေကြတာပါ။ “Dancer တွေကို တကယ်ပဲ ချီူးကျူးပါတယ်..သူတို့က တကယ်ပဲ သီချင်းဖွင့်နေသလို ပုံမျိုးနဲ့ ဟန်ဆောင် ကခဲ့ကြရတာပါ..” လို့ တေလာက ပြောပါတယ်။ “ကျမကတော့ နားထဲမှာ ရှိတယ် ၊ကြားရတယ်(သူမရဲ့ နားထဲက နားကြပ်ကို ထုတ်ပြရင်း..ပြော)” လို့ ပြောခဲ့ပါတယ်။

Dancer သမားတွေကတော့ မကြားပဲ ကြားသယောင်လုပ်ပြီး ကခဲ့ရတာပါ။ အရမ်းကို သူတို့ကြိုးစားခဲ့ကြပါတယ်လို့ ပြောခဲ့ပါတယ်။ သီချင်းရဲ့ (Beat) စည်းချက်မိအောင်လို့ အချက်ပေးသံပေးပြီး စည်းချက်အလိုက် ကခဲ့ကြရတာပါ။ တေလာက Dancer တွေအပေါ်မှာပဲ သီချင်းတွေအပြင်ကို မပေါက်ကြားအောင် ကာကွယ်ခဲ့တာ မဟုတ်ပါဘူး။

သူမနဲ့ အတူတွဲဆိုမယ့် Ed Sheeran ကိုတောင်မှ တေလာက သီချင်းကိုပို့ မပေးခဲ့ပါဘူး။ အဲဒီအစား သူမဟာ လူတစ်ယောက်လွှတ်ခဲ့ပါတယ်။”သူမရဲ့ အယ်ဘမ်အတွက် သီချင်းတစ်ပုဒ် လုပ်ပေးခဲ့တုန်းက ကျတော်က စန်ဖရန်စ္စကိုမှာ ရှိနေခဲ့တာ …သူတို့က လူတစ်ယောက်ကို လွှတ်လိုက်တယ် … iPad ထည့်ထားတဲ့ ရုံးသုံးလက်ဆွဲ အိတ်တစ်လုံးနဲ့ အဲ့ဒီအထဲက iPad ထဲမှာမှ ကျတော်နဲ့အတူဆိုထားတဲ့ ဒီသီချင်းတစ်ပုဒ်ထဲက ထည့်လာခဲ့တာ … သီချင်းဖွင့်ပြတယ်။ ကြိုက် လား… အဆင်ပြေလား မေးတယ်။ အဆင်ပြေတယ်လို့ ပြောပြီးတာနဲ့ သီချင်းရော၊ သီချင်းဖွင့်ပြတဲ့ iPad ကိုရော ပြန်သယ် သွားတယ်..” ဆိုပြီး Ed က ပြောပြခဲ့ပါတယ်။

ref;buzzfeed

SHARE