သီချင်းအဟောင်းတွေကို အသစ်တစ်ဖန် အသံသွင်းပြီး ထုတ်လုပ်တော့မယ့် Taylor Swift

taylorswift/Instagram

မကြာသေးမီကပဲ “Lover” album ထွက်ခဲ့တဲ့ တေလာကတော့ အောင်မြင်မှုတွေ ဆက်တိုက်ရနေတာပါ။ Album ထွက်ပြီးပြီးချင်း မိနစ်ပိုင်းအတွင်းမှာပဲ US iTunes မှာ နံပတ် (၁) နေရာရောက်ရှိခဲ့ပြီး album ထဲမှာပါတဲ့ တခြားသီချင်းတွေဟာလဲ worldwide top (10) ထဲ ပါခဲ့ပါတယ်။ 

စိတ်မကောင်းစရာသတင်းတစ်ခုကတော့ တေလာရဲ့ ထွက်ရှိခဲ့ပြီးသားအခွေ (၆) ခွေဟာ မူပိုင်ခွင့်နဲ့ပတ်သက်ပြီး Big Machine Label သီချင်းထုတ်လုပ်ရေး ကုမ္ပဏီနဲ့ တေလာကြားမှာ ပြဿနာဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့် အခွေ (၆) ခွေမှာ ပါဝင်ခဲ့တဲ့ သီချင်းတွေကို အသံပြန်သွင်းပြီး ပြန်လည်ထုတ်လုပ်မှာဖြစ်တယ်လို့ တေလာက အတည်ပြုပြောလိုက်ပါတယ်။ အခွေ (၆) ခွေမှာ ပါဝင်တဲ့ သီချင်းပေါင်းက (၁၀၀) ကျော်တာကြောင့် အားလုံးကိုတော့ ပြန်ထုတ်မှာမဟုတ်ဘဲ သူမအကြိုက်ဆုံးဖြစ်မယ့် သီချင်းတွေကိုသာရွေးချယ်ထုတ်လုပ်သွားမှာပါ။

taylorswift/Instagram

တေလာဟာ သူမဆယ်ကျော်သက်အရွယ် ၂၀၀၅ ခုနှစ်လောက်ကတည်းက Big Machine Label နဲ့ လက်တွဲခဲ့တာပါ။ Scooter Braun ဆိုသူဟာ Big Machine Label ကို $300 မီလီယံနဲ့ ဝယ်ယူလိုက်တဲ့ အချိန်မှာ ဒီလိုပြဿနာတွေနဲ့ ဖြစ်ပေါ်လာပြီး သူမအနေနဲ့ မူပိုင်ခွင့်လိုချင်ရင် ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုရမယ်ဆိုတဲ့ ဖိအားပေးမှုတွေလည်း ခံခဲ့ရပါတယ်။

taylorswift/Instagram

ဒီကိစ္စမှာတော့ အနုပညာရှင်များစွာကလည်း တေလာဘက်က ပါဝင်အားပေးခဲ့ပြီး သီချင်းခွေတွေရဲ့ မူပိုင်ခွင့်ကို အနုပညာရှင်ဘက်ကသာ ရသင့်တယ်ဆိုပြီး ထောက်ခံကြပါတယ်။ ပြန်လည်ထုတ်လုပ်မယ့် သီချင်းတွေကိုတော့ ၂၀၂၀ အစပိုင်းလောက်မှာ စတင်အသံသွင်းမှာဖြစ်ပြီး ၂၀၂၁ သိုမဟုတ် ၂၀၂၂ လောက်မှာ ပြန်လည် နားဆင်ရမယ်လို့ ခန့်မှန်းနေကြပါတယ်။

Source: Billboard

READ
သိန်းလေးထောင်နီးပါး အကုန်ကျခံရိုက်ကူးထားတဲ့ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားကြီး

Wint Wint

SHARE