Joe Alwyn နဲ့ လက်ရှိအချစ်ရေးအခက်အခဲတွေကို ပြောပြလာခဲ့တဲ့ Taylor Swift

instagram @TAYLORSWIFT,@JOE.ALWYN

ဟောလိဝုဒ်လောကထဲ ရည်းစားများတယ်ဆိုပြီးတော့ နာမည်ကျော်နေခဲ့တဲ့ Taylor Swift တစ်ယောက်ကတော့ လက်ရှိအချိန်မှာ သူမရဲ့ ချစ်သူနဲ့ နေသားကျနေပြီး တော်တော်လေးကို တည်ငြိမ်နေခဲ့ပါပြီ။

 

 

View this post on Instagram

 

A post shared by Taylor Swift (@taylorswift)

Taylor Swift ရဲ့ ချစ်သူကတော့ Joe Alwyn ဆိုတဲ့ သရုပ်ဆောင်တစ်ဦးပါ။ Joe Alwyn နဲ့ Taylor Swift တို့ တွဲနေခဲ့တာ ကြာနေပြီဖြစ်ပြီးတော့ အရင်လူတွေနဲ့မတူဘဲ Joe Alwyn ကို Taylor Swift တစ်ယောက် တော်တော်လေးကို တွယ်တာပုံလည်းရနေပါတယ်။ တစ်ချို့သော relationship တွေလိုမျိုး အခုတစ်ခေါက်မှာ မီဒီယာတွေနဲ့ ပရိတ်သတ်တွေကို ပေါ်ပေါ်တင်တင် ထုတ်ပြတာမျိုးတွေလည်းမရှိသလို နှစ်ယောက်တွဲဓာတ်ပုံတွေတင်တာတောင် တော်တော်လေးကို ရှားပါးနေခဲ့ပါတယ်။

READ
ရေဘုရင်ကြီး Jason Momoa ရဲ့ ဒီအကြောင်းတွေကို သင်သိပြီးပြီလား..?

ဒီ relationship နဲ့ ပတ်သက်ပြီး Taylor Swift ဟာ သူမဖြစ်နေတဲ့ စိတ်ခံစားချက်တွေနဲ့ ပြဿနာတွေအကြောင်းကို Rolling Stone မဂ္ဂဇင်းကို အခုလိုပဲ ပြောပြလာခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by Taylor Swift (@taylorswift)

 

View this post on Instagram

 

A post shared by Taylor Swift (@taylorswift)

သူမတို့ relationship ဟာ တော်တော်လေးကို တည်ငြိမ်အေးချမ်းတဲ့ အနေအထားမှာရှိနေပြီးတော့ အရာရာဟာ အကောင်းဖက်မှာပဲရှိနေခဲ့ပါတယ်တဲ့။ ဒါပေမဲ့ အကြီးမားဆုံးပြဿနာကတော့ နှစ်ယောက်စလုံးဟာ အနုပညာလောကထဲကဖြစ်နေတဲ့အတွက်ကြောင့် ပါပါရာဇီတွေရဲ့ နှောက်ယှက်မှုတွေကို သည်းမခံနိုင်ကြတော့ပါဘူးဆိုပြီး ပြောလာခဲ့တာပါ။ အပြင်လေးသွားတိုင်း ခြုံဖုတ်ထဲကနေ ဓာတ်ပုံတွေစောင့်ရိုက်တာမျိုးတွေ၊ ကားမောင်းပြီဆိုလည်း နောက်ထပ်ကားတစ်စီးနဲ့ အပြိုင်လိုက်တာမျိုးတွေကြောင့်  တစ်ခါတစ်လေမှာ စိုးရိမ်ပူပန်မှုတွေတောင် ဖြစ်ခဲ့ရပါတယ်တဲ့လေ။

READ
ညှို့အားပြင်းအလှ ပုံရိပ်တွေကို ဝေမျှ လိုက်တဲ့ ပက်ထရစ်ရှာ

မနက်ကျရင် ငါတို့နှစ်ယောက်အတင်းတွေ၊ သတင်းအမှားတွေများ တက်နေဦးမလား အရင် relationship နဲ့ ပတ်သက်ပြီးတော့ ဘာတွေထပ်ဖွဦးမလဲ စတာတွေကို စိတ်ပူနေရတာကလွဲရင်တော့ Joe Alwyn နဲ့က အေးအေးဆေးဆေး ချစ်ချစ်ခင်ခင်ပဲ ရှိနေပါတယ်တဲ့။ ၂၀၁၇ ခုနှစ်ကတည်းကိုက Joe Alwyn နဲ့ တွဲနေခဲ့တာဖြစ်ပြီးတော့ လျှို့ဝှက်ထားခဲ့ကာ Gorgeous သီချင်းထွက်ပြီးနောက်ပိုင်းမှာ ပရိတ်သတ်တွေ ရိပ်မိသွားခဲ့တာဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Joe Alwyn (@joe.alwyn)

penny

SHARE