The Voice Season (17)မှာ ဒိုင်တွေရဲ့ အကြံပေးအဖြစ် ပါဝင်မယ့် တေလာဆွစ်ဖ်

Twitter "Today Show"

အမေရိကန် The Voice season (17)သီချင်းဆိုပြိုင်ပွဲမှာ နာမည်ကျော်ပေါ့ပ်အဆိုတော်မလေးတေလာဆွစ်ကို Mega Mentor အဖြစ် တွေ့မြင်ရတော့မှာပါ။ Mega Mentor ဆိုတာကတော့ ဒိုင်လေးဦးလုံးရဲ့အသင်းအားလုံးကို ကူညီအကြံပေးရမယ့်သူ ဖြစ်ပါတယ်။ သူမအတွက်ဒါက ပထမဆုံးအကြိမ်မဟုတ်ဘဲ (၂၀၁၄)ခုနှစ် The Voice season (7) မှာလည်း တစ်ကြိမ်ပါဝင်ခဲ့ဖူးပါတယ်။

အခုလို ဆွဖ်စ်ပါဝင်လာမယ်ဆိုတာကိုတော့ The Voiceရဲ့ ၀ါရင့်ဒိုင်တွေဖြစ်ကြတဲ့Blake Shelton နဲ့ John Legendတို့က NBCနဲ့အင်တာဗျုးမှာပြောကြားခဲ့တာပါ။

 

Legendက သူ့အင်စတာဂရမ်အကောင့်မှာလည်း “ကျွန်တော်တို့ရဲ့ NBC TheVoice Season 17ရဲ့ Mega Mentorကတော့ တကယ့်ကိုဆရာကျသူတစ်ဦးပါ။ သူ ဘယ်သူလဲဆိုတာသိလား” ဆိုတဲ့ captionနဲ့ဗီဒီိယိုတစ်ခု တင်ခဲ့ပါတယ်။

ဆွစ်ဖ် ဟာ ဒိုင်လေးဦးဖြစ်ကြတဲ့ Shelton၊ Legend၊Kelly Clarksonနဲ့Gwen Stefaniတို့နဲ့အတူ ပူးပေါင်းပြီး ဒိုင်တွေကို ပိုမိုကောင်းမွန်တဲ့အကြံဥာဏ်တွေပေးသွားမှာဖြစ်ပါတယ်။ အောက်တိုဘာမှာပြုလုပ်တော့မယ့် The Voice  season (17)မှာ ဒိုင်တွေအားလုံးကလည်း သူပြိုင်ကိုယ်ပြိုင် အနိုင်ကြဲဖို့  ပြင်ဆင်နေကြပါပြီ၊ အဲ့ဒီမှာဒိုင်တွေက ကြိုက်နှစ်သက်ရာ ပြိုင်ပွဲဝင်တွေကို ရွေးချယ်ပြီး ကိုယ်ပိုင်အဖွဲ့တွေ ဖန်တီးသွားကြမှာဖြစ်ပါတယ်။

 

Sheltonက  “ပထမဆုံး seasonတုန်းကလည်း သူမ လာဖူးပါတယ်။ သူမက ကမ္ဘာကျော်ပီပီ talent ရှိရုံသာမကဘဲ ကျွမ်းကျင်ပါးနပ်တဲ့ အဆိုရှင်တစ်ယောက်ပါ။ တကယ်ကိုတော်ပါတယ်၊  ဒီတစ်ခါမှလည်း သူမရဲ့အတွေ့အကြုံကောင်းတွေ အများကြီးယူလာမှာပါ။ သူနဲ့အလုပ်အတူတွဲလုပ်ရတာ ၀မ်းသာပါတယ်” လို့ PEOPLEမဂ္ဂဇင်းကိုပြောခဲ့ပါတယ်။

ဒိုင်တစ်ဦးဖြစ်တဲ့ Clarkson ကလည်း “Swiftနဲ့အတူ ပထမအကြိမ် တွဲလုပ်ဖူးကတည်းက သူမကိုအရမ်းသဘောကျပါတယ်၊  ဒိုင်တွေအားလုံးနဲ့ လိုက်လျောညီထွေမှုရှိတယ်။ တကယ့်ကို စိတ်ဝင်တစားနဲ့ပါဝင်ပီး၊ professional ဆန်သူတစ်ယောက်ပါ” လို့ ဆွစ်ဖ်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။

https://twitter.com/i/status/1173617105079549953

READ
အလုပ်ဖြုတ်ခံရတော့မယ့် နောက်ဆုံးအစည်းအဝေးကို လူရွှင်တော်ခေါ်လာတဲ့ ပုဂ္ဂိုလ်

အမေရိကန်The Voice season (17)သီချင်းဆိုပြိုင်ပွဲမှာတော့ ဒိုင်လေးဦးအဖြစ် Shelton အသက်(၄၃)နှစ်၊ Legendအသက်(၄၀)၊Kelly Clarkson(၃၇)နှစ်၊ Gwen Stefani(၄၉)နှစ်နဲ့ တို့နဲ့အတူ Mega Mentor အဖြစ် အသက်(၂၉)နှစ်အရွယ်တေလာဆွစ်ဖ်က ပါဝင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

Khaing

SHARE