Taylor ရဲ့ ‘You Need to Calm Down’ MV ထဲက မြှုပ်ကွက်များ

Image from Youtube

အဆိုတော် Taylor Swift ရဲ့ ‘You Need to Calm Down’ သီချင်း MV လေးကတော့ ထွက်ရှိလာခဲ့ပါပြီ။နက် ရှိုင်း လွန်းတဲ့ အဓိပ္ပါယ်တွေ ပြည့်နေတဲ့ MV လေးပါ။MV ထဲမှာ ပါတဲ့ ပြကွက်တစ်ခုချင်းစီတိုင်းမှာ အဓိပ္ပါယ် ကိုယ် စီရှိ ပါတယ်။သူမရဲ့ အယ်ဘမ်သစ် Lover  ကို လာမယ့် သြဂုတ်လ (၂၃)မှာ ထွက်ရှိမယ်လို့ ကြေညာထားပါတယ်။ အယ် ဘမ်သစ်မျာတော့ သီချင်းပုဒ် (၁၈)ပုဒ်ပါဝင်မှာပါ။ “You Need to Calm Down”  ဆိုတဲ့ Single သီချင်း  MV ကတော့ ဇွန်(၁၇)ရက်နေ့မှာ ထွက်ရှိလာပါတယ်။”You Need To Calm Down” မှာတော့ LGBT အငွေ့ အသက် တွေကို အပြည့်အ၀ တွေ့ရမှာပါ။နယူးယော့ခ် စီးတီးက Ston ewall Inn မှာ surprise performance နဲ့ တင်ဆက်ပြီး ရက်ပိုင်းအကြာမှာပဲ အခု MV ထွက်ရှိလာတာပါ။သီချင်း MV ထဲက မြှုပ်ကွက် တစ်ချို့ကို ဖော်ပြပေး ချင်ပါတယ်။ဒီအကြောင်းကိုတော့ time.com မှာ ဖော်ပြ ထား တာပါ။

#Cher quote

Image from Youtube

အမေရိကန်နာမည်ကြီး တေးဆို မင်းသမီး Cher ရဲ့ Quote ကို ထည့်ထားပါတယ်။ဗီဒီယိုရဲ့ အစပိုင်းလောက်မှာပါ။ အနီးကပ်သေချာ ရိုက်ပြလိုက်တာမို့ အားလုံးလည်း သတိထားမိကြမှာပါ။အင်တာဗျူးတစ်ခုမှာ သူမ ဖြေထား ခဲ့တာပါ။ Cher ရဲ့ မေမေ က သမီးရေ တစ်နေ့ကျရင် ချမ်းသာတဲ့ ယောက်ျားနဲ့လက်ထပ်ပြီး ဘ၀ကို အခြေကျအောင် နေသင့် တယ်လို့ ပြောလာတဲ့ အချိန်မှာ Cher က ‘Mom, I am a rich man.’ ဆိုပြီး ပြန်ပြောလိုက်တာပါ။အဲ့ဒါလေးကို ထည့်ထားတာပါ။

READ
မော်ဒယ် နှင်းယမုံဦးရဲ့ အမိုက်စားပုံများ
#face mask
Image from Youtube
Breakfast at Tiffany ဆိုတဲ့ (၁၉၆၁)ခုနှစ် တုန်းက ဇာတ်ကားရဲ့ နာမည်ကြီးဇာတ်ဝင်ခန်း အပြာရောင်ပိုးသား sleep mask ပါ။Taylor  က ဗြိတိန်မင်းသမီး Hepburn ရဲ့ စတိုင်ကို ကော်ပီယူထားပုံရပါတယ်။
#ကြောင်မျက်နှာပုံပါ နာရီ
Image from Youtube
ဒါကလည်း အနီးကပ်ကို သေချာရိုက်ပြလိုက်တာပါ။ကြောင်ချစ်တတ်တဲ့ သူမကတော့ မကြာသေးခင်ကမှ ကြောင် အသစ်လေး မွေးထားပါတယ်။ကြောင်ချစ်သူလေးကတော့ ME ထဲမှာလည်း ကြောင်လေးတွေကို ထုတ်ပြ ထားပါ သေးတယ်။
#Lover phone case
Image from Youtube
သူမရဲ့ အယ်ဘမ်သစ်နာကိုပါ ပါးပါးလေး ပုတ်ပြီး ပြထားပါတယ်။ပစ်ချလိုက်တဲ့ ဖုန်းကို လည်း သေချာ ရိုက်ပြ ထားပါတယ်။Lover ဆိုတဲ့ စာလုံးကတော့ သူမရဲ့ အယ်ဘမ် နာမည်ပါ။
#Laverne Cox, Hannah Hart နဲ့ တခြား တက်ကြွလှုပ်ရှားသူများကို ထည့်သွင်းထား
Image from Youtube
MV တစ်ခုလုံးမှာက LGBT တွေနဲ့ transgender rights အရေးကို တက်ကြွလှုပ်ရှားကြတဲ့ သူတွေကို  ထည့်သွင်း ထားတာ တွေ့ရမှာပါ။Laverne Cox တို့လို transgender rights တက်ကြွလှုပ်ရှားသူ နဲ့ Hannah Hart  တို့ကို တွေ့ရမှာပါ။Ellen DeGeneres, Billy Porter, RuPaul, Jesse Tyler Ferguson, Adam Lambert, Todrick Hall, Hayley Kiyoko, Adam Rippon, Chester Lockhart, Dexter Mayfield, Hannah Hart, Antoni Porowski, Jonathan Van Ness ၊ Tan France  တို့ ပါဝင်ထားပါတယ်။
#ပရိသတ်ကို ဒွိဟဖြစ်စေတဲ့ Ellen DeGeneres ရဲ့ တက်တူး
Image from Youtube
 Ellen DeGeneres တစ်ယောက်လက်မောင်းကို ဆန့်လို့ တက်တူး ထိုးခံနေတဲ့ ပုံကို တွေ့ရမှာပါ။ Adam Lambert ဆီက သူမရဲ့ လက်မောင်းမှာ တော့ “Cruel Summer.”  ဆိုတဲ့ တက်တူးရှိနေပါတယ်။ဒါက ပေးချင်တဲ့ အဓိပ္ပါယ်ကိုတော့ အားလုံးက ဒွိဟ ဖြစ်နေကြပါတယ်။(၁၉၈၃)တုန်းက ဗြိတိန်မိန်းကလေး အဆိုတော် အဖွဲ့ Bananarama  ကိုယ်ပဲ ကိုယ်စားပြုချင်တာလား ၊ ဒါမှမဟုတ် ရင် Lover အယ်ဘမ်ထဲမှာ ပါမယ့် နောက်ထပ် သီချင်း ပဲလားဆိုတာကတော့ ပရိသတ်တွေလဲ အခုထိ ဝေခွဲ မရသေးပါဘူး။
#Katy Perry
Image from Youtube
2019 Met Gala ပွဲမှာ နာမည်ကြီးခဲ့တဲ့ Katy Perry ရဲ့ ၀တ်စုံပါ။After- Party မှာ ၀တ်ခဲ့တာပါ။ဘာဂါဝတ်စုံ Katy နဲ့ အာလူးချောင်း Taylor တို့ ဆုံကြတာပါ။အချိန်ကြာကြီး စစ်အေးတိုက်ပွဲ ဖြစ်နေခဲ့တဲ့ သူတို့ ကြားက ဆက်ဆံ ရေးဟာ ပြေလည် သွားပြီလို့ မကြာသေးခင်ကမှ ကြေညာထားတာပါ။သူတို့ ဆက်ဆံရေးပြေလည် ပြီဆိုတာကို ပြ ချင်လို့ ဘာဂါနဲ့ အာလူးချောင်းတို့ ပေါင်းစပ်ပြထားပါတယ်။

#SHWEMOM
SHARE