ညတွင်းချင်း မီလျံနာဖြစ်သွားခဲ့တဲ့ ကလေးအယောက် ၃၀ ရဲ့ဖခင် မိုင်းလုပ်သား

Tazanian Ministry of Minerals

လူတွေရဲ့ကံဆိုတာ နောက်တစ်စက္ကန့်လေးအတွင်းမှာတောင် ဘာဖြစ်မယ်မှန်း သိကြတာမဟုတ်ပါဘူး။ အခုလည်း ယူကေမီဒီယာတစ်ခုဖြစ်တဲ့ Daily Mail မှာ တန်ဇနီးယားမှ အမျိုးသားတစ်ယောက်ရဲ့ ညတွင်းချင်း သူဌေးဖြစ်သွားခဲ့တဲ့အကြောင်းလေး ဖတ်လိုက်ရပါတယ်။

သူ့နာမည်ကတော့ Saniniu Laizer ပါ။ အာဖရိကတိုက်က တန်ဇနီးယားနိုင်ငံမှာ နေပါတယ်။ မိုင်းလုပ်သားအဖြစ် လုပ်ကိုင်လျက်ရှိနေပြီး ဇနီး ၄ ယောက်ရှိကာ ကလေး အယောက် ၃၀ ရဲ့ဖခင်လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းက Saniniu Laizer ဟာ မိုင်းတူးရင်း ကျောက်တုံးကြီးနှစ်တုံးကို ရှာတွေ့ခဲ့ပါတယ်။

ကျောက်တုံးထဲ တစ်ခုဟာ ပေါင် ၂၀ အလေးချိန်ရှိပြီး နောက်ထပ် ကျောက်တုံးတစ်တုံးကတော့ ၁၁ ပေါင်တောင် ရှိပါတယ်တဲ့။ နောက်ပြီးကျောက်တုံးကြီးတွေဟာ သန့်ရှင်းရေးလုပ်ပြီးတဲ့အခါမှာတော့ အပြာရောင်အရင့်လေးခပ်နက်နက်လေးကို တွေ့လိုက်ရတဲ့အတွက် တန်ဖိုးရှိမှန်း အတွေ့အကြုံအရသိသွားခဲ့ပါတယ်။ ဖြစ်ချင်တော့ တန်ဇနီးယားနိုင်ငံအနေနဲ့ ပြီးခဲ့တဲ့နှစ်ကမှ မိုင်းတူးသမားတွေကို ရှာတွေ့တဲ့ကျောက်တုံးတွေကို အစိုးရကိုပြန်ရောင်းနိုင်တယ်ဆိုတဲ့ ဥပဒေကို ထုတ်ပြန်ခဲ့တဲ့အတွက်ကြောင့် Saniniu Laizer ဟာ ကံကောင်းစွာနဲ့ပဲ ရှာတွေ့ခဲ့တဲ့ ကျောက်တုံးကြီးနှစ်တုံးကို အစိုးရနဲ့ချိတ်ဆက်ကာ ရောင်းချခဲ့ပါတယ်။

ကျောက်တုံးနှစ်တုံးပေါင်းရဲ့ တန်ကြေးဟာ ဒေါ်လာ ၂.၄ ဘီလီယံတောင် ရှိနေတဲ့အတွက်ကြောင့် Saniniu Laizer ဟာ တော်တော်လေးကို ကံကောင်းတဲ့ လူသားတစ်ယောက်လို့ပြောရမှာပါပဲ။ အစိုးရဖက်ကလည်း တကယ့် အပြင်က ပေါက်ဈေးအတိုင်းပဲ Saniniu Laizer ကို ချက်လက်မှတ် ပေးကာ ပြန်လည်ဝယ်ယူပေးခဲ့ပါတယ်။ ဒီအတွက် Saniniu Laizer ကတော့ ညတွင်ချင်းပဲ မီလျံနာဖြစ်သွားခဲ့တာပါ။

READ
တိုက်ပေါ်က ပြုတ်ကျတော့မယ့် ကလေးကို လက်မတင်လေး ကယ်တင်နိုင်ခဲ့တဲ့ ပင့်ကူလူသား

ဒီကိစ္စနဲ့ပတ်သက်ပြီး Tanzanian သတ္တုတွင်းဝန်ကြီးဌာနကနေပြီးတော့ တန်ဇနီးယားနိုင်ငံအနေနဲ့ အတွင်းပိုင်းမှာ သိပ်ကို ချမ်းသာတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတာကို ဒီကိစ္စနမူနာကြည့်ရုံနဲ့ သိနိုင်တယ်ဆိုပြီး ပြောလာခဲ့ပါတယ်။

Penny

SHARE