လေတပ်အရာရှိတစ်ဦး ဖြစ်လာတဲ့အထိ ကြိုးစားနိုင်ခဲ့တဲ့ လက်ဖက်ရည်အဖျော်ဆရာရဲ့သမီး

[email protected] [email protected]

ဒီလောကကြီးမှာ ဘယ်အရာကိုမှ ပုံသေတွက်ထားလို့ မရပါဘူး။ သူဌေးတစ်ဦးရဲ့ သားဟာ သူ့အဖေလို သူဌေးကြီး ဖြစ်လာဖို့ လွယ်ကူပေမယ့် သူ့အဖေလို လူမျိုးတော့ ဖြစ်လာဖို့ ခဲယဉ်းပါတယ်။ ဒီလိုပဲ လက်ဖက်ရည်အဖျော်ဆရာတစ်ယောက်ရဲ့ သမီးဟာ လေတပ်အရာရှိတစ်ဦး မဖြစ်လာနိုင်ဘူးလို့ ပြောမရပါဘူး။ အခုလည်း အိန္ဒိယနိုင်ငံက လက်ဖက်ရည်အဖျော်ဆရာတစ်ယောက်ရဲ့ သမီးဟာ မကြာခင်ကပဲ အိန္ဒိယလေတပ်မှာ လေတပ်အရာရှိတစ်ဦး ဖြစ်လာခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်၊ Neemuch မြို့မှာ နေထိုင်တဲ့ Aanchal Gangwal လို့အမည်ရတဲ့ အမျိုးသမီးတစ်ဦးမှာ အိန္ဒိယလေတပ်မှာ လေယာဉ်မှူးသင်တန်းတက်ဖို့ အရွေးခံခဲ့ရပါတယ်။ Gangwal ဟာ တစ်ခြားသူတော့မဟုတ်ပါဘူး။ လက်ဖက်ရည်အဖျော်ဆရာတစ်ယောက်ရဲ့ သမီးပါပဲ။ ပြီးခဲ့တဲ့ စနေနေ့( ၂၀.၆.၂၀၂၀)တုန်းက Gangwal ဟာ လေတပ်အရာရှိဘွဲ့ရရှိခဲ့ပြီး Madhya Pradesh ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဖြစ်သူကိုယ်တိုင် ချီးကျူးဂုဏ်ပြုခံခဲ့ရသူ ဖြစ်ပါတယ်။

“ကျွန်မငယ်ငယ်လေးကတည်းက တိုင်းပြည်ကာကွယ်ရေး နေရာတစ်ခုခုမှာ တာဝန်ထမ်းဆောင်ချင်ခဲ့တာပါ။ ကလေးဘဝကတည်းက အိမ်မက်ပေါ့။ ဒီစိတ်ကူးကို ငယ်ငယ်လေးကတည်းက အဖေနဲ့ အမေကို ဖွင့်ပြောဖူးတယ်။ အဖေတို့ကတော့ မိဘပီပီ စိုးရိမ်တာပေါ့။ ဒါပေမယ့် ကျွန်မကို လုံးဝမတားခဲ့ပါဘူး။ ဒါ့ကြောင့် ကျွန်မရဲ့ ဆုံးဖြတ်ချက်တွေက အသက်ကြီးလာတိုင်း ပိုပိုခိုင်မာလာခဲ့ရတယ်။ အခုဆို လေတပ်အရာရှိတစ်ဦးဖြစ်ခဲ့ပါပြီ။ အဖေနဲ့အမေရဲ့ အားပေးမှုတွေကြောင့် ကျွန်မဒီနေရာထိရောက်အောင် တက်လှမ်းလာနိုင်ခဲ့တာပါ” လို့ Gangwal က ပြောကြားခဲ့ပါတယ်။

“သမီးအတွက်တော့ တော်တော်ဂုဏ်ယူပါတယ်ဗျာ။ သမီးလေးလေတပ်သင်တန်း သွားတက်ဖို့တုန်းက ပိုက်ဆံလိုတဲ့အချိန် တစ်ဖက်မှာလည်း သားဖြစ်သူက အင်ဂျင်နီယာကျောင်းတက်ဖို့အတွက် ငွေလိုနေခဲ့တယ်လေ။ အဲဒီအချိန်တုန်းက ကျွန်တော်ငွေလိုတဲ့အချိန် ချေးပေးခဲ့တဲ့ လူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မိဘဆိုတာကတော့ သားသမီးလိုအပ်တဲ့အချိန် ဖြည့်ဆည်းပေးဖို့ အမြဲရှိပါတယ်” လို့ Gangwal ရဲ့ ဖခင်ဖြစ်သူက ပြောကြားခဲ့ပါတယ်။

READ
ခွဲစိတ်မှုတွေဆက်လုပ်ဖို့အပျိုစင်ဘဝကို ပေါင်30000နဲ့ ရောင်းချမယ့်လိင်ပြောင်းအမျိုးသမီး

Pyi Hein Kyaw

SHARE