ခင်ပွန်းအိပ်ပျော်နေချိန်မှာ အိမ်မှာနေထိုင်တဲ့တပည့်နဲ့ဖောက်ပြန်တဲ့ဆရာမ

Nicole Jakubiak လို့ အမည်ရတဲ့ ကျောင်းဆရာမတစ်ယောက်ဟာ အိမ်ကိုခေါ်ပြီး စာသင်နေတဲ့ ဆွီဒင်ရွှေ့ပြောင်း
ကျောင်းသားနဲ့ ၎င်းအိမ်ရဲ့ အခန်းတစ်ခုတည်းမှာ ချစ်တင်းနှောခဲ့ပါတယ်။ အဲဒီအချိန်မှာ Nicole ရဲ့ ခင်ပွန်းဟာ
အခြားအခန်းတစ်ခုတည်းမှာ အိပ်မောကျနေချိန် ဖြစ်ပါတယ်။

ကျောင်းသားရဲ့ အသက်ဟာ အသက်(18)နှစ်ဖြစ်ပြီး၊ Exchange Education ပညာရေးစနစ်အရ ဆီဒင်မှ အမေရိကန် တက္ကဆက်ကို လာရောက်ပညာသင်ကြားနေသူဖြစ်ပြီး Nicole ရဲ့ အိမ်မှာ နှစ်လကြာနေထိုင်ရမှာ ဖြစ်ပါတယ်။ Nicole ဟာ သူမရဲ့ ခင်ပွန်းနိုးလာခဲ့ရင် အ၀တ်ဘီဒိုထဲမှာ ပုန်းအောင်းနေဖို့ကိုလည်း ကျောင်းသားကို ညွှန်ကြားခဲ့ပါသေးတယ်။

ကာယကံရှင် ကျောင်းသားကတော့ Nicole နဲ့ သူဟာ အကြိမ်သုံးဆယ်ကျော် ချစ်တင်းနှောခဲ့ကြတယ်လို့ ၀န်ခံခဲ့ပါတယ်။ Nicole ကလည်း သူမတို့ ဆက်ဆံနေချိန် တစ်စုံတစ်ယောက် အိမ်လည်သဘောရောက်လာခဲ့ရင် အ၀တ်အစားကို မြန်မြန် ၀တ်စေပြီး ဟန်မပျက်နေကြကြောင်းကို ၀န်ခံခဲ့ပါတယ်။

READ
မိန်းမကို ကားမှာချည်ပြီး ဒရွတ်တိုက်မောင်းတဲ့ လူမဆန်တဲ့ယောကျာ်း

ကာမပိုင်လင်ယောက်ျားရှိရက်နဲ့ ဖောက်ပြန်လိုတဲ့ Nicole ဟာ အမျိုးသား အိပ်ပျော်နေစဉ်မှာ ညစဉ်တိုင်း အကြိမ်ပေါင်းများစွာ ဆက်ဆံလေ့ရှိပြီး၊ နေ့ပိုင်းဆိုရင်တော့ အနည်းဆုံး နှစ်ကြိမ်မှ သုံးကြိမ်အထိ ကျောင်းသားနဲ့ဆက်ဆံလေ့ရှိတယ်လို့ အစစ်ခံခဲ့ပါတယ်။ ဒီပြစ်မှုကြောင့် အသက်(36)နှစ်အရွယ် Nicole ဟာ ထောင်ဒဏ် နှစ်(20) စီရင်ခံရဖို့ ရှိနေကြောင်း သိရပါတယ်။

Nicole ဟာ ဒီ ဥပဒေပကိစ္စကို အခြားဆရာမနှစ်ယောက်နဲ့ စကားများရင်းမှ ဘူးပေါ်သလိုပေါ်သွားခဲ့ပြီး၊ ဒိကိစ္စကို သူမအလုပ်လုပ်နေတဲ့ Robison Elementary ကျောင်းအကြီးအကဲက သိရှိသွားကာ ရဲစခန်းကို သတင်းပေးတိုင်ကြားခဲ့ပါတယ်။ Nicole ဟာ ကျောင်းသားနဲ့ အပြန်အလှန် ပို့ထားတဲ့ ညစ်တီးညစ်ပတ်ပုံနဲ့ မက်ဆေ့တွေလည်း ပေါ်ပေါက်ခဲ့သလို၊ အခြားဆရာမတစ်ယောက်က Nicole ရဲ့ ဖုန်းထဲမှာ ကျောင်းသားရဲ့ ပုံတော်တော်များများကို တွေ့ခဲ့ဖူကြောင်း ထွက်ဆိုခဲ့ပါ
တယ်။

READ
အရွယ်တင်လွန်းလို့ သားရဲ့ချစ်သူလားလို့ ခဏခဏအမေးခံရတယ်ဆိုတဲ့ အမျိုးသမီး

Nicole ဟာ သူမရဲ့ ၀က်ဘ်ဆိုဒ်မှာ သူမတို့အိမ်ဟာ နှစ်စဉ် Exchange ကျောင်းသားတွေကို လက်ခံနေရကြောင်း၊ ဒီ
နှစ်မှာတော့ သားတစ်ယောက်လို ရင်းနီးတဲ့ ဆွီဒင်ကျောင်းသားလေးကို ပိုင်ဆိုင်ရလို့ ကံကောင်းသည်ဟု ယူဆကြောင်း
ရေးသားခဲ့ပါသေးတယ်။ အခုအခါမှာတော့ အမေနဲ့သားရဲ့ ချစ်ခြင်းမေတ္တာမျိုး မဟုတ်ဘဲ၊ မိမိရဲ့ ကျောင်းသားအပေါ်မှာ
တောင် စည်းစောင့်ရကောင်းမှန်း မသိတဲ့ Nicole ဟာ တက္ကဆက်ပြည်နယ် တရားရုံးမှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား
လုပ်မှုနဲ့ အမှုရင်ဆိုင်နေရပါတယ်။

နတ်စည်တော် (Shwemom)

source : mirror.co.uk

SHARE