ကလေးတွေနဲ့ ဆက်ဆံရေးကောင်းဖို့ နည်းလမ်းထူးလေး အသုံးပြုလေ့ရှိတဲ့ ဆရာမ

အမေရိကန်နိုင်ငံမှ ကျောင်းဆရာမတစ်ဦးဟာ သူမအတန်းထဲက ကလေးအယောက်စီတိုင်းအတွက် မတူညီတဲ့ နှုတ်ဆက်ပုံနှုတ်ဆက်နည်းတွေကို အသုံးပြုခဲ့ပါတယ်။ ဆရာမနာမည်ကတော့ ဂျရူရှာဝီလန်ဘော့ဂ်ဆိုသူဖြစ်ပါတယ်။ သူမဟာ ကန်းဆက်စ်ပြည်နယ်က တတိယတန်းသင်တဲ့ ကျောင်းဆရာမတစ်ဦးဖြစ်ပါတယ်။

ဂျရူရှာဟာ သူမအတန်းထဲက ကလေးတွေအားလုံးရဲ့ လက်ဆွဲနှုတ်ဆက်ပုံတွေကို မှတ်မိနေပြီး ကျောင်းသားတစ်ယောက်ပြီး တစ်ယောက်လုံးဝမထပ်ရအောင် နှုတ်ဆက်နေတာကို ဗီဒီယိုထဲမှာ လေးစားဖွယ်တွေ့ရမှာပါ။ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ဂျရူရှာရဲ့ အတန်းထဲက ကျောင်းသားလေးတစ်ဦးက ဆရာမကို သူအမြဲတမ်းအသုံးပြုတဲ့ နှုတ်ဆက်နည်းကို မျှဝေလို့ရမလားဆိုပြီး မေးမြန်းခဲ့ပါတယ်။ ထိုကနေတဆင့် အတန်းထဲမှာ တစ်စစနဲ့သတင်း ပြန့်နှံ့သွားပြီး ကျောင်းသားတွေဟာ ဆရာမကို အမျိုးမျိုးလက်ဆွဲ နှုတ်ဆက်ခဲ့ကြတာ ယခုအချိန်တိုင်အောင်ပါပဲ။

Newsflare

ဗီဒီယိုထဲမှာတော့ ဂျရူရှာဟာ လက်ဆွဲနှုတ်ဆက်ပုံ နည်းလမ်း (၂၀)ကိုပြုလုပ်ခဲ့ပါတယ်။ အချင်းချင်းလက်ဆွဲနှုတ်ဆက်တယ်လို့ သုံးနှုန်းရပေမယ့် တကယ်တော့ လက်ဆွဲနှုတ်ဆက်တာထက် ပိုပါတယ်။ တစ်ခါတစ်လေ ခြေထောက်တွေ၊ တံတောင်တွေ၊ ကကွက်တွေနဲ့ ဒက်ဘ်အမူအရာတွေပါ ပါဝင်တာကို တွေ့ရမှာပါ။ ဒါပေမယ့် နှုတ်ဆက်နည်းတွေအားလုံးရဲ့ အဆုံးမှာတော့ ကလေးအားလုံးဟာ ဆရာမကို ပွေ့ဖက်ပြီးမှာ အတန်းထဲဝင်သွားကြပါတယ်။

READ
သူ့ဘဲရှေ့မှာဆက်စီကနေတဲ့အကမယ်ကို ပညာဝင်ပြတဲ့ချစ်သူကောင်မလေး
Newsflare

ဆရာမဂျရူနာကတော့ ကလေးတွေအသုံးပြုတဲ့ နှုတ်ဆက်နည်းအမျိုးမျိုးကို မှတ်သားထားတာက သူမနဲ့ ကျောင်းသားတွေကြားက ရင်းနှီးမှုကို ပိုတိုးတက်လာစေတယ်လို့ CNN သတင်းဌာနကို ပြောပြခဲ့ပါတယ်။ ဂျရူရှာဟာ လက်ဆွဲနှုတ်ဆက်တဲ့ဓလေ့ကို ရိုးရာတစ်ရပ်အနေနဲ့ သူမအတန်းမှာကျင့်သုံးလေ့ရှိပါတယ်။ ဂျရူရှာရဲ့ ကလေးတွေကို ပုံစံအမျိုးမျိုးနဲ့ နှုတ်ဆက်နေတဲ့ ဗီဒီယိုဟာ အွန်လိုင်းမှာပြန့်နှံ့နေပါတယ်။ ဆရာမဂျရူရှာဟာ ပုံစံမျိုးမျိုးနဲ့  လက်ကွက်အကြိမ်အရေအတွက်ကိုပါ အားလုံးမှတ်သားနိုင်တာကြောင့် သင်္ချဘာသာရပ်သင်ပြတဲ့ ဆရာမဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

Jerusha Willenborg/YouTube

ဂျရူနာဟာ ကလေးတွေနဲ့ ရင်းနှီးမှုထူထောင်ဖို့ အခုလိုလက်ဆွဲနှုတ်ဆက်တဲ့ နည်းလမ်းတစ်ခုတည်းကိုပဲ အသုံးပြုတာမဟုတ်ပါဘူး။ ကြံရည်ဖန်ရည်ရှိပြီး အတွေးအခေါ်ထူးခြားလှတဲ့ ဆရာမဟာ သီချင်းတွေနဲ့လည်း ကျောင်းသားတွေကို ထိန်းလေ့ရှိပါတယ်။ ဥပမာ အတန်းထဲမှာ အရမ်းဆူညံနေတဲ့အခါ လက်ထောင်ပြီး တိတ်တိတ်နေဖို့ မပြောပဲ သီချင်းစာပိုဒ်လေးတစ်ပိုဒ်ကို စတင်ရွတ်ဆိုပါတယ်။ ဒီအခါ ကလေးတွေက သူမနောက်ကနေ ဆက်ပြီး ကျန်နေတဲ့သီချင်းစာသားကို ဆက်ဆိုသွားပါတယ်။ ဆရာမရဲ့ အတန်းငြိမ်အောင် ကလေးထိန်းတဲ့ နည်းစနစ်ဟာ လေးစားဖွယ်ကောင်းတာကို အောက်ဘက်က ဗီဒီယိုလေးမှာ တွေ့ရမှာပါ။

READ
ခွေးတွေကို မဟောင်စေဖို့၊ အသံအိုးကို ရက်ရက်စက်စက် လှီးဖြတ်ပေးတဲ့ တိ/ကုဆရာဝန်

လင်းလင်း (ShweMom)

Ref: Unilad

SHARE