ကျောင်းသားအယောက်စီတိုင်းအတွက် အထူးလက်ဆောင်ပြင်ဆင်ပေးတဲ့ ဆရာမ

ဖိလစ်ပိုင်နိုင်ငံက ကျောင်းဆရာမတစ်ဦးဟာ သူရဲ့ Grade-9 အတန်းထဲက တပည့်လေးတွေ အယောက်စီတိုင်းအတွက် ခဲခြစ် ပုံတူပန်းချီကားတွေ ရေးဆွဲပေးခဲ့ပါတယ်။

Roselyn Bacroma ဟာ Lagun ပြည်နယ် Cabuyao မြို့မှာရှိတဲ့ Holy Redeemer အထက်တန်းကျောင်းမှာ အင်္ဂလိပ်စာပြတဲ့ ဆရာမတစ်ဦးဖြစ်ပါတယ်။ သူမက ဒီ ချစ်စဖွယ် မေတ္တာပြတဲ့ လုပ်ရပ်ကို တနင်္ဂနွေနေ့က Facebook ပေါ်မှာ တင်ခဲ့ပါတယ်။

သူမက သူမဆွဲထားတဲ့ ပုံတစ်ချို့ကို ဖော်ပြခဲ့ပြီး နောက်ဆုံးပုံမှာတော့ ပုံအားလုံးကို သက်ဆိုင်ရာ ကျောင်းသားတွေရဲ့ စားပွဲပေါ်မှာ တင်ပေးထားတာကို တွေ့ရပါတယ်။

I sketched the whole class. Not an easy task, but I'm glad I made it. :)Date started: Dec. 1, 2018Date finished: Jan. 6, 2019See the scanned copy in Instagram @roselyndrawings #LikeandFollow

Posted by Roselyn Barcoma on Sunday, January 6, 2019

ဆရာမက သူ့ကျောင်းသားတွေ အမြတ်တနိုးတန်ဖိုးထားပြီး သိမ်းဆည်းထားနိုင်မယ့် အထူးလက်ဆောင်ကို ပေးချင်ခဲ့တယ်။ ပြီးတော့ သူတို့လေးတွေကို ပျော်ရွှင်စေချင်တာရယ် အားပေးစေ့ဆော်မှုတွေ ရစေချင်တာရယ် ကြောင့် အခုလို စီစဉ်ခဲ့တာဖြစ်ကြောင်း ဖိလစ်ပိုင်စကားနဲ့ Coconuts Manila ကို ပြောပြခဲ့ပါတယ်။

READ
အမျိုးသမီးတွေ မညံ့ကြောင်း သက်သေပြနေတဲ့ စွမ်းအင်ဝန်ကြီး Yeo Bee Yin

Barcoma က သူမဟာ အနေနဲ့ ပန်းချီအနုပညာပိုင်းမှာ စနစ်တကျ လေ့ကျင့်ထားတာမျိုးတော့ မရှိခဲ့ဘူးဆိုတာကိုလည်း ပြောပါတယ်။ ဒါက ၀ါသနာတစ်ရပ်သာ ဖြစ်ကြောင်း၊ ပုံတူ ရေးနည်းတွေနဲ့ အိုင်ဒီယာတွေကိုလည်း ကျူတိုရီရယ် ဗီဒီယိုတွေနဲ့ အင်တာနက် ပိုစ့်တွေဆီက လေ့လာကြောင်းလည်း ပြောခဲ့ပါတယ်။

သူမက ခရစ်စမတ်ပိတ်ရက်ရှည်တွေ ပြီးလို့ ကျောင်းပြန်တက်ရတဲ့ ပထမဆုံးနေ့မှာ (၂၇) ယောက်သော တပည့်တွေအတွက် လက်ဆောင်ပေးခဲ့တဲ့ ဖြစ်ပါတယ်။ မနှစ်က ခရစ်စမတ်ပါတီမှာ ပေးဖို့လုပ်ခဲ့ပေမယ့် အကုန်မပြီးခဲ့ပါဘူး။ သူတို့အနေနဲ့ ဒါမျိုးရမယ်လို့ စိတ်ကူးမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲ့ဒီနေ့က ပထမဆုံး အတန်းခေါ်တယ်၊ ပြီးတော့ သူတို့ရဲ့ ခရစ်စမတ် ပိတ်ရက်အတွင်း ဘာတွေလုပ်ခဲ့လဲဆိုတာကို ပြောကြဆိုကြတယ်။ အဲ့ဒီ့နောက် သူတို့အတွက် စီစဉ်ပေးဖို့ အတန်းခဏလွှတ်ပေးလိုက်ပုံတွေကိုလည်း ပြောပြခဲ့ပါတယ်။

READ
ချို့တဲ့တဲ့ကလေးတွေကို စာသင်ပေးရင်း အကျိုးပြုနေတဲ့ ကျောင်းသူလေးတစ်ဦး

စစချင်းတော့ အားလုံးဆွံအ နေခဲ့ကြတယ်။ ပြီးတော့မှ ကျေးဇူးတင်ကြတယ်။ သူတို့ တအံတသြလည်း ဖြစ်နေခဲ့ကြတယ်။ သူတို့ လက်ဆောင်ကို သဘောကျကြတဲ့အတွက် ကျွန်မလည်း ၀မ်းသာရပါတယ်လို့ Barcoma က ဆိုပါတယ်။

ဒီကိစ္စ အခုလိုမျိုး လူသိရှင်ကြား ပျံ့နှံ့သွားမယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ကြောင်း၊ ဒီပိုစ့်နဲ့ ပတ်သက်ပြီး တုန့်ပြန်မှုတွေ၊ ပြန်လည်ဖော်ပြမှုတွေ အလွန်များလာတဲ့အတွက်လည်း မနေတတ်မထိုင်တတ်အောင် ဖြစ်ခဲ့ရကြောင်း ပြောသလို သူမလုပ်ခဲ့တာကို လူတွေက ချီးကျူး သဘောကျကြတဲ့အတွက်လည်း ကျေနပ်ဝမ်းမြောက်မိကြောင်း ပြောပြခဲ့ပါတယ်။

သူမရဲ့ ပိုစ့်ကို ပြည်တွင် သတင်ဌာနတွေက ၄င်းတို့ရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာတွေပေါ်မှာ ပြန်လည်ဖော်ပြရတဲ့ထိ ပျံနှံ့ခဲ့ပါတယ်။ အားလုံးကလည်း သူမရဲ့ လက်ဆောင်ကို သဘောကျခဲ့ကြတယ်။

Source: Coconut Manila

Matthew (ShweMOM)
SHARE