ဘွင်းဘွင်းရှင်းရှင်းဝတ်စုံနဲ့ စာသင်ခဲ့တဲ့ ဆရာမကြောင့် အသည်းယားခဲ့ရတဲ့ ကျောင်းသားများ

[email protected]

ဆရာတွေဆိုတာ ကျောင်းသားတွေကို စာသင်ရာမှာ ခေါင်းထဲဘယ်လိုဝင်အောင်သွင်းရမယ်ဆိုတဲ့ ကိုယ်ပိုင်နည်းလမ်းတွေအများကြီးရှိနေပါတယ်။ အဲဒီအထဲကမှ Bored Panda မှာ ဖတ်လိုက်ရတဲ့ သတင်းထဲက ဆရာမရဲ့နည်းလမ်းကတော့ လုံးဝအမိုက်စားပဲ။

ကျေင်းသားတွေက သူ့ရဲ့စာသင်ပုံကိုကြည့်ပြီး အသည်းယားသတဲ့လေ။ တကယ်မျက်မြင်တွေ့ရတဲ့ကျောင်းသားတွေ မပြောနဲ့ ဓာတ်ပုံပဲမြင်ရတဲ့ကိုယ်တောင် အသည်းတယားယားနဲ့ဖြစ်နေပြီ။ ဆရာမရဲ့ နာမည်ကတော့ Verónica Duque ပါတဲ့။ အ၀သက် ၄၆ နှစ်ရှိနေပြီး စာသင်တဲ့သက်တမ်းကတော့ ၁၅ နှစ်တောင် ရှိနေခဲ့ပြီ။ အထူးပြုဘာသာရပ်တွေအနေနဲ့ကတော့ သူမဟာ သိပ္ပံနဲ့ခန္ဓာဗေဒ၊ အနုပညာ၊ အင်္ဂလိပ်နဲ့ စပိန်ဘာသာရပ်တွေကိုပါပဲ။

လက်ရှိတော့ Verónica Duque ဟာ တတိယတန်းကလေးတွေကို ခန္ဓာဗေဒနဲ့ပတ်သက်ပြီး တာဝန်ယူစာသင်ကြားလျက်ရှိနေပါတယ်။ သူမသင်ရတဲ့ အကြောင်းက လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ပတ်သက်တာတွေပါ။ ကျေင်းသားလေးတွေဟာ ၈ နှစ်ဝန်းကျင်လေးတွေဆိုတော့ ဒီသင်ခန်းစာဟာ ကလေးတွေအတွက် ပျင်းဖို့ကောင်းနေပါတယ်။ ဒါကြောင့် Verónica Duque အနေဲ့ စဉ်းစားတယ်။ ကလေးတွေလည်း စိတ်ဝင်စားမယ်၊ စာလည်းသင်လို့ရမယ်ဆိုရင် ဘယ်လိုလုပ်ရမလဲပေါ့။ တစ်ရက်သူမ Online Shopping တစ်ခုကို ဝင်ကြည့်ရင်း ဝတ်စုံတစ်စုံတွေ့ခဲ့ပါတယ်။ အဲဒါကတော့ ဒီဝတ်စုံပါပဲ။

READ
မိန်းကလေးငယ်တစ်ဦးကို သရဲထုတ်နေတဲ့ဗီဒီယိုထွက်ပေါ်
[email protected]
[email protected]

ကိုယ်တွင်းကလီစာတွေ၊ ကြွက်သားတွေကို အသေးစိတ်ပုံနှိပ်ထားတဲ့ ဝတ်စုံပါပဲ။ ဒါကိုဝတ်ပြီး စာသင်မယ်ဆိုကာ Verónica Duque ဟာ စိတ်ကူးရခဲ့ကာ အဲဒီဝတ်စုံကို မှာခဲ့ပါတော့တယ်။ တကယ်လည်း အဲဒီဝတ်စုံကြီးဝတ်ပြီးစာသင်ခဲ့ပါတယ်တဲ့။ ကျောင်းသားတွေကတော့ သူတို့ရဲ့ဆရာမကိုကြည့်ပြီး အသည်းတွေယားကာ ကြောက်နေကြပေမယ့်လို့ တစ်ဖက်မှာတော့ စိတ်ဝင်စားမှုအပြည့်နဲ့ စာသင်ခံခဲ့ကြပါတယ်။ ကျောင်းသားမိဘတွေကတော့ ချီးကျူးလို့ပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသားတွေရဲ့ဘဝမှာတော့ အခုလို ထူးထူးဆန်းဆန်းနည်းလမ်းလေးနဲ့စာသင်လိုက်ရတဲ့အတွက်ကြောင့် သာမန်သင်ကြားမှုထက်စာရင်တော့ အမှတ်တရ ပိုဖြစ်စေမှာပါလေ။

READ
တရုတ်နိုင်ငံတွင် မယားငယ်ဖြစ်သူကို မယားကြီးနှင့် သူငယ်ချင်းတစ်စုမှ အုပ်စုဖွဲ့ရိုက်နှက်
[email protected]

Penny

SHARE