ဆေးရုံတက်ရင်း မကွယ်လွန်ခင်တစ်ရက်အထိ အလုပ်တွေလုပ်နေခဲ့တဲ့ ကျောင်းဆရာ

facebook/Sandra A. Venegas

Sandra A. Venegas ဆိုသူ အမျိုးသမီးဟာ ဆေးရုံတက်နေတဲ့အချိန်အတောအတွင်း မသေခင်ရက်အထိ အလုပ်လုပ်ခဲ့တဲ့ သူမရဲ့ဖခင် ကျောင်းဆရာကြီး Alejandro Navarro အကြောင်းကို ဖေ့စ်ဘုတ်ပေါ်မှာမျှဝေခဲ့ပါတယ်။

ဒီဇင်ဘာ ၁၈ရက်နေ့တုန်းက Sandra က..

“ဒါ ကျွန်မရဲ့အဖေ Alejandro Navarro ပါ။ သူမဆုံးခင်တစ်ရက်က ဓာတ်ပုံရိုက်ပေးထားတာ။ အဖေက အမှတ်စာရင်းတွေအပြီးသတ်ပေးဖို့အတွက် စိုးရိမ်နေတာ။ အဖေက သူအရေးပေါ်ခန်းထဲဝင်ရမယ်ဆိုတာသိတော့ လက်ပ်တော့နဲ့အားသွင်းကြိုးကိုပါ တစ်ခါတည်းယူလာခဲ့တာ။” လို့ ပြောပြပါတယ်။

Sandra က ဆရာဝန်တွေဟာ အခန်းထဲကိုအဝင်အထွက်လုပ်ပြီး ဆေးစစ်တာတွေလုပ်တဲ့အခါ Navarro ကို အနားယူဖို့ပြောပေမယ့် Navarro ကတော့ ဆရာဝန်တွေမေးတာကို ဖြေပြီးတာနဲ့ အမှတ်စာရင်းတွေကိုသာ ချက်ချင်းပြန်လုပ်နေခဲ့ပါတယ်။ Sandra က သူမဟာ ဖခင်ဖြစ်သူကို ဒီဇင်ဘာ ၁၄ရက်နေ့တုန်းက နေအိမ်မှာ နောက်ဆုံးတွေ့မြင်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။ “အဖေက အဲ့ဒီတုန်းကလည်း ၂နာရီလောက်အလုပ်လုပ်နေတာပဲ။ သူ့လက်ပ်တော့ကို ကျွန်မပိတ်နိုင်ခဲ့ရင်ကောင်းမှာပဲ။ ကျွန်မ အဖေနဲ့အတူတူအချိန်ကုန်ဆုံးခဲ့ရာမှာ။”

This is my dad Alejandro Navarro, the day before he passed away, worried about finalizing grades for progress reports….

Posted by Sandra A. Venegas on Thursday, 17 December 2020

ဒီအကြောင်းနဲ့ပတ်သက်လို့ Sandra က ကျောင်းဆရာတွေ အားစိုက်ထုတ်လုပ်ကိုင်ရတဲ့ ပြင်ပအလုပ်ချိန်တွေကို အမှန်တော့ သိရှိသူနည်းကြောင်းလည်း ဆိုပါတယ်။ ကပ်ရောဂါပဲဖြစ်ဖြစ် ကျန်းမာရေးအကျပ်အတည်းကြောင့်ပဲဖြစ်ဖြစ် ဘာပဲဖြစ်နေပါစေ ဆရာတွေအားလုံးဟာ သူတို့အလုပ်တာဝန်တွေပြီးဖို့သာ ဂရုစိုက်ကြတာပါ။

READ
ပလက်စတစ်ကွင်းနဲ့ စွပ်မိပြီး၊ ဘဝတစ်လျှောက်လုံး ခက်ခဲစွာ ဖြတ်သန်းခဲ့ရတဲ့ငါး
facebook/Sandra A. Venegas

ဒါကြောင့် Sandra ကတော့ “တကယ်လို့ ရှင်တို့ဟာ ကျောင်းဆရာ ဆရာမတွေနဲ့အိမ်ထောင်ကျခဲ့ရင် သူတို့ကို အလုပ်ချိန်သတ်သတ်မှတ်မှတ်ထားဖို့ တိုက်တွန်းပေးပါ။ တကယ်လို့ ရှင်တို့က ကျောင်းဆရာ၊ဆရာမ ရဲ့သားသမီးတွေဖြစ်ခဲ့ရင်တော့ သူတို့ကို အိမ်ရောက်တာနဲ့ ကျောင်းကအလုပ်တွေ မလုပ်ခိုင်းပါနဲ့တော့။ ရှင်တို့ ဆရာ၊ဆရာမတွေကို ကျေးဇူးတင်ပါ။ သူတို့ကိုကြင်နာပါ။ ဆရာတွေအနေနဲ့လည်း ကျွန်မပြောချင်တာက အလုပ်အတွက် ပုံမှန်အချိန်ထားပါ။ နောက်ကျတဲ့အထိနေပြီး အလုပ်မလုပ်ပါနဲ့။ အလုပ်က ဆရာတွေနေရာကို အစားထိုးနိုင်ပေမယ့် မိသားစုအတွက်ကတော့ အစားထိုးလို့မရပါဘူး။ ကျွန်မကတော့ အဖေ့ကို အရမ်းလွမ်းနေပါတယ်။” လို့ရေးသားခဲ့တာဖြစ်ပါတယ်။

ShweMom

SHARE