ကျန်းမာရေးဝန်ထမ်းတွေအတွက်Face shieldတွေအခမဲ့ပြုလုပ်နေကြတဲ့ဆရာဆရာမများအဖွဲ့

[email protected] Hayes

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ရောဂါကြောင့် လူတော်တော်များများဟာ အိမ်ထဲကနေ အိမ်အပြင်ကို တော်တော်များများ မထွက်ကြတော့ပဲ အိမ်ထဲမှာပဲ နေနေကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့် England နိုင်ငံ၊ Berkshire မြို့မှာရှိတဲ့ ဆရာဆရာမတစ်ချို့ကတော့ အိမ်မှာ အချိန်ပြည့် မနေနိုင်ကြပါဘူး။ သူတို့ဟာ လက်ရှိမှာတော့ နေ့တိုင်း သူတို့စာသင်ကျောင်းက ဓာတ်ခွဲခန်းကို အသုံးပြုပြီး ကျန်းမာရေးဝန်ထမ်းတွေအတွက် Face shield တွေ အမြောက်အမြားထုတ်လုပ်နေကြကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Hayes

Wendy Hayes လို့အမည်ရတဲ့ ဆရာမတစ်ယောက်ဟာ Berkshire မြို့ရှိ Park House School မှ Design and Technology ဌာနမှူးတစ်ယောက်ဖြစ်ပါတယ်။ Wendy ဟာ ကျောင်းပိတ်သွားတဲ့အချိန် အိမ်မှာနေရင်း သူစဉ်းစားမိတာတစ်ခုရှိပါတယ်။ အဲဒါကတော့ လက်ရှိ COVID 19 ဖြစ်နေတဲ့အချိန် ရှေ့တန်းမှာ ရောက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ Face shield တွေ အများအပြားလိုအပ်နေတယ်ဆိုတာပါပဲ။ ဒါကြောင့် Wendy ဟာ သူ့စာသင်ကျောင်းက ဓာတ်ခွဲခန်းကလည်း ကျောင်းပိတ်ထားတာကြောင့် အားလပ်နေတာကို သတိပြုမိပြီး အဲဒီဓာတ်ခွဲခန်းကို အသုံပြုကာ Face shield တွေ အမြောက်အမြားထုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

READ
ဖလော်ရီဒါသို့ ထွက်ခွာလာတဲ့ လေယာဉ်နှင့် အရွယ်ကြီးမားတဲ့ ငှက်ကြီးတို့တိုက်မိတဲ့ဖြစ်ရပ်
[email protected] Hayes

အဲဒီလို ဆုံးဖြတ်လိုက်တာနဲ့ တစ်ပြိုင်နက် Wendy ဟာ သူ့ရဲ့အကြံကို Facebook မှ D&T ဆရာ၊ဆရာမများအဖွဲ့မှာ အသိပေးပြီး သူနဲ့အတူတူ လုပ်အားပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီလိုနဲ့ Wendy ဦးဆောင်တဲ့ ဆရာ၊ဆရာမတွေဟာ Park House School မှ ဓာတ်ခွဲခန်းကို အသုံးပြုပြီး ကျန်းမာရေးဝန်ထမ်းတွေအတွက် Face shield ထုတ်လုပ်တာ အခုဆိုရင် တစ်နေ့ကို အနည်းဆုံး Face shield တစ်ရာကျော် ထုတ်လုပ်နိုင်နေပြီဖြစ်ကြောင်း သိရပါတယ်။

[email protected] Hayes

“ ကျန်းမာရေးဝန်ထမ်းတွေက အခုအချိန်မှာ ကျွန်မတို့ရဲ့ ကယ်တင်ရှင်ပါပဲ။ ဒီလို COVID 19 ရောဂါကြီးဖြစ်နေတဲ့အချိန်မှာတောင် သူတို့ရဲ့ အသက်တွေကို ပဓာနမထားပဲ လူသားတွေအတွက် တိုက်ပွဲဝင်ပေးနေရတာပါ။ သူတို့လိုအပ်သမျှကို ကျွန်မတို့နောက်တန်းကလူတွေ ဖြည့်စည်းပေးနိုင်ဖို့ လိုအပ်ပါတယ်” လို့ Wendy  ပြောကြားခဲ့ပါတယ်။

READ
မိမိကတစ်ဆင့် အခြားသူတွေကိုပါ HIV ပိုး ကူးစက်စေလိုသူကို ထောင်ဒဏ နှစ်(၅၀)ချမှတ်

Pyi Hein Kyaw

SHARE