မျက်ရည်ဝိုင်းလျက် အလီဘာဘာကုမ္ပဏီကို နှုတ်ဆက်ထွက်ခွာခဲ့ပြီဖြစ်တဲ့ ဂျက်မား

ယခုအပတ် အင်္ဂါနေ့တုန်းက အလီဘာဘာကုမ္ပဏီကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဂျက်မားဟာ ကုမ္ပဏီကနေ အနားယူကြောင်း နှုတ်ဆက်ပွဲပြုလုပ်ခဲ့ပါတယ်။ နှုတ်ဆက်ပွဲမှာတော့ သူဟာ ဂီတာကို လွယ်ပြီး ရော့ခ်စတားဆံပင်တုစွပ်ကာ ထောင်ပေါင်းများစွာရှိတဲ့ သူ့ရဲ့ ကုမ္ပဏီဝန်ထမ်းတွေကို ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ ဂျက်မားဟာ အလီဘာဘာကို လွန်ခဲ့တဲ့ နှစ်(၂၀) တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျိုးမြို့က တိုက်ခန်းသေးသေးလေးတစ်ခုကနေ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

instagram/kuolika_3619

ဝန်ထမ်းတွေနဲ့ အတူ နှုတ်ဆက်ပွဲကျင်းပရာနေရာကတော့ လူပေါင်း (၈) သောင်းလောက် ၀င်ဆန့်တဲ့ အားကစားရုံကြီးတစ်ရုံမှာ ဖြစ်ပြီး (၄) နာရီကြာ ကျင်းပပြုလုပ်ခဲ့တာပါ။ ဂျက်မားက လွန်ခဲ့တဲ့ (၁) နှစ်လောက်ကတည်းက သူဟာ စီးအီးအိုရာထူးကို ဒယ်နီရယ်ကျန်းဆီလွှဲပေးပြီး အနားယူတော့မယ်ဆိုတာကို ကြိုတင်ဖွင့်ပြောထားခဲ့တာ ဖြစ်ပါတယ်။

Instagram/iczz

နှုတ်ဆက်ပွဲမှာတော့ တရုတ်ရိုးရာဝတ်စုံတွေ၊ အကအလှတွေနဲ့အတူ သီချင်းတွေလည်း သီဆိုခဲ့ကြပါတယ်။ “ဒီညပြီးတဲ့နောက်မှာ ကျွန်တော်ဘ၀သစ် စတော့မှာပါ။ ကမ္ဘာကြီးပေါ်မှာတော့ အခွင့်အလမ်းတွေက အများကြီးရှိနေတာပါပဲ။ ကျွန်တော်က အသစ်သစ်တွေ စွန့်စားရတာကို နှစ်သက်ပါတယ်။ ဒါကြောင့်လည်း စောစောစီးစီး အနားယူလိုက်တာပါ…” လို့ ဂျက်မားက ဧည့်သည်တော်တွေနဲ့ ၀န်ထမ်းတွေကို ပြောပြပါတယ်။

READ
ဧည့်သည်တွေနဲ့ဓာတ်ပုံရိုက်ဖို့ ကျားကြီးကို တုတ်နဲ့ထိုးပြီး စေခိုင်းတဲ့အဖြစ်

 

နှုတ်ဆက်ပွဲကျင်းပနေတုန်း တစ်နေရာမှာတော့ ဂျက်မားဟာ ငိုခဲ့သေးကြောင်း တရုတ်ဆိုရှယ်မီဒီယာ Weibo က ဆိုပါတယ်။ ဂျက်မားအပြင် အလီဘာဘာကို ပူးတွဲတည်ထောင်သူ လူစီပန်း၊ ဂျိုဆိုင်းနဲ့ ဂျက်မားရဲ့နေရာကို ဆက်ခံမယ့် ဒယ်နီရယ်ကျန်းတို့ကလည်း အသီးသီး ရော့ခ်စတားစတိုင် သားရေဂျက်ကတ်တွေနဲ့ ဆံပင်တုတွေကို စွတ်ကာ ခေတ်ပေါ်တရုတ်သီချင်းတွေနဲ့ ပရိသတ်တွေကို ဖျော်ဖြေခဲ့ကြပါသေးတယ်။

READ
အသစ်ခန့်လိုက်တဲ့ ၀န်ထမ်းလေးကို နာမည်မှည့်ပေးဖို့ တောင်းဆိုလိုက်တဲ့ ရဲဌာန

 

 

View this post on Instagram

 

#alibabagroup #alibaba #hangzhou #china #anniversary #20years #20thanniversary #olympicstadium #jackma

A post shared by Alessandro Marcello (@lexss87) on

ဒယ်နီရယ်ကျန်းရဲ့ ပြောဆိုပုံအရတော့ အလီဘာဘာဟာ cloud computing ၊ artificial intelligence လို နေရာတွေမှာ ဆက်လက်ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်မယ်လို့ သိရပါတယ်။ အလီဘာဘာမှာတော့ ၀န်ထမ်းပေါင်း (၁) သိန်းကျော်ရှိပြီး အာရှမှာ ဈေးကွက်တန်ဖိုး ဒေါ်လာ(၄၆၀) ဘီလီယံနဲ့ တန်ဖိုးအရှိဆုံးကုမ္ပဏီဖြစ်လာချိန်မှာ ဂျက်မားဟာ အနားယူသွားခဲ့တာပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE