Single album သစ်အတွက် အမိုက်စား teaser photo တွေထွက်ရှိလာတဲ့ CHUNG HA

instragram by chungha_official

တောင်ကိုးရီးယားရဲ့ အဆိုတော်၊ တေးရေး၊ dancer ၊ ဘဲလေး အကစီစဉ်သူ တစ်ယောက်ဖြစ်တဲ့ CHUNG HA ကတော့ သူမရဲ့ single album သစ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ အကြောင်းကို kstarlive ကနေပြီးတော့ ခုလိုဖော်ပြထားပါတယ်။

 

 

View this post on Instagram

 

I CAN’T WAIT OMFGGGGG SHE LOOKS SO GOOD

A post shared by (청하) (@qtchungha) on

 

သူမရဲ့teaser photo တွေက နွေရာသီရဲ့ အငွေ့အသက်တွေကို ဖော်ပြနေတဲ့ ပုံတွေဖြစ်ပြီး လန်းဆန်းတက်ကြွနေတဲ့ သူမရဲ့ ပုံတွေကို မြင်တွေ့ရမှာပါ။ အဖြူရောင်လေးတွေ အနည်းငယ်ပါပြီး အစိမ်းရောင်သစ်ရွှက်လေးတွေနဲ့ အဝါရောင် နေကြာပန်းပုံတွေပါတဲ့ အကျီ င်္ဒီဇိုင်းမျိုးကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး ဆံပင်တွေကိုတော့ လိမ္မော်နီရောင်တောက်တောက် ဆိုးထားတဲ့ သူမရဲ့ ပုံစံက တကယ့်ကို ဂေါ်ပါတယ်နော်။

READ
နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းတခြမ်း မင်းသား Mario Maurer အကြောင်း

 

 

View this post on Instagram

 

UR KIDDING AHHHHHHHH

A post shared by (청하) (@qtchungha) on

 

စုစုပေါင်း teaser photo 12 ပုံထွက်ရှိလာတာဖြစ်ပြီးတော့ photo teaser တွေကို ကြည့်ရုံနဲ့ သီချင်းပုံစံက မြူးမြူးကြွကြွနဲ့ အကအမိုက်စားတွေပါတဲ့ သီချင်းမျိုးဆိုတာကို ခန့်မှန်းမိစေပါတယ်။ သူမရဲ့ single album သစ်နဲ့ ပတ်သက်တဲ့ teaser အသစ်တွေကို July 4,5 ရက်ကလွဲပြီး အခွေသစ် မထွက်ခင် နေ့ဖြစ်တဲ့ July 6 နေ့ထိကို နေ့တိုင်းတင်ပေးသွားမှာပဲ ဖြစ်ပါတယ်။ CHUNG HA ရဲ့ single album သစ်ဖြစ်တဲ့ ‘PLAY’ ကတော့ မကြာခင်မှာ ပရိတ်သတ်တွေရဲ့ ရှေ့ကိုရောက်ရှိလာတော့မှာပါနော်။

READ
တရုတ်မင်းသားကြီး ဂျက်ကီချန်းရဲ့ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားများ

Khin

SHARE