အနာဂတ်မှာ နေရာယူလာနိုင်တဲ့ နည်းပညာသုံး အစားအစောအသစ်အဆန်း ၅ မျိုး

သိပ္ပံပညာရှင်တွေနဲ့ အနာဂတ်ကြိုတင်တွက်ချက်ရေး ပညာရှင်တို့မှ လာမယ့်အနာဂတ်မှာ တိရိစ္ဆာန်နဲ့ အစားအသောက်အတွက် မီဝဲနေသော အချို့သောဟင်းသီးဟင်းရွက်များ မျိုးသုဉ်းပျောက်ကွယ်ရေးတွေ မဖြစ်စေရန်အတွက် အောက်မှာဖော်ပြထားတဲ့ အစားထိုးအစားအသောက်တွေကို စားလယလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

အသက်ရှူသံနဲ့ မွေးမြူနိုင်တော့မယ့် ကိုယ်ပိုင်ရေညှိ

ရေညှိဟာ အာရှတိုက်တော်တော်များများမှာ စားသုံနေကြတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ အိုမီဂါ ၃ ဓာတ်နဲ့ fatty acid တို့ကြွယ်ဝတဲ့အတွက် လူတွေအတွက်လည်း ကောင်းကောင်းကြီး အကျိုးပြုတဲ့ အစားအစာတစ်မျိုးပါ။ အသက်ရှူလိုက်တိုင်း ကိုယ်ပိုင်ရေညှိကိုမွေးမြူသလိုဖြစ်စေမယ့် နည်းပညာကိုတော့ Micheal Burton နဲ့ Michiko Nitta တို့မှ လန်ဒန်ရှိ V&A ပြတိုက်မှာ လက်တွေ့ပြသွားခဲ့ပါတယ်။

© BurtonNitta

Lab-grown Meat

တိရိစ္ဆာန်များမသတ်ဖြစ်ရေး၊ မျိုးသုဉ်ပျောက်ကွယ်မှုကို ကာကွယ်ရေးအတွက် အနာဂတ်မှာ ဓာတ်ခွဲခန်းမှထွက်တဲ့ သားကောင်တွေရဲ့ cells တွေနဲ့ ပြုလုပ်ထားတဲ့ အသားတုတွေပေါ်လာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ သို့ပေမယ့် အသား ၄၅၀ ဂရမ်ကိုတော့ ဒေါ်လာ ၂၄၀၀ လောက်အထိ တန်ဖိုးမြင့်တက်သွားနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

READ
တောင်/မြောက် ကိုရီးယားနှစ်နိုင်ငံ ကွာခြားချက်ကို ယှဉ်ပြထားတဲ့ ဓါတ်ပုံများ
shutterstock

အခွံပါစားနိုင်မယ့် ရေလုံးများ

လန်ဒန်ဒေသခံအဖွဲ့အစည်းတစ်ခုမှ ဒီ project ကို စတင်အကောင်အထည်ဖော်နေခဲ့ပါပြီ။ ရေထည့်ထားတဲ့အပြင်ခွံကိုတော့ ရေညှိတစ်မျိုးနဲ့ပြုလုပ်ထားတာကြောင့်  ပလတ်စတစ်ထက်ပိုဈေးပေါပြီး ကမ္ဘာကြီးအတွက်လည်း အဆိပ်အတောက်မဖြစ်စေတော့ပါဘူး။

© Skipping Rocks Lab

ပင်လယ်စာအတုများ

၂၀၀၂ ခုနှစ်တုန်းက Touro ကောလိတ်မှာရှိတဲ့ သိပ္ပံပညာရှင်အုပ်စုတစ်စုဟာ ငါးသေးအတုလေးတွေကို စတင်ထုတ်ခဲ့ပါတယ်။ ရေညှိကိုပဲ အဓိကသုံးပြီး ပုစွန်ထုပ်တွေနဲ့ ကဏန်းတုတွေအတွက်လည်း ဒီနည်းလမ်းက အသုံးဝင်နေခဲ့ပါတယ်။

pixabay

DNA ပေါ်လိုက်ပြီး အကျိုးသက်ရောက်မှုရှိမယ့် ဖြည့်စွက်စာဆေးလုံး

ဗီတာမင်တွေ၊ အားဆေးတွေ အများကြီးသောက်နေစရာမလိုဘဲ ဆေးလုံးတစ်လုံးတည်းနဲ့ ခန္ဓာကိုယ်မှာ မလိုအပ်တာတွေဖယ်ရှားပြီး လိုအပ်တာတွေကို ဖြည့်စွက်ပေးမယ့် ဆေးလုံးပါ။

shutterstock

Source: Bright Side

Penny

 

 

SHARE