ကမ္ဘာ့စွမ်းအားအမြင့်ဆုံး ဒုံးပျံကို အာကာသထဲ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့

အာကာသတွင်း ခရီးသွားလာရေးကို တစ်ခေတ်ဆန်းစေမယ့် ကမ္ဘာ့စွမ်းအားအကောင်းဆုံး ဒုံးပျံတစ်ခုကို အာကာသထဲဆီ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒုံးပျံဟာ Falcon Heavy အမည်ရပြီး SpaceX က ပိုင်ဆိုင်ပါတယ်။ ယင်းဒုံးပျံဟာ ပြိုင်ဖက်အာကာသယာဉ်တွေထက် စွမ်းဆောင်ရည်(၂)ဆ ပိုမြင့်မားပါတယ်။

ဒုံးပျံကို ဖလော်ရီဒါမှာရှိတဲ့ ကနေဒီအာကာသခရီးသွားစင်တာမှာ စမ်းသပ်လွှတ်တင်ခဲ့တာပါ။ FH  ဒုံးပျံဟာ ကောင်းကင်ကိုထိုးဖောက်ပြီး အာကာသထဲကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ရုံသာမကပဲ ဒုံးပျံဘေးမှာရှိနေတဲ့ အင်ဂျင်တွေကလည်း ကမ္ဘာ့ပတ်လမ်းထဲပြန်လာပြီး မြေပြင်ပေါ် ထိခိုက်မှုတစ်စုံတစ်ရာမရှိပဲ ပြန်ကျလာနိုင်ခဲ့ပါတယ်။

Credit: SpaceX

ဌာနချုပ်မှာ ဒုံးပျံတက်သွားပုံကို ကြည့်နေကြတဲ့သူတွေကတော့ စမ်းသပ်မှုရလဒ်အောင်မြင်တဲ့အတွက်ကြောင့် အပျော်ကြီးပျော်နေကြပါတယ်။ ဒုံးပျံထဲမှာတော့ ထူးထူးဆန်းဆန်း ကားတစ်စီးထည့်ထားပါတယ်။ SpaceX တည်ထောင်သူ ဖြစ်သလို  Tesla ရဲ့ CEO လည်းဖြစ်တဲ့ Elon Musk က ချယ်ရီနီရောင် Tesla Roadster တံဆိပ်ကားကို အပျော်သဘောအနေနဲ့ FH ယာဉ်ထဲမှာ ထည့်သွင်းထားခဲ့တာပါ။

READ
အူဆီယံဘော့တ်လက်သစ်လို့ နာမည်ကြီးနေတဲ့ အပြေးသမားလေးရဲ့စကေး
Credit: Elon Musk Instagram

ဒါ့အပြင်ကားထဲမှာလည်း David Bowie ရဲ့ Space Oddity သီချင်းကို ဖွင့်ထားပါသေးတယ်။ Musk က သတင်းထောက်တွေမေးမြန်းချက်အရ အခုလိုပြောပြပါတယ်။ “ယာဉ်ဟာ ကမ္ဘာကနေ ကီလိုမီတာသန်းပေါင်း(၄၀၀) အကွာအဝေးအထိ ခရီးရောက်ပါလိမ့်မယ်။ တစ်စက္ကန့်ကို (၁၁)ကီလိုမီတာနှုန်းနဲ့ သွားမှာပါ။

အခုတင်လွှတ်လိုက်တဲ့ FH အာကာသယာဉ်ဟာ နှစ်သန်းပေါင်းရာနဲ့ချီကာ ပတ်လမ်းမှာရှိနေမှာဖြစ်ပါတယ်။ ဒုံးပျံထဲက ကားထဲမှာ Bowie ရဲ့ သီချင်းကို ဖွင့်ထားတော့ ဂြိုလ်သားတွေအနေနဲ့ တချိန်လုံး ဒီသီချင်းပဲကြားနေရတာလို့ အံ့သြကောင်း အံ့သြနေပါလိမ့်မယ်။ ”လို့ အရွှန်းဖောက်ခဲ့ပါသေးတယ်။

BBC သတင်းဌာနမှာ ဖော်ပြချက်အရ FH အာကာသယာဉ်ထဲမှာ ကားတစ်စီးအပြင် ယာဉ်ရဲ့အလေးချိန်ကို ညီမျှအောင်ထိန်းပေးမယ့် ပစ္စည်းအချို့ထည့်သွင်းထားကြောင်း သိရပါတယ်။ ဒါပေမယ့် အခု FH ယာဉ်ထဲမှာ သက်ရှိလူသားတစ်ယောက်မှ မပါဝင်ပါဘူး။ မအောင်မြင်တဲ့စမ်းသပ်မှုတွေ အကြိမ်ပေါင်းများစွာပြုလုပ်ပြီးနောက်မှာတော့ အခုတစ်ခါမှာ FH ကအနာဂတ်အာကာသလေ့လာရေးနဲ့ပတ်သက်လို့ အကျိုးများစေမယ့် အောင်မြင်မှုကြီးတစ်ခုရရှိခဲ့တာပါ။

READ
တင်ပါးခွဲစိတ်မှု ခံယူထားလို့ (6)ပတ်ခန့် ထိုင်နိုင်မှာမဟုတ်ဖူးဆိုတဲ့မော်ဒယ်

ဂြိုလ်တုအကြီးစားတွေကို အမေရိကန်စစ်တပ်အတွက် လွှတ်တင်သွားမှာပါ။ စက်ရုပ်တွေကို အင်္ဂါဂြိုလ်ကို လွှတ်တင်နိုင်ပြီး စကြာဝဠာအကြောင်းကို ပိုလေ့လာနိုင်ဖို့ တယ်လီစကုပ်တွေကိုလည်း လွှတ်တင်မယ်လို့သိရပါတယ်။ Mush က FH ဒုံးပျံရဲ့ ဘေးဘက်အင်ဂျင်တွေကို နောက်တစ်ကြိမ်ကျရင် ပြန်သုံးနိုင်မှာဖြစ်တာကြောင့် ပြိုင်ဖက်ကုမ္ပဏီတွေဖြစ်တဲ့ Delta IV Heavy၊ Russia’s Proton နဲ့ Europe’s Ariane 5 တို့ထက် အကုန်အကျသက်သာကြောင်းနဲ့ ပိုမိုထိရောက်မှုရှိကြောင်း ကြေညာခဲ့ပါတယ်။

Musk အနေနဲ့ ယခုလွှတ်တင်ခဲ့တဲ့ FH ယာဉ်ထက် ပိုမိုစွမ်းအားမြင့်တဲ့ ဒုံးပျံမျိုး ထပ်မံတီထွင်ဖို့မျှော်လင့်နေပါတယ်။ ယခုလက်ရှိသုံးထားတဲ့အင်ဂျင်တွေထက် နောက်ထပ်ဒုံးပျံအင်ဂျင်(၂)လုံး ထပ်မံပေါင်းထည့်ပြီး ပြင်းအားပေါင်(၉)သန်းရောက်တဲ့အထိ ဒုံးပျံတီထွင်ဖို့ ကြိုးစားနေကြောင်းလည်းသိရပါတယ်။ အောင်မြင်ခဲ့မယ်ဆိုရင် ကမ္ဘာ့သမိုင်းမှာ စွမ်းအားအကောင်းဆုံးဒုံးပျံဖြစ်လာမယ်လို့လည်း Musk က ပြောပြခဲ့ပါတယ်။

လင်းလင်း(ShweMom)

SHARE