Roller Coaster တွေပေါ်မှာ လူတွေအစား ဝက်ဝံရုပ်အစားထိုးပြီး စီးခိုင်းခဲ့တဲ့ ကစားကွင်း

Youtube-Knuffelberen in #UNTAMED - Walibi Holland

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့ အခြေအနေကြောင့် လူတိုင်းနီးပါး အိမ်မှာပဲနေနေကြရသလို လူသွားလူလာအများဆုံးဖြစ်တဲ့ ပန်းခြံတွေ၊ ကစားကွင်းတွေ၊ တိရစ္ဆန်ရုံတွေ၊ ရုပ်ရှင်ရုံတွေပါ အချိန်အတိုင်းအတာတစ်ခုအထိ ပိတ်ထားခဲ့ရပါတယ်။ ဒီနေရာတွေဟာ အခုဆိုရင်တော့ လူသူကင်းမဲ့နေပြီး လုံးဝသုသာန်ပြင်ကြီးလို ခြောက်သွေ့နေပါပြီ။ အခုဆိုရင် ကစားကွင်းတစ်ခုက Roller Coaster တစ်စီးမှာဆိုရင် လူတွေအစား ဝက်ဝံရုပ်တွေတင်ကာ မကြာခဏမောင်းပေးနေရကြောင်း Simplepost သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

နယ်သာလန်နိုင်ငံမှာရှိတဲ့ Walibi Holland ကစားကွင်းမှာဆိုရင်လည်း အချိန်အတိုင်းအတာတစ်ခုထိ ပိတ်ထားရပြီး လူသူကင်းမဲ့နေပါတယ်။ ဒါပေမယ့် ကစားကွင်းတစ်ခုဖြစ်တာနဲ့အညီ စက်ပစ္စည်းတွေဟာ ဒီအတိုင်း မနှိုးတာကြာရင် သံချေးတက်သွားပြီး ကစားကွင်းပြန်ဖွင့်တဲ့နေ့ကျရင် အဆင်မပြေဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အဆိုပါကစားကွင်းရှိ Roller Coaster ရှိ ထိုင်ခုံမှာ လူတွေအစား ဝက်ဝံရုပ်ကြီးတွေဖြည့်ပြီး မကြာခဏ မောင်းနှင်ပေးနေရပါတယ်။

READ
မျက်နှာငယ်လေးတွေနဲ့ သခင်ဆီက အစာမျှော်နေကြတဲ့ ချစ်စဖွယ်ခွေးလေးများ
Youtube-Knuffelberen in #UNTAMED – Walibi Holland

ဘာမှမပါပဲ ဒီအတိုင်း Roller Coaster မောင်းရင် Body Weight မပါတာကြောင့် အန္တရာယ်ရှိပါတယ်။ ဒါ့ကြောင့် အခုလို ဝက်ဝံအရုပ်ကြီးတွေကို ထိုင်ခုံအပြည့်ဖြည့်ပြီး Roller Coaster ကို မောင်းနှင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးဟာ လက်ရှိအချိန်မှာဆိုရင် Youtube ပေါ်မှာ တော်တော်လူကြည့်များနေပြီး လူတွေနေရာမှာ ဝက်ဝံလေးတွေထိုင်နေတဲ့ပုံစံလေးဖြစ်တာကြောင့် မျက်လုံးထဲမှာ ကြည့်ရဆန်းပြီး ချစ်ဖို့ကောင်းနေကြောင်း လူတော်တော်များများက မှတ်ချက်ပေးခဲ့ကြပါတယ်။

Knuffelberen in #UNTAMED – Walibi Holland

Pyi Hein Kyaw

SHARE