ကျောင်းကားလာခေါ်တိုင်း တာ့တာပြတဲ့အဖေကို ရှက်တဲ့သားအပေါ် ဖခင်ရဲ့တုန့်ပြန်မှု

မိဘဆိုတာ သားသမီးတွေကို ကျွေးမွေးတာအပြင် ပြုစုစောင့်ရှောက်တတ်ကြပါသေးတယ်။ ဆယ်ကျော်သက်အရွယ်ဆိုတာ မြီးကောင်ပေါက်အရွယ်လေးတွေဖြစ်တတ်အတွက် ရှက်စိတ်နဲ့ ခံစားချက်ပြင်းထန်တာတွေ ဖြစ်တတ်ကြတာ ဓမ္မတာပါ။ အထူးသဖြင့် ဒီအရွယ်တွေဟာ သူတို့ကို ကလေးလို ဆက်ဆံကြတာကို မကြိုက်ပါဘူး။ ဒါကိုအကြောင်းပြုပြီး သားအဖနှစ်ယောက် ပြဿနာစတွေ့ကြပါတော့တယ်။

boredpanda

သူ့သားကျောင်းသွားတိုင်း နှုတ်ဆက်ပြီး နေ့တိုင်းလက်ထွက်ထွက်ပြတဲ့ အဖေက သူ့ကို ကလေးလေးကိုဆက်ဆံတယ်လို့ထင်ပြီး ရှက်သွားတဲ့ Rain လို့ခေါ်တဲ့ (၁၆) နှစ်သားလေးတို့ရဲ့အကြောင်းပါ။ Rain ဟာ သူ့အဖေ Dale အခုလို လက်ထွက်ထွက်ပြနေတာ ရှက်လွန်းလို့ အမေဖြစ်သူကိုတောင် အကူအညီတောင်းရတဲ့ အဖြစ်ထိပါ။ ဒါပေမဲ့ Dale ဟာ သူ့သားကို စိတ်ဆိုးရမယ့်အစား မထင်မှတ်ထားတဲ့ တုန့်ပြန်မှုကို ပြန်လုပ်ခဲ့ပါတယ်။ ဒါကတော့ ရက်ပေါင်း (၁၇၀) တိတိ ရုပ်ရှင်ဇာတ်ကောင်တွေ၊ ထူးထူးဆန်းဆန်း ဝတ်စုံတွေနဲ့ အနုပညာရှင်တွေရဲ့ အထင်ကရဝတ်စုံတွေအတိုင်း လိုက်ဝတ်ကာ မနက်တိုင်း သူ့သားကို တာ့တာလိုက်လိုက်ပြတာပဲဖြစ်ပါတယ်။ Dale ဟာ “Wave At The Bus Dad” လို့ အမည်တွင်သွားခဲ့ပြီး ရက်ပိုင်း (၁၇၀) အတွင်းမှာ ဝတ်စုံတစ်ခါမှ ထပ်မဝတ်ခဲ့ပါဘူး။ ဝတ်စုံဖို့အတွက် တစ်နှစ်ကို ဒေါ်လာ (၅၀) သာအသုံးပြုခဲ့ပြီး အိမ်နီးချင်းနဲ့ မိတ်ဆွေတွေဆီကလည်း အကူအညီပေးပြီး ဝတ်စုံတွေ ငှားကြပါတယ်လို့ သိရပါတယ်။

READ
ချစ်သူကောင်လေးက သင့်Messageကို Reply မပြန်ရခြင်း၏ အကြောင်းရင်းများ

ဒါနဲ့ပဲ Dale ရဲ့မိန်းမ၊ Rain ရဲ့အမေ၊ Rochelle ဟာ ဝတ်စုံတွေအကြောင်း bolg တစ်ခုထောင်ပြီး ပုံတွေတင်ခဲ့ရာမှ နိုင်ငံအနှံ့ကလူတွေ ပိုသိသွားခဲ့ကြပါတယ်။ Dale ရဲ့ ကျောင်းပို့ဖက်ရှင်တွေထဲက အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ အခုတော့ Rain လေးဟာ (၁၉) နှစ်အရွယ်ရှိနေပြီဖြစ်ပြီး အလုပ်တောင်လုပ်နေပါပြီ။

Hulk ဖေဖေနဲ့ Captain America ညီလေး

boredpanda

ရေသူမလေး

boredpanda

ရုပ်ကြီးကလည်း

boredpanda

အဖြူရောင်သတို့သမီးလေးပါ။

boredpanda

Dale KISS!

boredpanda

Bat-Dale..

boredpanda

ဟော..ဒါက Wonder-Dale-Man..

boredpanda

ခေါင်းဖြတ်တာ့တာ။

boredpanda

တစ်မိသားစုလုံးပါလာပြီ။

boredpanda

Harry Potter မဟုတ်တဲ့ Dale Potter..

boredpanda

ဟာဝိုင်အီကျွန်းသူလေးဖေဖေ

boredpanda

အထူးတပ်ဖွဲ့ဝင်တစ်ယောက်ပါ။ တာ့တာ။

boredpanda

မကြောက်ပါနဲ့။ တာ့တာ ပြချင်ရုံလေးပါ။

boredpanda

တာ့တာ နင်ဂျာစတိုင်။

boredpanda

Source : Boredpanda

Penny

SHARE