သာမိုမီတာကို သာမိုမီတာမှန်းမသိလို့ ခေါင်းကြီးခဲ့ရတဲ့ ဆယ်ကျော်သက်လေး

ကယ်လီဖိုးနီးယား ပြည်နယ် ကော်စတာ မီဆာမှာ နေထိုင်တဲ့ အသက် (၁၈) နှစ်အရွယ် Izaak Torres ဆိုတဲ့ လူငယ်တစ်ယောက်ဟာ ချစ်သူပေးပိုတဲ့ ဝေလီဝေလင်း မက်ဆေ့ခ်ျကို တွေ့ပြီးတဲ့နောက် မျက်စိတွေ ပြူးကျယ်သွားခဲ့ရပါတယ်။

သူရဲ့ ချစ်သူ Vanessa Marie က နေမကောင်းကြောင်း သာမီမိုမီတာကို ဓာတ်ပုံရိုက်ပြပြီး ကိုယ်အပူချိန် (၁၀၀) ဒီဂရီ ဖာရင်ဟိုက်ရှိကြောင်း ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အဲ့တာကို မြင်တော့ Izaak က တအံတသြတွေဖြစ်၊ အာမေဋိတ်များစွာနဲ့ မေးခွန်းတွေ ပြန်မေးခဲ့တယ်။

twitter

သူက သာမိုမီတာကို ကိုယ်ဝန်စစ်တဲ့ ကိရိယာထင်ခဲ့ပြီး အခုလို အယောင်ယောင်မှားမှားတွေဖြစ်ခဲ့ရတာလို့ Venessa ကပြန်ပြောခဲ့ပါတယ်။ (၁၀၀) ရာခိုင်နှုန်း ကိုယ်ဝန်ရှိနေပြီလို့ ယူဆလိုက်ပုံပါပဲ။

READ
ကင်ဆာရောဂါနဲ့ သူနိုင်ကိုယ်နိုင်အပြိုင်ကျဲနေတဲ့ ငါးနှစ်အရွယ်စံပြကလေးငယ်
stock photo

ဒီလို တုံးအတဲ့ ချစ်သူရဲ့ ရီစရာကောင်းပုံကို ကောင်မလေးက တွစ်တာပေါ်တင်ပို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒါနဲ့ သူတို့ရဲ့ ပြောထားဆိုထားပုံတွေကို စကရင်ရှောခ့်ပြီး တင်ခဲ့တဲ့နောက်  လူတော်တော်လေး သိသွားတယ်။ ပြန်ရှဲတဲ့အကြိမ်အရေအတွက်ဆို (၃၁,၀၀၀) ကျော်အထိ ရှိခဲ့ပြီး လိုက်ခ်ပေါင်း (၁၇၄,၀၀၀) ထိရှိခဲ့တယ်။

instagram
twitter

ဒီလို စနောက်ခံရတာနဲ့ ပတ်သက်လို့ Izaak ကလည်း ဘယ်လိုမှ သဘောမထားသလို သူကို ဒီကိစ္စကြောင့် ဘယ်လိုပဲ လှောင်ပြောင်ကြပါစေ ဂရုမစိုက်ဘူးလို့ ဆိုပါတယ်။ သူတို့ရဲ့ အချစ်ရေးကလည်း သိပ်ကို ခိုင်မာလျက်ရှိနေပြီး ဒါကို ရီစရာ အပျော်အပြက် တစ်ခုမျှသာ သဘောထားကြောင်း Mirror ကို ပြောပြထားတာတွေ့ရပါတယ်။

Source: Mirror

Matthew 
SHARE