ငိုက်မျည်းနေစဉ် ကိုယ်ထိလက်ရောက်စော်ကားသူနဲ့ကြုံခဲ့ရတဲ့ Dangal မင်းသမီးလေး

ဆယ်ကျော်သက်ဘောလီးဝုဒ်စတားတစ်ယောက်ဖြစ်တဲ့ အသက်(၁၇)နှစ်အရွယ်ကောင်မလေးတစ်ယောက်ကို သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ဒေလီကနေ မွန်ဘိုင်းကိုသွားတဲ့လေယာဉ်ပေါ်မှာ ကိုယ်ထိလက်ရောက်စော်ကားမှုပြုခဲ့ကြောင်း Dailymail သတင်းစာမျက်နှာမှာတွေ့ရှိရပါတယ်။

Instagram: zairawasim

ဆယ်ကျော်သက်ကောင်မလေးကတော့ Dangal ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Zaira Wasim ပဲဖြစ်ပါတယ်။ သူမအိပ်တ၀က်နိုးတ၀က်ဖြစ်နေတုန်းမှာ အဆိုပါလူက သူ့ခြေထောက်နဲ့ သူမလည်ပင်းနဲ့ နောက်ကျောကိုလာထိခဲ့ကြောင်းဆိုပါတယ်။ ရိုင်းစိုင်းတဲ့ထိုအပြုအမူကို သူမက ဗီဒီယိုရိုက်ကူးဖို့ကြိုးစားခဲ့ပေမယ့် လေယာဉ်ထဲမှာမှောင်နေတဲ့အတွက် မရိုက်ကူးနိုင်ခဲ့ကြောင်း သူမကပြောခဲ့ပါတယ်။

Instagram: zairawasim

ဒါပေမယ့် ထိုလူရဲ့ခြေထောက်ကိုရိုက်ထားတဲ့ ဓာတ်ပုံကိုတော့ အွန်လိုင်းမှာတင်နိုင်ခဲ့ပါတယ်။ ရဲအရာရှိတွေက စုံစမ်းမေးမြန်းပြီးနောက်ပိုင်းမှာတော့ သူမကိုထိပါးစော်ကားခဲ့တဲ့ စီးပွားရေးကုန်သည်ဖြစ်သူ Vikash Sachdev ကိုဖမ်းဆီးခဲ့ပါတယ်။ အဆိုပါလူက လာမယ့်အပတ်မှာ တရားရင်ဆိုင်ရမှာဖြစ်ပါတယ်။

Instagram မှာတော့ Ms.Wasim က လေယာဉ်ပေါ်မှာဖြစ်ပွားခဲ့တဲ့အဖြစ်နဲ့ပတ်သက်ပြီး ဗီဒီယိုဖိုင်တစ်ခုတင်ခဲ့ပါတယ်။ ထိုလူက သူမရဲ့နောက်ကျောနဲ့လည်ပင်းတစ်လျှောက်ကို သူ့ခြေထောက်နဲ့ အပေါ်အောက်ရွေ့လျားခဲ့ကြောင်း ငိုပြီးပြောခဲ့ပါတယ်။ ပထမတော့ အခုလိုခြေထောက်နဲ့တိုက်မိတာက လေယာဉ်သွားနေတဲ့အရှိန်ကြောင့်လို့ထင်ခဲ့မိပေမယ့် နောက်ပိုင်းတော့ ထိုလူခြေထောက်နဲ့လည်ပင်းကို ပွတ်သပ်နေရာကနေ နိုးလာခဲ့ကြောင်း Ms Wasim ကဆိုပါတယ်။

READ
ကမ္ဘာ့အကောင်းဆုံးအလုပ်လို့ မှတ်ချက်ပေးနေကြတဲ့ ခရီးသွားမော်ဒယ်မလေးရဲ့အလုပ်
Instagram: zairawasim

လေကြောင်းလိုင်းကတော့ စီမံခန့်ခွဲရေးပိုင်းမှ အထက်လူကြီးတွေဟာ မွန်ဘိုင်းကိုသွားပြီး Ms.Wasim ရဲ့ကိစ္စနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေမှာ အင်တိုင်အားတိုက် ပါဝင်ကူညီသွားမှာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

လင်းလင်း(Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE