Fotios Tsiouklas နဲ့ Alan Gokoglu တို့နှစ်ယောက် စသိကျွမ်းခဲ့တာ အသက် ၇ နှစ်အရွယ်ကတည်းကပါ။ ဒါပေမဲ့ ငယ်ငယ်တုန်းကတော့ နှစ်ယောက်သား ကြည့်လို့တောင် မရပါဘူးတဲ့။ အခုအချိန်မှာတော့ Fotios Tsiouklas နဲ့ Alan Gokoglu တို့ဟာ ဒေါ်လာသန်းနဲ့ချီတဲ့ လုပ်ငန်းစုကြီးကို ပိုင်ဆိုင်တဲ့ ပါတနာနှစ်ယောက်ဖြစ်လို့နေပါပြီ။
https://www.instagram.com/p/CBIIZscADy2/
Tsiouklas ဟာ ပထမဆုံးစီးပွားရေးကို ဇော်ချလုပ်ခဲ့တာ အသက် ၁၃ နှစ်သာရှိပါသေးတယ်။ အဲဒီတုန်းက website သေးသေးလေးနဲ့ eBay တို့မှတစ်ဆင့် gaming code ရောင်းဝယ်ရေးတွေကိုလုပ်ရင်း ဒေါ်လတာ ၁ သောင်းတောင် အမြတ်ရခဲ့ပါတယ်။ နောက် အသက် ၁၅ နှစ်ရောက်လာတဲ့အချိန်မှာတော့ သူ့ရဲ့ တစ်ပတ်စာဝင်ငွေဟာ ဒေါ်လာ ၁ထောင်ရှိနေခဲ့ပါပြီ။ လုပ်ငန်းကတော့ ဖုန်းအပျက်တွေကို ကိုယ်တိုင်ပြင်ပြီးရောင်းခဲ့တာပါ။ ဖုန်းပြင်တဲ့ အတတ်ပညာကိုလည်း နွေရာသီကျောင်းပိတ်ရက်တုန်းက သင်ခဲ့တာပါတဲ့။ နောက်နှစ်နှစ်လောက်မှာတော့ ကိုယ်တိုင်ထီထွင်ထားခဲ့ ဖုန်း app ပေါင်း ၁၀၀ ကျော်ကို ဒေါ်လာ ၅ သိန်းဖိုး လောက်ရောင်းခဲ့ရင်း flippa.com ဆိုတဲ့ website ကို တည်ထောင်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ်ရောက်ကာမှ သူငယ်ချင်းနှစ်ယောက်ပေါင်းပြီး Kickspan ဆိုတဲ့ Digital Agency တစ်ခုကို တည်ထောင်ခဲ့ပါတယ်။ အခု ဆိုရင်တော့ ဒီ Digital Agency မှာ အလုပ်အပ်သူပေါင်းချည်းပဲ ၁၂၀၀၀ လောက်ရှိနေခဲ့ပါပြီ။ ဝန်ဆောင်မှုပေးတာတွေကတော့ website နဲ့ mobile app development, Facebook advertising နဲ့ Instagram management, graphic design, data collection နဲ့ digital consulting စတဲ့ ဝန်ဆောင်မှုတွေပါ။ အခုဆိုရင်တော့ လုပ်ငန်းတန်ဖိုးဟာ ဒေါ်လာသန်း ၅ ဆယ် လောက်ရှိနေပါပြီ။
နှစ်ယောက်စလုံး အသက် ၁၉ နှစ်ဆီပဲ ရှိနေကြသေးတဲ့အတွက် အထက်တန်းကျောင်းတက်နေရတုန်းပါပဲ။ အလုပ်တစ်ဖက်နဲ့ ကျောင်းလည်းတက်နေရသေးတဲ့အတွက်ကြောင့် ကျောင်းမှာလည်း အားတဲ့အချိန်တွေမှာ အလုပ်လုပ်ဖြစ်ခဲ့ကြတယ်လို့ News.AU ကို ပြောကြားခဲ့ပါတယ်။ ဥပမာ ကျောင်းစာကြည့်တိုက်မှာ သိချင်တာတွေရှာကြတဲ့အပြင် ထမင်းစားနားချိန်တွေမှာတော့ အလုပ်အပ်တဲ့လူတွေအတွက် အလုပ်လုပ်ပေးခဲ့တာပါ။
https://www.instagram.com/p/CAFkE3dAnew/
သူတို့နှစ်ယောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ချာတိတ်နှစ်ယောက် IT သင်တန်းတွေလိုက်တက်၊ ကျောင်းမှာလည်း ကွန်ပြူတာတစ်လုံးစီနဲ့ တစ်ကုတ်ကုတ်မလို့ အသက်ကြီးတဲ့လူတွေဆီက “မင်းတို့အပိုတွေ ဖြစ်ထွန်းမှာလည်းမဟုတ်ဘူး” ဆိုတဲ့ စကားလုံးတွေကတော့ သူတို့အတွက် အခက်ခဲဆုံးပါပဲတဲ့။
အခုခေတ်ဟာ အရာရာ digital ခေတ်ဖြစ်လို့နေပါပြီိ။ Digital ခေတ်ထဲမှာ အသစ်ဖြစ်ထွန်းလာတဲ့ လုပ်ငန်းတွေအနေနဲ့ တော်ရုံ ဘွဲ့တွေ၊ လက်မှတ်တွေမလိုအပ်ပါဘူး။ လေ့လာမှုအားပဲလိုအပ်တာပါ။ ကြိုးစားရင် ကြိုးစားသလောက်ဖြစ်ထွန်းတဲ့ digital ခေတ်ကြီးထဲမှာ ဆယ်ကျော်သက်ကျောင်းသားလေးနှစ်ယောက် Fotios Tsiouklas နဲ့ Alan Gokoglu တို့ကို ကျွန်တော်တို့တွေ အတုယူရမှာပါပဲ။
Penny