အတွင်းအင်္ဂါတွေနဲ့ လူ(၇)ဦးအသက်ကယ်နိုင်ခဲ့သူ ဆယ်ကျော်သက်လေး

အသက်(၁၅)နှစ်အရွယ်ရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အားကစားခန်းမထဲမှာ မတော်တဆမှုနဲ့သေဆုံးသွားခဲ့ပါတယ်။ ကောင်လေးအမည်ကတော့ Ben Shaw ဖြစ်ပြီး သြစတေးလျနိုင်ငံ Brisbane ကဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက Ben ဟာအားကစားလုပ်နေရင်းနဲ့ (၉၈)ကီလိုဂရမ်အလေးက လည်ပင်းအပေါ်မှာ မိနစ်၃၀လောက်ပိနေခဲ့ပြီး သေဆုံးသွားခဲ့တာပါ။

(Picture: Facebook)

Ben ဟာ Pine Rivers PCYC အားကစားခန်းမမှာ ကာယလေ့ကျင့်ခန်းလုပ်နေသူဖြစ်ပါတယ်။ ဆရာဝန်တွေက Ben ဟာလုံးဝပြန်ကောင်းမလာနိုင်တော့ဘူးလို့ ဆုံးဖြတ်ပြီးတဲ့နောက် အသက်ကယ်စက်ကိုဖြုတ်ပစ်ဖို့ မိဘတွေကခက်ခက်ခဲခဲဆုံးဖြတ်ချက်ချခဲ့ရပါတယ်။ Ben ရဲ့မိခင်ဖြစ်တဲ့ Dayla Shaw ကတော့ သားဖြစ်သူသေဆုံးသွားပေမယ့် သူ့ရဲ့အတွင်းအင်္ဂါတွေနဲ့ လူတွေအသက်ကိုကယ်ဆယ်နိုင်ခဲ့အတွက် အနည်းငယ်စိတ်သက်သာရာရမိကြောင်း ဆိုပါတယ်။

(Picture: Pine Central Holy Spirit Hornets)

Ben ရဲ့အတွင်းအင်္ဂါတွေနဲ့ စုစုပေါင်းလူ(၁၃)ယောက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ ကလေးသုံးယောက်ကို နှလုံးအဆို့ရှင်တွေလှူဒါန်းနိုင်ခဲ့တဲ့အပြင် လူကြီးတွေကိုပါ လိုအပ်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လှူဒါန်းနိုင်ခဲ့ပါတယ်။ Ben ရဲ့မိခင်ဖြစ်သူ Ms Shaw ကတော့ အားကစားရုံ Pine Rivers PCYC အနေနဲ့ လေ့ကျင့်ခန်းလုပ်သူတွေရဲ့ လုံခြုံရေးပေါ်လစီတွေကို ထပ်တိုးဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားပါတယ်။

READ
ဝန်ကြီးချုပ်ကို လက်ဆွဲမနှုတ်ဆက်ဘဲ ခပ်ချေချေနေခဲ့လို့ နာမည်ကြီးနေတဲ့ မီးသတ်သမား
(Picture: Google maps)

သူမသားလေးလိုအဖြစ်မျိုး တခြားသူတွေကိုမခံစားစေချင်တာကြောင့်လို့ Ms Shaw ကဆိုပါတယ်။ ဒါ့အပြင် သူမက တခြားသူတွေကိုလည်း ခန္ဓာကိုယ်အစိတ်အပိုင်းလှူဒါန်းသူတွေဖြစ်အောင် တိုက်တွန်းအားပေးလျက်ရှိကြောင်းသိရပါတယ်။ ရဲအဖွဲ့ကတော့ Ben ရဲ့သေမှုသေခင်းနဲ့ပတ်သက်လို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE