ညီမဖြစ်သူကို လူဆိုးလက်ကနေ ကာကွယ်ပေးရင်း သေဆုံးခဲ့တဲ့လူငယ်လေး

Twitter / Newshub

ပြီးခဲ့တဲ့အပတ်က အိမ်ထဲကျူးကျော်ဝင်ရောက်လာသူတစ်ဦးရဲ့ရန်ကနေ (၅)နှစ်အရွယ်ညီမဖြစ်သူကိုကာကွယ်ရင်း အသက်(၁၅)နှစ်အရွယ်ကောင်လေး Khyler Edman ကတော့သေဆုံးသွားခဲ့ပါတယ်။ ဒီကိစ္စတွေဖြစ်ပြီးနောက်မှာတော့ အဲဒီကောင်လေး ကို သူရဲကောင်းတစ်ယောက်အဖြစ် လူအများကသတ်မှတ်ခဲ့ကြပါတယ်။

ဒီဖြစ်ရပ်ဟာ ဖလော်ရီဒါပြည်နယ် Charlotte ကောင်တီမှာ ဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်ပွားရာနေအိမ်ရဲ့အိမ်နီး ချင်းတွေက ညနေ(၄)နာရီဝန်းကျင်အချိန်မှာ အရေးပေါ်(၉၁၁)ကိုခေါ်ဆိုပြီးအကူအညီတောင်းခံမှုတွေပြု လုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အသက်(၂၇)နှစ်အရွယ် တရားခံ Ryan Cole ဟာ ဓားဒဏ်ရာတွေနဲ့ လမ်းတွေပေါ်မှာလျှောက်သွားနေတာကိုတွေ့တဲ့လူတစ်ချို့ရှိခဲ့တယ်လို့ WWSB  ရုပ်သံဌာနကဖော်ပြ ခဲ့ပါတယ်။

 

အခင်းဖြစ်ပွားရာနေရာကို ရဲတွေရောက်ရှိလာချိန်မှာတော့ Cole ဟာအိမ်ထဲကနေထွက်ပြေးဖို့ကြိုးစားခဲ့ ပါတယ်။ ထွက်ပြေးသွားတဲ့ Cole ကိုရဲတွေကလိုက်လံဖမ်းဆီးခဲ့ပြီး အချုပ်ခန်းထဲကိုပို့ခဲ့ကြပါတယ်။

ရဲက Cole ကိုဖမ်းဆီးခဲ့ပြီးနောက် အဲ့ဒီရပ်ကွက်အတွင်းရှိ ဒေသခံတွေကို အိမ်တံခါးတွေကိုမဖွင့်ထားပဲ လုံလုံခြုံခြုံနေထိုင်ကြဖို့သတိပေးချက်တွေထုတ်ပြန်ခဲ့ပါတယ်။

ရဲတွေအခင်းဖြစ်ရာနေရာကိုရောက်သွားချိန်မှာတော့ Khyler Edman ဆိုတဲ့ ကောင်လေး သေဆုံးနေတာကိုတွေ့ရှိခဲ့ပြီး သူ့ရဲ့ညီမလေးကတော့ အသက်ရှင်လျက်ရှိနေခဲ့တာကိုတွေ့ခဲ့ရတယ်လို့ ရဲတွေကပြောပါတယ်။

Khyler ဟာ သူ့ညီမလေးကို ကာကွယ်ဖို့အတွက် အသက်ပေးသွားတာဖြစ်လို့ သူ နဲ့ပတ်သက်ပြီး အမြဲတမ်းဂုဏ်ယူနေမှာပါလို့ Khyler ရဲ့မိသားစုတွေထဲက ပြောရေးဆိုခွင့် ရှိသူအမျိုးသမီး Crystal Stone က Wink News ရုပ်သံဌာနကိုပြောကြားခဲ့ပါတယ်။

“Khyler ဟာ မိသားစုကိုချစ်တယ်၊ သူ့ရဲ့ညီမလေးကိုလည်းနောက်ဆုံးအချိန်အထိစောင့်ရှောက်ပေးခဲ့တာပါ” လို့ Crystal Stone ကပြောခဲ့ပါတယ်။

လက်ဦးမှာတော့ တရားခံ Cole ကို နေအိမ်ထဲကျူးကျော်ဝင်ရောက်မှုနဲ့ပစ္စည်းခိုးယူမှုဆိုတဲ့စွဲချက်ေ တွနဲ့ ဖမ်းဆီးထားပါတယ်။ဒါပေမယ့် နောက်ထပ်စွဲချက်တွေတင်ပြီးလုပ်ဆောင်ဖို့တွေရှိတယ်လို့ အာဏာပိုင်တွေက WWSB ရုပ်သံဌာနကိုပြောကြားခဲ့ပါတယ်။

Thae

SHARE