ဆေးရုံအတွက် Mask တစ်သောင်းကျော် လှူဒါန်းပေးခဲ့တဲ့ ဆယ်ကျော်သက်လေး

Image:Valerie Xu

အမေရိကန် တက္ကဆက်ပြည်နယ်မှာရှိတဲ့ ဆယ်ကျော်သက် အရွယ် မိန်း ကလေး က တော့ ဆေးရုံ အတွက် လို အပ် တဲ့ Mask (11,000 ) ကို လှူဒါန်း ပေးခဲ့ပါတယ်။ကိုရိနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ဆေးရုံတွေ မှာ Mask တွေ လိုအပ်နေပါတယ်။ဆယ်ကျော်သက် ဆိုပေမယ့် အရွယ်နဲ့ မလိုက် အောင် ဆေးရုံရဲ့  လိုအပ်ချက်တွေ ကို ဖြည့် တင်း ပေးဖို့ ကြိုးစားခဲ့သူလေး ရဲ့ နာမည်က တော့ Valerie Xu ပါ။အသက် ကတော့ (၁၅)နှစ်ပဲ ရှိပါ သေးတယ်။

Facebook/Valerie Xu

Mask လှူတဲ့သူမရဲ့ အလှူမှာ နောက်ထပ် ရည်ရွယ်ချက်တစ်ခု ရှိပါတယ်။အဲ့ဒါ ကတော့ ကပ်ရောဂါ ဖြစ်ပွား နေတဲ့ ကာလ အတွင်းမှာ အ မေရိကန် ရောက် အာရှ အ မေ ရိကန် တွေ  ကို ခွဲခြားဆက်ဆံမှုတွေ၊မျက်နှာ လိုက်မှုတွေ ကို လွင့် ပျောက် စေချင်တဲ့ ဆန္ဒနဲ့ အခုလို လုပ်ခဲ့တာပါ။သူမရဲ့ အလှူနဲ့ ပတ်သက်ပြီး People မဂ္ဂဇင်းက အင်တာဗျူး လုပ် တဲ့ အခါ မှာတော့ Valerie Xu က အမေရိကန်မှာရှိတဲ့ ဆေးရုံတွေမှာ Mask နဲ့ PPE ပြတ် လပ်နေတာကို သ တိပြု မိ ကြောင်း ဒါကြောင့် သူမ တက်နိုင်တဲ့ ဘက် က နေ Mask လှူ ဖို့ ဆုံးဖြတ် ခဲ့တာလို့ ဆိုပါတယ်။

READ
လူနာကို မှားယွင်းပြီး ဦးနှောက်ခွဲစိတ်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း(၄)ဦးကို ရာထူးဆိုင်းငံ့
Facebook/Valerie Xu

Mask တွေ လှူဖို့ အတွက်ကိုတော့ Xu က ရန်ပုံငွေ လှုံ့ ဆော် ပေးခဲ့တာပါ။ရလာတဲ့ ရန်ပုံငွေ ထဲက နေ Mask တွေ ၀ယ်ပြီး Dallas မှာရှိတဲ့ UT Southwestern Medical Center ကို လှူပေးခဲ့တာပါ။လှူရတဲ့ အတွက် ၀မ်းသာ သလို အာရှ အ မေရိကန် တွေ ကလည်း ကျန်းမာရေးလုပ်သားတွေနဲ့ အတူတူ တသားတည်း၇ှိ ကြောင်း၊စည်းလုံး ညီ ညွတ် ကြောင်းကို ပြသ ခွင့်ရလို့ ပျော်ရွှင် မိတယ်လို့ လည်း ပြောခဲ့ပါတယ်။Xu ကတော့ သူမတို့ မိသားစုနဲ့ ရင်းနှီး တဲ့ ဆရာဝန် တစ်ယောက်ဆိုရင် Mask မ လောက်လို့ သုံးပြီးသားတွေကိုပဲ ပြန်သုံး နေရတယ်လို့ ပြောခဲ့ပါတယ်။Mask မလုံ လောက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ဆရာဝန်ဟာ သူ တစ်ယောက်တည်းမဟုတ်ပဲ တခြား ဆရာဝန်တွေ လည်း အခုလိုပဲ ခံစားနေရတယ်လို့ လည်း Xu က ပြောခဲ့ပါတယ်။ကပ်ရောဂါကို ခုခံ တွန်းလှန် ပေးနေ တဲ့ ကျန်းမာရေး ၀န်ထမ်း တွေ ကို ပြည်သူတွေ ဘက်က လည်း တက်နိုင်သမျှ ကူညီပေးကြဖို့ ကိုလည်း Xu က နှိုးဆော်ခဲ့ပါတယ်။

READ
ကိုရီးယားမှာ ကမ္ဘာ့ အကြီးဆုံး 3D သမုဒ္ဒရာ ရေလှိုင်းတွေကို ဖန်တီး
Facebook/Valerie Xu

Source://people

SHARE