ချစ်ညီလေးကို တနေ့တမျိုး မရိုးရတဲ့ဝတ်စုံတွေနဲ့ သွားကြိုလေ့ရှိတဲ့ ချစ်ကိုကြီး

The Bus Brother Facebook

တအူတုံဆင်း ညီအကို သံယောဇဉ်ဆိုတာ အလွန်ကြည်နူးဖို့ကောင်းတဲ့ အရာပါ။ ကိုယ့်အကိုက သင့်ကို အနိုင်ကျင့်နေကြမဟုတ်ရင်ပေါ့လေ။ အခုလည်း အမေရိကန်နိုင်ငံ၊ လူဝီဆီယားနားပြည်နယ်က ညီအကို(၂)ဦးရဲ့ ဖြစ်ရပ်က ကြည်နူးဖို့လည်းကောင်းသလို၊ ညီငယ်အတွက်လည်း တခါတလေ မျက်နှာပူစရာ၊ ရှက်စရာဖြစ်လို့နေပါတယ်။

The Bus Brother Facebook

အကြောင်းကတော့ နိုအာတင်ဂယ်လ်လို့ အမည်ရတဲ့ အထက်တန်းကျောင်းသားဟာ ကောလိပ်တက်ဖို့ မသွားခင်မှာ သူချစ်ရတဲ့ ညီလေး မက်စ်နဲ့ အမှတ်တရတွေ ဖန်တီးဖို့ အကြံတခုရခဲ့ပါတယ်။ အဲ့ဒါကတော့ သူ့ညီကို နေ့တိုင်း ကျောင်းသွားကြိုဖို့ပါပဲ။ ဒါပေမဲ့ ရိုးရိုးတန်းတန်း ကြိုမှာ မဟုတ်ပါဘူး။ တနေ့တမျိုး မရိုးရအောင် ဝတ်စုံမျိုးစုံဝတ်ပြီး သွားကြိုဖို့ပါပဲ။

Day #7 #thebusbrother

Posted by The Bus Brother on Saturday, August 24, 2019

ဒီအကြောင်းနဲ့ပတ်သက်ပြီး နိုအာက အခုလိုပြောခဲ့ပါတယ်။ ‘အခု ကျွန်တော် အထက်တန်းနောက်ဆုံးနှစ်ကိုရောက်နေပြီး လာမဲ့နှစ်မှာ ကော လိပ်တက်ရတော့မှာပေါ့။ ဒါနဲ့ တရက် ကျွန်တော်အိမ်မှာရှိနေတုန်း ကျွန်တော့်ညီ မက်စ် ကျောင်းကားပေါ်က ဆင်းလာတာကို တွေ့လိုက် တယ်။ အဲဒီမှာပဲ ကောလိပ်မသွားခင် သူ့ကိုနေ့တိုင်းကျောင်းသွားကြိုပြီး အမှတ်တရလေးတွေ ဖန်တီးဖို့ အကြံရလိုက်တာပါ။ သူ့ကို နဲနဲလေး စိတ်ညစ်သွားအောင်လည်း လုပ်ရမှာပေါ့’လို့ ပြောခဲ့တာပါ။ နောက်ပိုင်း ဝတ်စုံမျိုးစုံနဲ့ကျောင်းသွားကြိုပြီး သူတို့ရဲ့ဓာတ်ပုံတွေကို မိခင်ဖြစ်သူက ဆိုရှယ်လ်မီဒီယာပေါ်ကို တင်ခဲ့ပြီးနောက်မှာ ဝတ်စုံလှူဒါန်းတဲ့သူတွေ တဖြေးဖြေးနဲ့ များလာခဲ့တယ်လို့ နိုအာက ပြောခဲ့ပါတယ်။

 

 

View this post on Instagram

 

Thank you @houseofhighlights for posting our content ❤️❤️#🚌gang

A post shared by Bus bros fp (@thebusbrotherscentral) on

နိုအာ ဝတ်ခဲ့တဲ့ ဝတ်စုံတွေထဲမှာ လူပြက်ဝတ်စုံ၊ ဂေါ်ရီယာဝတ်စုံ၊ လေမှုန်အရုပ်ပုံ စတာတွေအပြင် မက်စ်ရဲ့အကြိုက်ဆုံး ချူဘာကာ ဝတ်စုံ လည်းပါဝင်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး မက်စ်ကလည်း ‘အစကတော့ ကျွန်တော်လည်း ရှက်တာပေါ့။ အကိုက ပေါက်ကရဝတ်စုံတွေဝတ်ပြီး လာလာကြိုနေတာကိုး။ ဒါပေမဲ့ နောက်တော့လည်း နေသားကျသွားပါပြီ’ လို့ ပြောခဲ့ပါတယ်။

#14- Happy Friday ya’ll #thebusbrother

Posted by The Bus Brother on Friday, August 30, 2019

သူတို့ညီအကိုရဲ့ ချစ်စရာအဖြစ်အပျက်တွေကို The Bus Brother ဆိုတဲ့ facebook page မှာ ဝင်ရောက်ကြည့်ရှုနိုင်သလို၊ Instagram မှာလည်း The Bus Brothers Central ဆိုတဲ့ အကောင့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

KYM

SHARE