PUPG တော့လွန်းလို့ မိဘတွေက ဖုန်းသိမ်းတဲ့အတွက် ဒရာမာခင်းကာငွေညှစ်ခဲ့တဲ့သား

PUPG

အိန္ဒိယက အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ မျက်နှာနဲ့ဖုန်းနဲ့မခွာနိုင်အောင်ဖြစ်နေပြီး အမြဲတမ်း PUPG ပဲ ဆော့လွန်းလို့ဆိုကာ မိဘတွေက ဖုန်းကိုသိမ်းလိုက်ခဲ့ပါတယ်။

အထက်တန်းမှာ ဘာသာစုံအမှတ်ပြည့်နီးပါးနဲ့အောင်ခဲ့တဲ့ လူရည်ချွန်တစ်ယောက်ဖြစ်ပြီး အခုအခါမှာလည်း ပုဂ္ဂလ်က နည်းပညာကျောင်းတစ်ကျောင်းမှာ တက်ရောက်နေခဲ့ပါတယ်။ အရင်တုန်းကစာတော်ခဲ့ပေမယ့်လို့ အခုအချိန်မှာတော့ ဂိမ်းကိုအလွန်အကျွံဆော့တာခဲ့ကာ အမှတ်တွေလည်း သိသိသာသာလျော့လာတဲ့အပြင် အပြင်လောကကိုလည်း စိတ်မဝင်စား၊ မိဘတွေနဲ့လည်း စကေားအပြောအဆိုမလုပ်တော့တဲ့အတွက် မိဘတွေခင်ဗျာစိုးရိမ်ပူပန်လာကာ ဖုန်းသိမ်းခဲ့ရတာပါလို့ Deccan Chronicle မှာဖော်ပြထားပါတယ်။

PUPG
PUPG

ဖုန်းသိမ်းပြီးနောက်တစ်ရက် အောက်တိုဘာလ ၁၁ ရက်နေ့မှာတော့ အဲဒီကောင်လေးဟာ မိဘတွေကို သူငယ်ချင်းအိမ်သွားလည်ဦးမယ်ဆိုပြီး ပြန်မလာခဲ့ပါဘူးတဲ့။ အချိန်လွန်သည်အထိ စောင့်ခဲ့ပေမယ့်လည်း ပြန်မလာတာကြောင့် စိုးရိမ်တကြီးနဲ့ သက်ဆိုင်ရာကို လူပျောက်တိုင်ကြားခဲ့တဲ့အတွက် ရဲတပ်ဖွဲ့မှနေပြီး အချိန်နှင့်တပြေးညီရှာဖွေနေခဲ့ပါတယ်။ စီစီတီဗီမှတ်တမ်းတွေအရ ကောင်လေးဟာ မွန်ဘိုင်းသွားတဲ့ ကားကြီးပေါ်တက်သါားတာကို နောက်ဆုံးတွေ့လိုက်ရပါတယ်တဲ့။

ရဲတွေရဲ့ပြောကြားချက်အရ ကာယကံရှင်ဟာ အဖိုးအဖွားတွေရှိရာကို အိမ်ကမသိအောင် မုန့်ဖိုး ရူပီး ၂၀၀၀ တောင်းခဲ့ပြီး ထွက်သွားဖို့ ကြံစည်ခဲ့ပေမယ့်လို့ လမ်းတစ်ဝက် Sholapur မှာ ခဏရပ်တဲ့အချိန် အပေါ့ဆင်းသွားခဲ့ကာ ကြာသွားတဲ့အတွက် ကားလွတ်သွားခဲ့ပါတော့တယ်။ လက်ထဲမှာလည်း ကားခကမကျန်တော့၊ မိဘကိုဖုန်းဆက်ပြီး ပိုက်ဆံလှမ်းတောင်းတာ၊ လာခေါ်ခိုင်းတာတို့လုပ်ရင်လည်း အဆူခံရမှာဆိုးလို့ဆိုပြီး ဖုန်းငှားကာ အသံဖျက်ပြီး မင်းတို့သားကို ပြန်ပေးဆွဲသွားတယ်၊ ရူးပီး ၃ သိန်းနဲ့ လာရွေးဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်တဲ့။ ဖြစ်ချင်တော့ ကားလက်မှတ်ကို ကောင်လေးက အမေဖြစ်သူရဲ့ဘဏ်အကောင့်ထဲကပိုက်ဆံနဲ့ အွန်လိုင်းမှတစ်ဆင့် ဝယ်ခဲ့တာဖြစ်တဲ့အတွက် ခရီးစဉ်ဆုံးပြီဖြစ်ကြောင်း အောက်တိုလ ၁၂ ရက်နေ့မှာ ဖုန်းထဲ message ဝင်လာခဲ့ပါတော့တယ်။ ဒါကြောင့် ရဲတွေဆီကို အကြေားကြားကာ ကောင်လေးကိုသွားပြန်ခေါ်လာနိုင်ခဲ့ပြီး ပြဿနာအားလုံးကို ဖြေရှင်းလိုက်နိုင်ပါတော့တယ်။

READ
ခင်ပွန်းနဲ့မိခင်တို့ရဲ့အချစ်ရေးကို ရင်ဖွင့်လာခဲ့တဲ့ ထိုင်ဝမ်မင်းသမီး Jiang Pingzeng
[email protected]_aksakova

နောက်မှာတော့ မိဘအိမ်ကို အန္တရာယ်ကင်းကင်းနဲ့ ပြန်ပို့နိုင်ခဲ့ပြီး စိတ်ကျန်းမာရေးအခြေအနေအရ ဆွေးနွေးမှုတွေပြုလုပ်ဖို့အတွက် ရဲတွေကအကြံပေးခဲ့ပါတော့တယ်။ ဓာတ်ပုံတွေနာမည်တွေကိုတော့ လုံခြုံလေးအရ ဖော်ပြထားခြင်းမရှိခဲ့ပါဘူး။

Penny

 

SHARE