PS4 ဂိမ်းစက်ကို ၈ ယူရိုနဲ့ ပေးပြီးဝယ်သွားခဲ့လို့ ထောင်ကျသွားတဲ့ဆယ်ကျော်သက်

ပြင်သစ်ဆယ်ကျော်သက်တစ်ဦးဟာ PS4 ဂိမ်းစက်ကို ၈ ယူရိုပေးပြီး စူပါမားကတ်ကနေ ခပ်တည်တည်နဲ့ဝယ်သွားခဲ့ပါတယ်။

တရားခံကတော့ အသက် (၁၉) နှစ်သာရှိသေးပြီး Adel လို့ သိရတဲ့ ဆယ်ကျော်သက်တစ်ဦးဖြစ်ပါတယ်။ ဒေါ်လာရာချီတန်တဲ့ ဂိမ်းစက်ကို ဘယ်လိုလုပ်ပြီး ၈ ယူရိုနဲ့ဝယ်သွားရတာလဲ၊ ငွေရှင်းတဲ့အခါ မသိဘူးလားဆိုပြီး ထင်နေကြမှာဖြစ်ပေမယ့် Adel ဟာ သိပ်ကို ဥာဏ်ကောင်းလွန်းလှပါတယ်။ ဂိမ်းစက်ကို ဂိမ်းစက်မှန်းမသိအောင် လုပ်ပြီးဝယ်သွားခဲ့တာပါ။

REX/Shutterstock

Adel ဟာ PS4 ကို ရောင်းတဲ့စင်ပေါ်ကနေ ခပ်တည်တည်နဲ့ယူပြီး သစ်သီးတန်းဆီကို ထွက်ခဲ့ပါတယ်။ သစ်သီးတန်းမှာ ထားထားတဲ့ သစ်သီးအချို့ကို အိတ်ထဲသို့အရင်ထည့်၊ ပြီးကာမှ ဂိမ်းစက်ကို အလယ်ကထည့်၊ ထပ်ပြီး သစ်သီးတွေနဲ့ အပြင်ဖက်ကကြည့်ရင်မမြင်နိုင်အောင် စနစ်တကျ လုပ်ကာ အိတ်ကိုပိတ်ခဲ့ပါတယ်။

READ
ရှေးဟောင်းသင်္ချိုင်းတစ်ခုတွင် နှစ် ၂ ထောင်ခန့်ကြာမြင့်ခဲ့တဲ့ မမ်မီအလောင်းများတွေ့ရှိခဲ့

နောက်မှာတော့ သွေးအေးစွာနဲ့ပဲ သစ်သီးတွေကို ကီလိုချိန်တဲ့ချိန်စက်ပေါ်တင်ကာ ကီလိုအလိုက်ကျသင့်တဲ့ ဈေးကို ပေးချေခဲ့တာပါ။  Adel ချိန်ထားတဲ့ သစ်သီးထုပ်ဟာ အလေးချိန်ဟားဖြင့် ၆ ပေါင်ရှိပြီး သစ်သီးအတွက် ယူရို ၇.၈၆ ( ၉ ဒေါ်လာ ) ပေးခဲ့ပါတယ်။

REX/Shutterstock

ပြင်သစ်အရှေ့ပိုင်း Montbeliard က စူပါမားကတ်တစ်ခုမှာ ပြီးခဲ့တဲ့နှစ် ၂၀၁၈ စက်တင်ဘာလတုန်းက ဖြစ်ပွားခဲ့တဲ့ အမှုတစ်ခုဖြစ်ပါတယ်။ PS4 ဂိမ်းစက်အသစ်စက်စက်တစ်လုံးဟာ ယနေ့ပေါက်ဈေးအရ ဒေါ်လာ (၃၄၀) လောက်ရှိနေပါတယ်။

နောက်တစ်ရက်မှာလည်း Adel ဟာ အဲဒီဆိုင်ကိုပဲ ထပ်လာကာ အရင်နေ့ကနည်းလမ်းအတိုင်း နောက်ထပ် ဂိမ်းစက်တစ်ခုကို ထပ်အလစ်သုတ်ဖို့ ကြံစည်ခဲ့ပါတယ်။ သို့ပေမယ့် ဖမ်းမိခဲ့ကာ တရားရင်ဆိုင်နေခဲ့ပါတယ်။ Adel ပြောပုံအရဆိုရင်တော့ Montbeliard ကနေ သူ့ရဲ့မြို့ Nice ကို ပြန်ဖို့ လမ်းစရိတ်လိုတာကြောင့် ခိုးခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ပထမခိုးသွားတဲ့ ဂိမ်းစက်ကိုတော့ ဒေါ်လာ (၁၀၀) နဲ့ အပြင်မှာ ပြန်ရောင်းခဲ့တယ်လို့လည်း ပြောခဲ့ပါတယ်။

READ
သရုပ်ပြစဉ်မတော်တဆဖြစ်ပြီး ဒဏ်ရာရရှိခဲ့ကြတဲ့ မက္ကဆီကိုမီးသတ်တပ်ဖွဲ့ဝင်များ
REX/Shutterstock

၂၀၁၈ ခုနှစ်ကတည်းက သူ့ကို ဖမ်းဆီးခဲ့ကာ အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သော်လည်း တရားရုံးမှ အမိန့်ချမှတ်ဖို့အတွက် ဆင့်ခေါ်တဲ့အခါတိုင်း တစ်ခါမှ မလာခဲ့ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် အမှုမှာ ကြံ့ကြာခဲ့ပြီး ၂၀၁၉ ဇန်နဝါရီ လကုန်ကျမှ စစ်ဆေးမှုပြီးစီးကာ ထောင်ဒဏ် (၄) လချမှတ်ခဲ့ပါတယ်။

Source: Daily Mail

Penny

SHARE