ဆယ်လ်ဖီရိုက်ဖို့ကြိုးစားရင်း ပြုတ်ကျသေဆုံးခဲ့တဲ့ ရုရှဆယ်ကျော်သက်

ရုရှနိုင်ငံက အထပ်မြင့် အဆောက်ဦမှာ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ဟာ ဆယ်လ်ဖီရိုက်ဖို့ ကြိုးစားရင်း
ပြုတ်ကျသေဆုံးခဲ့ပါတယ်။ သူဟာ အထပ်မြင့် အဆောက်ဦးအစွန်းမှာ ဆယ်မိနစ်လောက် တွဲလောင်းဖြစ်နေသေးပြီး၊
နောက်မှ အောက်ကို ပြုတ်ကျ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

၎င်းဆယ်ကျော်သက်ဟာ သွေးစုပ်မိစ္ဆာတွေဝတ်တဲ့အနက်ရောင် မှော်ဝတ်စုံလိုအရာမျိုး ၀တ်ဆင်ထားပြီး၊ ပုံစံကြည့်ရတာ ထိုဝတ်စုံနဲ့ လေထဲမှာ ၀ဲပျံနေဟန်ကို Background ထားပြီး ဆယ်လ်ဖီဆွဲဖို့ ကြိုးစားခဲ့ပုံရပါတယ်။ သူဟာ ဘယ်လို အနေအထားနဲ့ တွဲလောင်းခိုအနေအထားကို ရောက်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမယ့် မျက်မြင်သက်သေ တစ်
ချို့ကတော့ သူဟာ အဆောက်ဦးအစွန်းတစ်ခုကို လက်မှာစွဲရင်း စတန့်ထွင် ဆယ်လ်ဖီရိုက်ဖို့ ကြိုးစားခဲ့ပုံ ရတယ်လို့ ဆိုပါတယ်။

အဲဒီအနေအထားနဲ့ သူဟာ မဟန်မှန်းသိပြီး ခေါင်မိုးပေါ်ကို ပြန်တက်ဖို့ ကြိုးစားတဲ့အချိန်မှာ မအောင်မြင်ခဲ့ဘဲ အောက်ကို
ပြုတ်ကျခဲ့တာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒီအဖြစ်အပျက်ဟာ ရုရှဗဟိုမြောက်ပိုင်း Yamalo-Nenets Autonomous Okrug ပြည်နယ်က Novy Urengoy မြို့မှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။ သေဆုံးခဲ့တဲ့ ကောင်လေးရဲ့ အသက်ကတော့ 19 နှစ်လို့ ရဲတပ်ဖွဲ့ အတည်ပြုခဲ့ပါတယ်။

READ
ပိုင်ရှင်တွေရဲ့ ရက်စက်စွာ စွန့်ပစ်ခံခဲ့ရတဲ့ ခွေးလေး

သေဆုံးသူရဲ့ အမည်ကိုလည်း Tamerlan A လို့ ဖော်ပြထားပါတယ်။ နီးစပ်တဲ့ သတင်းအသိုင်းအ၀ိုင်းမှာ ဖော်ပြထားတာကတော့ ဒီလို တွဲလောင်း ဖြစ်နေတဲ့ ကောင်လေးကို လူ (7)ယောက်လောက်က ခေါင်းမိုးပေါ်ကိုတက်ကာ ဆွဲတင်ဖို့ ကြိုးစားခဲ့ပေမယ့် ခေါင်မိုးပေါ်ကို အရောက်နောက်ကျသွားခဲ့ပါတယ်။ အကြောင်းကတော့ ဒီကောင်လေးဟာ အစကတည်းက တမင်စတန့်ထွင်နေတယ်ဆိုတာကို သိပြီး ငေးကြည့်ရုံပဲ ရှိနေခဲ့တဲ့ အခြေအနေမို့ပါ။ နောက်ပိုင်း အခြေနေမကောင်းမှန်းသိလို့ ကူညီဖို့ တက်သွားတော့ ကောင်လေးက ပြုတ်ကျသေဆုံးသွားခဲ့ပါပြီ။

သေဆုံးတဲ့ကောင်လေးရဲ့ သူငယ်ချင်းတွေက အဲဒီခေါင်မိုးပေါ်မှာ ဓာတ်ပုံတက်ရိုက်မယ့် သူ့ကို တားဆီးခဲ့လို့ သူတိုချင်း အချေအတင် စကားများခဲ့ကြသေးတယ်လို့ အတည်ပြုပါတယ်။ အဆိုပါ (19)နှစ်အရွယ် ကောင်လေးဟာ ဂက်စ် ပေါများစွာ ထွက်ရှိတဲ့ Novy Urengoy မြို့မှာ မိုင်းပေါင်း 2800 အဝေးကနေ အလုပ်လုပ်ဖို့ ရောက်လာသူတစ်ယောက်လို့ သိရပါတယ်။

READ
ရွာထဲကို ဝင်သောင်းကျန်းပြီး၊ ဝိုင်အရက်တွေ သောက်သွားတဲ့ ဆင်ရိုင်းအုပ် မူးပြီးအိပ်ပျော်

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE