တင်းနစ်ဘောလုံးအရွယ် လျှာကြောင့် ဒုက္ခရောက်နေရှာတဲ့ ကောင်လေး

အသက်(၁၈)နှစ် ပြည့်ပြီဖြစ်တဲ့ ပိုလန်နိုင်ငံသား Krzysztof Wegrzyn ဆိုတဲ့ ကောင်လေးမှာ ထူးဆန်းတဲ့ ရောဂါကို ခံစားနေရပြီး သူရဲ့ လျှာအရွယ်အစားဟာ တင်းနစ်ဘောလုံးအရွယ်ကို ရောက်နေပါတယ်။  Krzysztof ဟာ Haemangioma ဆိုတဲ့ Tumour ရောဂါကို ခံစားနေရသူ ဖြစ်ပါတယ်။

ဒီရောဂါကြောင့် သူလျှာမှာရှိတဲ့ သွေးပြန်ကြောတွေ ဖောင်းဖွပြီး လျှာမှာ အကြိတ်တည်ကာ ယခုလို တင်းနစ်အရွယ်အစားထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီရောဂါကို သူ ရှစ်နှစ်သားလောက်ကတည်းက စတင်ခံစားခဲ့ရတာ ဖြစ်ပြီး အဲဒီအချိန်
တုန်းက ဆရာဝန်တွေဟာ နှဟ်ကြိမ်အထိ ခွဲစိတ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သွေးပြန်ကျောတွေ ပေါက်ထွက်ဖို့ နီးစပ်တဲ့ အခြေအနေမို့ လက်လျှော့ခဲ့ကြတယ်လို့ သိရပါတယ်။

Krzysztof ဟာ  ဒီဆိုးဝါးလွန်းတဲ့ရောဂါကြောင့် စကားပြောရတာ အလွန်ခက်ခဲနေပြီး၊ အသက်ရှုလမ်းကြောင်းလည်း
ပိတ်ဆို့နေလို့ တော်တော် အနေရအထိုင်ရ ခက်နေပါတယ်။ သူက သတင်းမီဒီယာများနဲ့ တွေ့ဆုံစဉ်မှာ ” နော်ဝေမှာရှိတဲ့ ကောင်လေးတစ်ယောက်လည်း ဒီလိုအခြေအနေကို ရင်ဆိုင်နေရပါတယ် … သူက ခွဲစိတ်မှုခံယူပြီး အခု တော်တော်လေး အဆင်ပြေနေတာကို တွေ့ရတော့ ကျွန်တော်လည်း ခွဲစိတ်ချင်ပါတယ် “လို့ ပြောခဲ့ပါတယ်။

READ
ဒီအချက်တွေကို ယောကျာ်းလေးBest Friend ရှိတဲ့ မိန်းကလေးတွေပဲသိနိုင်ပါတယ်...

လက်ရှိအချိန်မှာတော့ Krzysztof ရဲ့ မိသားစုဝင်တွေနဲ့ ဆွေးမျိုးသားချင်းတွေဟာ Krzysztof ကို ဂျာမဏီနိုင်ငံကို ပို့ပြီး
ဆေးကုသနိုင်ဖို့ မိမိတို့ တနိုင်ပိုက်ဆံတွေ စုထည့်နေကြပါတယ်။ ဒါ့အပြင် ငွေကြေးအရ တက်နိုင်သူတွေလည်း ကူညီပေး
ကြဖို့ မေတ္တာရပ်ခံထားပါတယ်။ ဆေးကုသမှု ကုန်ကျစာရိတ်ဟာ ခန့်မှန်း £47,550 အထိ ကုန်ကျမယ်လို့ သိရပါတယ်။

ဂျာမဏီနိုင်ငံ  ZEberswalde, Brandenburg မှာတည်ရှိတဲ့ Klinik fur Vasculare Maltformationen ဌာနက ဆေးဘက်
ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကလည်း သူ့ကိစ္စကို အကူအညီပေးဖို့ စိတ်အားထက်သန်နေပြီး၊ မကြာခင်မှာ Krzysztof အဖို့ ခွဲစိတ်ဖို့အတွက် ရံပုံငွေ ပြည့်မီသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

မဒီလေး (Shwemom)

source : thesun.co.uk

SHARE