လွယ်အိတ်ထဲ လစဉ်သုံး Tampon နဲ့ Pad ကိုသယ်သွားလေ့ရှိတဲ့ ညီအစ်ကိုနှစ်ယောက်

Twitter / Jay Wright ‏

ယူနီဆက်ရဲ့အဆိုအရ ယနေ့ခေတ်မှာ မိန်းကလေးလူဦးရေများလာတာနဲ့အမျှ ကမ္ဘာ့လူဦးရေ(၂၆)ရာခိုင်နှုန်း၊ ကျွန်မတို့လူ(၄)ယောက်ထဲကတစ်ယောက်ဟာ ဓမ္မာတာခြင်းဆိုတဲ့သဘာဝတရားကိုရင်ဆိုင်ကြရသူတွေပါ။ အမျိုးသမီးနဲ့မိန်းကလေးအများစုဟာ ဓမ္မတာလာခြင်းကိစ္စကို လူရှေ့သူရှေ့ပြောဖို့ဆိုဖို့ ရှက်ကြောက်ကြပါတယ်။ ဒါက အမြဲတမ်းမှန်နေတယ်လို့ သတ်မှတ်လို့မရပါဘူး။ အမျိုးသမီးတစ်ဦးက ဒီအယူအဆတွေကို ပြောင်းလဲဖို့မျှော်လင့်တယ်လို့ ဆိုထားပြီး သူမရဲ့သားသမီးတွေကို လေ့ကျင့်သင်ကြားပေးပုံက အတုယူစရာကောင်းပါတယ်။

သမီးတစ်ယောက်သားနှစ်ယောက်ရှိတဲ့ မိခင်တစ်ဦးက ဆယ်ကျော်သက်သူ့သားနှစ်ယောက် ဒီနေ့ကိစ္စကြီးတစ်ခုကူညီလိုက်တယ်ဆိုပြီး ဖေ့ဘွတ်ခ်ပေ့ခ်ျမှာ တင်လိုက်ပါတယ်။ ဒါကတော့ အပျိုပေါက်ဖြစ်လာတဲ့ သူ့ညီမလေး အတွက်ပထမဆုံးဘရာလေးဝယ်ပေးကြတယ်။ မိခင်ဖြစ်တဲ့သူ့တာဝန်ကို အကိုတွေက ယူပေးလိုက်တာလေဆိုပြီး သားနှစ်ယောက်ပုံကိုတင်လိုက်တာပါ။ နောက်ထပ်ပြောတဲ့အကြောင်းကတော့ တကယ်စိတ်ဝင်စားစရာပါ။ ကောင်လေးနှစ်ယောက်ဟာ ကျောင်းကသူငယ်ချင်းမိန်းကလေးလိုအပ်တဲ့အခါ ကူညီနိုင်ဖို့ သူတို့အိပ်ထဲမှာ အမျိုးသမီးလစဉ်သုံး tampon နဲ့  pad ကို သယ်သွားလေ့ရှိပါတယ်။

 

ဒါဟာ ယောကျာင်္းမိန်းမ gender ခွဲခြားနေစရာမလိုဘဲ လူကျင့်ဝတ်ရှိဖို့ သင်ကြားပေးထားတဲ့ မိခင်ကောင်းကြောင့်လို့ဆိုရမှာပါ။

ဒီပို့စ်ဟာ ပျံ့နှံ့သွားပြီးနောက် ကောင်းမွန်တဲ့တုန့်ပြန်ချက်တွေများစွာရရှိခဲ့ပါတယ်။

ဒါပေမယ့်လို့ ဆိုရှယ်မီဒီယာသဘောသဘာဝ ဝေဖန်သူတွေကတော့ရှိစမြဲပါ။ အသက်လေးငါးခြောက်ဆယ်ကျော်လူကြီးပိုင်းတွေကတော့ ဒါက ကြောက်စရာဇာတ်လမ်းဆိုပြီးဆိုကြပြန်ပါတယ်။

Twitter / Jay Wright ‏

လူငယ်မိန်းကလေးတွေက လည်း ဓမ္မတာလာချိန်ဟာ မိန်းကလေးတိုင်း ခက်ခဲကြပါတယ်။ ဒါလို ကြင်နာပြီး ကိုယ်ချင်းစာစိတ်ရှိတဲ့ယောကျာင်္းတွေရှိတာ တကယ်ကောင်းမွန်တာပါလို့ဆိုပါတယ်။

နောက်အမျိုးသမီးအများစုက ဒီပို့စ်ကို အိမ်ကယောကျာင်္းနဲ့အဖေတို့ကိုမြင်စေချင်တယ်။ ဒါကို ရှက်ရွံ့စရာလို့မြင်နေတဲ့ နည်းလမ်းဟောင်းကြီးကို ပြောင်းလဲစေချင်တယ်။ သူတို့စတိုးဆိုင်သွားရင် လစဉ်သုံးပစ္စည်းဘယ်တော့မှ မှာလို့မရဘူးလို့ဆိုပါတယ်။

ကောင်လေးတွေကတော့ Micahအသက်(၁၅)နှစ်နဲ့  Elijahအသက်(၁၆)နှစ်ကောင်လေးတွေဖြစ်ပါတယ်။ Micahက ဒီအကြောင်းပြောရရင် ပြီးခဲ့တဲ့နှစ်က စတာပါ။ ဓမ္မတာလာလို့ အခက်အခဲဖြစ်နေတဲ့အမျိုးသမီးကို အိတ်ထဲကနေ tamponထုတ်ပေးခဲ့တဲ့ အမျိုးသားတစ်ယောက် အကြောင်းကို ဖတ်မိပြီး အသိဝင်ခဲ့တယ်။ ဒီအရာက ခက်ခဲတာမဟုတ်ပေမယ့် မိန်းကလေးအတွက် အထောက်အကူကောင်းဖြစ်စေတယ်။ ကျွန်တော်တို့ကလည်း မိခင်နဲ့ညီမရှိသူတွေလေလို့ဆိုပါတယ်။ ကျောင်းမှာဆိုလည်းသူငယ်ချင်းမိန်းကလေးအရေးပေါ်ဖြစ်လာရင် ကူညီပေးလိုက်တယ်လို့ဆိုပါတယ်။

Twitter / Jay Wright ‏

public high schoolအများစုမှာ ကျောင်းသားတွေထဲ အမျိုးသမီး(၆၀)ရာခိုင်နှုန်းရှိပေမယ့် ကျောင်းတွေမှာ လစဉ်သုံးပစ္စည်းတွေ ရောင်းချတာမျိုးတွေမရှိတဲ့အတွက် ဒါဟာ လည်းပြဿနာတစ်ခုဖြစ်ပါတယ်။ (၂၀၁၉)အမေရိကန်လေ့လာချက်အရ၊ အထက်တန်းကျောင်းသူ(၉၂)ရာခိုင်နှုန်းဟာ ကျောင်းတွေမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေထားရှိဖို့လိုတယ်လို့ တောင်းဆိုထားကြတယ်လို့သိရပါတယ်။

Khaing

SHARE