လေဆိပ်ထဲခိုးဝင်ပြီး လေယာဉ်ခိုးမောင်းတဲ့ (၁၇)နှစ်အရွယ် အာဂကောင်မလေး

East2west

အမေရိကန်၊ ကယ်ရိုလိုင်းနားပြည်နယ်၊ Fresno Yosemite International Airport လေဆိပ်မှာ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်ဟာ လေဆိပ်ခြံစည်းရိုးကို တွယ်တက်ပြီး၊ ရပ်နားထားတဲ့ လေယာဉ်တစ်စီးကို ခိုးယူမောင်းနှင်ဖို့ ကြိုးစားခဲ့ကြောင်း သိရပါတယ်။

သူမရဲ့ မဆင်မခြင်လုပ်ရပ်က ထိခိုက်မှုတွေ ရှိစေခဲ့လို့ တရားဥပဒေအရ ရင်ဆိုင်ရတော့မှာပါ။ အဆိုပါ ကောင်မလေးဟာ လေယာဉ်ကို စက်နှိုးလိုက်စဉ်မှာပဲ လေယာဉ်က အနီးအနားက ဂိတ်အဆောက်ဦကို ဝင်တိုက်ခဲ့မိတာပါ။ ဒါဟာ အဆိုးထဲက အကောင်းတွက်မယ်ဆိုရင် မဆိုးဘူးလို့ ပြောရမှာပါ။ အကြောင်းကတော့ တကယ်လို့သာ ဒီလေယာဉ်ကို သူမ မကျွမ်းမကျင်နဲ့ ပျံသန်းခဲ့မယ်ဆိုရင် တစ်ခြား မလိုအပ်တဲ့ဆိုးကျိုးတွေက ဒီထက်မပ ပိုများနိုင်လို့ပါ။ အဲဒီကောင်မလေးကို အခင်းဖြစ်နေရာမှာပဲ လေဆိပ်ရဲက ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့ မနက်(၇.၃၀)နာရီလောက်မှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။

East2west

ရဲတွေဟာ အခင်းဖြစ်နေရာကို ချက်ချင်းပြေးလာခဲ့ကြပြီး ဝိုင်းလိုက်ပါတယ်။ လေယာဉ်ဦးပိုင်းမှာ ပြစ်မှုကျူးလွန်သူ ကောင်မလေးကို တွေ့လိုက်ရပါတယ်။ သူမဟာ လေယာဉ်မှုတွေသုံးတဲ့ နားကြပ်ကိရိယာကိုတော့ ဟန်ကျပန်ကျ တပ်ထားပါသတဲ့။ လေယာဉ်ကတော့ ထိခိုက်ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့ပါတယ်။

ကောင်မလေးရဲ့ ရည်ရွယ်ချက်အရင်းအမှန်ကိုတော့ မသိရသေးပေမယ့်၊ ဒါဟာ အကြမ်းဖက်မှုလုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့တော့ ရဲက မယုံကြည်ပါဘူး။ သူမရဲ့မိခင်ကတော့ သမီးနဲ့ ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့ကတည်းက အဆက်အသွယ်ပြတ်နေခဲ့တယ်လို့ ပြောပါတယ်။ အခင်းဖြစ်စဉ်ကို စုံစမ်းနေဆဲပါ။

East2west

လင်းသူရိန်

SHARE