ကောင်မလေးကိုကံအဆိုးအညံ့တွေ ပျောက်စေဖို့အရှင်လတ်လတ်မြေမြှုပ်

အသက်(၁၈)နှစ်အရွယ် ဆယ်ကျော်သက်မိန်းပျိုလေး Ana Ballesteros ဟာ မကြာသေးမီက မိုးကြိုးအပစ်ခံခဲ့ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ Ana ဟာ ဒဏ်ရာအနည်းငယ် ရရှိရုံမှအပ သေကံမရောက်ခဲ့ပါဘူး။ ဒါပေမယ့် Ana မိုးကြိုးပစ်
ခဲ့ရခြင်းဟာ မိသားစုဝင်တွေရဲ့ ဘာသာရေးအယူအဆအရ ကံဆိုးလို့ဖြစ်တာလို့ ယူဆခဲ့ပါတယ်။

ဒါကြောင့် ကံအဆိုးအညံ့တွေ ပျောက်စေဖို့ Ana ကို အရှင်လတ်လတ် မြေမြှုပ်သင်္ဂြိုဟ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Ana က
လည်း ဒီအစီအစဉ်ကို ကြည်ဖြူစွာ သဘောတူခဲ့ပြီး၊ သူမတို့ရဲ့ ခြံဝင်းထဲမှာပင် မြေမြှုပ်သင်္ဂြိုဟ်ခံခဲ့ရပါတယ်။ အစီအစဉ်
အရတော့ Ana ဟာ တစ်ပတ်လျှင် သုံးရက် မြေမြှုပ်ခံရမှာ ဖြစ်ပါတယ်။

ဒါကြောင့် Ana ကို တွင်းကြီးတစ်ခုတည်းမှာ ထည့်ပြီး၊ ခြေထောက်မှ လည်ပင်းအထိ မြေမြှုပ်ခဲ့ကြပါတယ်။ Ana ဟာ မ
ကြာသေးမီက ကောလိပ်ကနေ တက္ကသိုလ်ကို လမ်းလျှောက်အပြန်မှာ မိုးကြိုးပစ်ခံရခြင်း ဖြစ်ပါတယ်။ မိုးကြိုးပစ်ခံရပြီး Ana ကို ချက်ချင်း ဆေးရုံပို့ခဲ့ကြပြီး နောက်ကျောမှာ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ပြီး၊ ရက်အနည်းငယ်လောက် လမ်းမ
လျှောက်နိုင်ခဲ့ပါဘူး။

READ
ဒီအလုပ်အကိုင်(၇)မျိုးက နောက်လာမဲ့(၁၅)နှစ်အတွင်း လုံးဝပျောက်ကွယ်သွားနိုင်ပါတယ်

4

ဒီကံအဆိုးအညံ့တွေကို ပျောက်စေဖို့ အရှင်လတ်လတ် စတိသဘော မြေမြှုပ်သင်္ဂြိုဟ်တာကို Ana က လက်ခံခဲ့ပါတယ်။ဒီနည်းအားဖြင့် မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေဟာ ဘုရားသခင်က ပေးတဲ့ စွမ်းအားတွေ၊ ကာကွယ်စောင့်ရှောက်မှုတွေ ပေးလိမ့်မယ်လို့ ယုံကြည် ခံယူကြပါတယ်။ ဒေသခံတွေက မိုးကြိုးဆိုတာ (တေဇောဓာတ်)ဖြစ်ပြီး သင့်ရောက်တဲ့သူရဲ့ စွမ်းအင်တွေကို စုပ်ယူသွားကာ ကံဆိုးခြင်းတွေ ဆက်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အအေးဓာတ် (ပထ၀ီဓာတ်) ပြန်ပေးရခြင်းလို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ ကိုလံဘီယာနိုင်ငံမြောက်ပိုင်း Monteria မြို့နယ်ထဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ အဆိုပါ ဒေသမှာ ရောဂါကြောင့်၊ သဘာဝအန္တရာယ်ကြောင့် ဘေးဒုက္ခ
သင့်ရောက်လျှင် ယခုကဲ့သို့သော ပယောဂနည်းဆန်ဆန်ဖြင့် ကုသပေးသည့် အဖွဲ့အစည်းတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံတွင်လည်း ယတြာချေခြင်း၊ နတ်ကို တစ်ခုခု ပူဇော်ပသရခြင်း၊ ခေါစာပစ်ခြင်း စသည့် ထူးဆန်းတဲ့ အလေ့အထတွေ ရှိနေပါသေးတယ်။

READ
လမစေ့၊ ပေါင်မပြည့်ပဲမွေးခဲ့ပေမယ့် အသက်ရှင်ခွင့်ရခဲ့တဲ့ မိန်းကလေးအမွှာပူး

ညီလင်းထက် (Shwemom)

source : mirror.co.uk

SHARE