သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန် မှာ ပြီးခဲ့တဲ့ တစ်ပတ်က ကြောက်စရာကောင်းတဲ့ တောမီးလောင်ကျွမ်းခဲ့ပြီး အဆောက်အဦ (၃၆)လုံးအထိ မီးလောင်ကျွမ်းခံခဲ့ရတာပါ။
ပြီးခဲ့တဲ့ စနေညက လောင်ကျွမ်းခဲ့တဲ့ မီးဟာ ဘန်ဂန်ဒါရာ၊ အဒီလိတ်ပန်းခြံ၊ မာရီဗေးလ်နဲ့ မာရီရေကန် တို့ကို ပတ်ပတ်လည်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်သမားတွေရော၊ ဒေသခံတွေအတွက်ပါ လုံးဝကို အလုပ်များစေခဲ့တာပါ။
ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ လူတစ်ဦးတစ်ယောက်မှ သေဆုံးခြင်းမရှိခဲ့ပဲ အားလုံးဘေးကင်းခဲ့ပါတယ်။ ကွင်းစ်လန်ပြည်နယ်ရဲ့ မီးသတ်ဌာန က ဒီတောမီးကို ငြိမ်းသတ်နိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပြီး တောမီးကြောင့် အိမ်တွေထဲ ၀င်ရောက်ခိုလှုံနေကြမယ့် မြွေတွေရဲ့ အန္တရာယ်ကိုလည်း သတိထားဖို့ ဆော်သြမှုတွေ ပြုလုပ်နေရတာပါ။
A rescue helicopter was sent to the scene and the pilot was treated for minor injuries, a Queensland Ambulance Service spokesman told AFP https://t.co/L4xHnITybL #Australia
— The Hindu (@the_hindu) November 13, 2019
နောက်ဆုံးမှာ မီးတွေငြိမ်းသွားခဲ့ပြီး မီးစတင်လောင်ကျွမ်းတဲ့နေရာကို စစ်ဆေးမှုတွေ ပြုလုပ်ချိန်မှာတော့ ဒီ မီးဟာ (၁၆)နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ လက်ချက်ကြောင့် စတင်လောင်ကျွမ်းခဲ့တာဖြစ်ကြောင်း တွေ့ရှိခဲ့ရတာပါ။
ရုပ်သံမှတ်တမ်းတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ပြောဆိုမှုအရ ဒီ လူငယ်လေးဟာ သူ့အိမ်ရဲ့အနောက် ခပ်လှမ်းလှမ်းက ခြုံပုတ်တစ်ခုကို မီးရှို့ဖို့ ကြိုးစားရင်းကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးကို မထိန်းနိုင်အောင် ဖြစ်ခဲ့ရတာပါ။
Campers on Moreton Bay Island are being urged to leave by authorities as bushfire conditions worsen. #qldfires #7NEWS https://t.co/c0hT9yFEeL
— 7NEWS Townsville (@7NewsTownsville) November 17, 2019
ပြည်နယ်ဥပဒေအရ ဒီလူငယ်လေးကို ထောင်ချလို့မရတာကြောင့် လူငယ်ပြုပြင်ရေးစခန်းဆီ လတ်တလောပို့ဆောင်ထားရပြီး စစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်တယ်လို့ Dailymail ကဖော်ပြပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် လူဦးရေ (၃၀)လောက် ပြန်လည်ထူထောင်ရေးစင်တာမှာ နေထိုင်နေရပြီး ပျက်စီးသွားတဲ့ အဆောက်အဦတွေကို အစိုးရက ပြန်လည်တည်ဆောက်ပေးသွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
Linn