ထူးဆန်းတဲ့ဝိဥာဉ်လက်ထပ်ပွဲကြောင့် အလောင်းအခိုးခံခဲ့ရတဲ့မိသားစု

တရုတ်နိုင်ငံမြောက်ပိုင်းမှ ရွာတစ်ရွာတွင် ဆယ်ကျော်သက်အမျိုးသမီးအလောင်းတစ်လောင်းသည် ထူးခြားစွာပျောက်ဆုံးသွားတာကို မိသားစုဝင်တွေသိခဲ့ရပါတယ်။ သေချာစစ်ဆေးလိုက်တဲ့အခါကျမှ အလောင်းဟာအခိုးခံခဲ့ရတာဖြစ်ကြောင်းသိခဲ့ရပါတယ်။

Mirror

အခိုးခံရတဲ့အလောင်းဟာ (၁၈) နှစ်အရွယ်မှာသေဆုံးသွားသူ အမျိုးသမီးငယ်ဖြစ်ပြီး မြေမြှုပ်ထားတာဟာ နှစ်နှစ်ဆယ်ကျော်လောက်ရှိနေပါပြီ။ အခုလိုအလောင်းပျောက်သွားတဲ့အပေါ် အလောင်းရဲ့ ဆွေမျိုးများမှ ထင်မြင်ချက်တစ်ခုရှိနေပါတယ်။

အဲဒါကတော့ တရုတ်ရိုးရာအနေနဲ့ ပြုလုပ်လေ့ရှိတဲ့ ဝိဥာဉ်ချင်းလက်ထပ်တဲ့ပွဲအတွက် အသုံးပြုဖို့အတွက် အလောင်းကိုခိုးသွားတယ်လို့ ထင်မြင်နေကြတာပဲဖြစ်ပါတယ်။ အကြောင်းကတော့ အရင်တုန်းကလည်း အိမ်သို့လာရောက်ပြီး အဲဒီအလောင်းကို ပေးဖို့အတွက် လာရောက်တောင်းခံဖူးတာကြောင့်ဖြစ်ပါတယ်။

တရုတ်ရိုးရာအရ မင်္ဂလာဆောင်ခါနီးသေဆုံးသွားတဲ့ သတို့သားသို့မဟုတ် သတို့သမီးသေဆုံးသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ အရွယ်မရောက်သေးတဲ့ ကလေးတွေသေဆုံးသွားခဲ့ရင်ပဲဖြစ်ဖြစ် ဝိဥာဉ်ချင်းလက်ထပ်ပေးတာကို ပြုလုပ်လေ့ရှိပါတယ်။

szeto fat ching

ရည်ရွယ်ချက်ကတော့ သေဆုံးသွားသူဟာနောက်ဘဝမှာလည်း သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ရရှိစေဖို့အတွက် ရည်ရွယ်ကာ အလောင်းနှစ်လောင်းကို မင်္ဂလာပွဲပြုလုပ်ပေးပြီး ဝိဥာဉ်ချင်းလက်ဆက်ပေးတဲ့သဘာပါ။

BBC မှာဖော်ပြချက်အရ ၂၀၁၅ ခုနှစ်တုန်းက တရုတ်နို်င်ငံ၊ Shanix ဒေသမှာ အမျိုးသမီးငယ်များရဲ့အလောင်းပေါင်း (၁၄) လောင်းတိတိ အကြီးအကျယ်ပျောက်ဆုံးခဲ့ပါတယ်။ ဝိဥာဉ်လက်ထပ်ပွဲကိုပြုလုပ်ဖို့အတွက် သတို့သားနဲ့ သတို့သမီးလုပ်မယ့် ဝိဥာဉ်တို့ရဲ့ရုပ်အလောင်းများ လိုအပ်တာကြောင့် အခုလိုခိုးယူခဲ့ကြတာပဲဖြစ်ပါတယ်။

READ
(၆)တန်အလေးချိန်ရှိ စုဆောင်းထားတဲ့ အပြာမဂ္ဂဇင်းတွေ လူပေါ်ပြိုကျလို့ သေဆုံးခဲ့သူ

ရုပ်အလောင်းများအပြင် စက္ကူနဲ့ပြုလုပ်ထားတဲ့ လက်ဝတ်ရတနာ၊ ပိုက်ဆံ၊ နေထိုင်ဖို့အဆောင်အယောင်အပါအဝင် အခိုင်းအစေတွေကိုပါ နောက်ဘဝမှာ ပေါပေါသီသီနဲ့ကြွယ်ကြွယ်ဝဝရှိစေရန်အတွက် ထည့်သွင်းမီးရှို့ပေးလေ့ရှိပါတယ်။

mirror

ယခုအလောင်းအခိုးခံရတဲ့အမှုမှာတော့ အလောင်းလာတူးသွားသူရဲ့ လက်အိတ်တစ်စုံဟာ မြေကြီးထဲမှာ ကျန်နေခဲ့ပါတယ်။ အလောင်းပိုင်ရှင်ဆွေမျိုးများကတော့ ခိုးယူသွားတဲ့တရားခံတွေကို အမြန်ဆုံးဖမ်းမိစေချင်ကြပြီး ပူဆွေးသောကရောက်နေကြရပါတယ်။

တရုတ်ပြည်မှာအရင်ခေတ်တွေတုန်းက အလောင်းတွေကို တရားဝင်ရောင်းဝယ်တဲ့ ဈေးကွက်ရှိခဲ့ပါတယ်။ သို့ပေမယ့် ၂၀၀၆ ခုနှစ် သြဂုတ်လမှာ တရားဝင်ပိတ်သိမ်းခဲ့ပြီး အလောင်းရေးဝယ်မှု၊ သို့မဟုတ် ခိုးယူခြင်းတို့ပြုလုပ်ခဲ့ပါက ထောင်ဒဏ် (၃) နှစ်အထိ အနည်းဆုံးချမှတ်နိုင်မယ့် ဥပဒေတစ်ရပ်ကို ထုတ်ခဲ့ပါတယ်။

Source: Mirror

Penny

SHARE