Club တက်ဖို့ အိမ်ကပိုက်ဆံခိုးပြီး မိုင်(၇၀၀)ကျော် ခရီးနှင်ခဲ့တဲ့ ဆယ်ကျော်သက်လေး

Pixabay-Free-Photos

ဆယ်ကျော်သက်အရွယ်ဆိုတာ များသောအားဖြင့် သူတို့မိဘတွေနဲ့ အတိုက်အခံ လုပ်လေ့ရှိတတ်ပါတယ်။ အဲဒီအရွယ်ဟာ လူပျိုဝင်ကာစအရွယ်ဖြစ်တာကြောင့် အမြဲလိုလို မိဘကို ကလန်ကဆန် လုပ်ချင်နေတတ်ပါတယ်။ သူတို့တွေရဲ့ စိတ်ထဲမှာ မိဘတွေက သူတို့ဘာပဲလုပ်လုပ် လိုက်ပြီး အပြစ်တင်နေတတ်တယ်လို့ကို ထင်နေတတ်ကြပါတယ်။ အခုပြောပြချင်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်လည်း အဲဒီလိုပါပဲ။ အဆိုပါကောင်လေးဟာ ဘယ်လောက်တောင်ဆိုးသလဲဆိုရင် အတန်းတက်မယ်ပြောပြီး အိမ်ကနေ ပိုက်ဆံတွေခိုးကာ ထွက်ပြေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘယ်အတန်းမှမတက်ပဲ တစ်ခြားမြို့တွေဆီလျှောက်သွားကာ ကလပ်တက်နေခဲ့ကြောင်း သိရပါတယ်။

Pixabay-tortugadatacorp

အဆိုပါ ကောင်လေးကတော့ အသက် ၁၄ နှစ်အရွယ် အိန္ဒိယနိုင်ငံ၊ Gujarat မြို့က ၁၀ တန်းကျောင်းသားလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ အဆိုပါ ကောင်လေးဟာ လူငယ်ပီပီ စာသေချာမလုပ်ပဲ အပျော်အပါးကို တော်တော်လေးမက်တာကြောင့် အိမ်ကမိဘတွေကို သူ့ကို စာမလုပ်လို့ဆိုပြီး ခဏခဏ ဆူပူလေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အဲဒီကောင်လေးဟာ အိမ်မှာ မနေချင်တဲ့ စိတ်တွေဖြစ်လာပြီး အိမ်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ဒါ့အပြင် အိမ်ကနေပါ ရူပီးငွေ ၁ သိန်းခွဲကျော်ကိုပါ ခိုးသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါကောင်လေးဟာ မိုင်ပေါင်း(၇၉၂)မိုင် ဝေးတဲ့ Goa မြို့ကို တစ်ယောက်တည်း ရထားစီးကာ ထွက်သွားခဲ့ပါတယ်။

READ
ကလေးအယောက် ၂၀ တောင်မွေးထားတဲ့ ဗြိတိန်ရဲ့ အကြီးဆုံးမိသားစု
Google

မိဘတွေကတော့ သူတို့သား အိမ်ကနေ ပိုက်ဆံတွေခိုးပြီး ထွက်ပြေးသွားတာ သိသိချင်း ရဲတွေကို ဖုန်းဆက်အကြောင်းကြားကာ လူပျောက်တိုင်ခဲ့ပါတယ်။ မိဘတွေကတော့ တစ်ဖက်မှာ စိတ်ပူနေသလောက် သူတို့သားဖြစ်သူကတော့ Goa ပြည်နယ်ရှိ ကလပ်တွေမှာ ပျော်ပါးနေခဲ့ပါတယ်။ နောက်ဆုံး ပိုက်ဆံကုန်ခါနီးအချိန်လည်းရောက်ရော Gujarat ပြည်နယ်ရှိ သူငယ်ချင်းဖြစ်သူထံ သွားရောက်ကာ ပိုက်ဆံချေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့် ပိတ်ထားတဲ့ ဖုန်းကို ဖွင့်ပြီး သူငယ်ချင်းဖြစ်သူထံ ဆက်သွယ်ဖို့ Sim card အသစ်စိုက်လိုက်တဲ့ အချိန်မှာ ရဲတွေက အဆိုပါ ကောင်လေးရဲ့ တည်နေရာကို သိသွားခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ ရဲတပ်ဖွဲ့က အဆိုပါ ၁၄ နှစ်သားလေးကို ဖမ်းဆီးကာ မိဘတွေလက်ထဲ ပြန်အပ်ခဲ့ကြောင်း Timesnownews သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
ဒူးရင်းသီးမစားရလို့ ချစ်သူကိုတောင် ခွင်ဆင်၊ ရဲလက်အပ်ခဲ့တဲ့ အမျိုးသမီး
Pixabay-mmamontov

Pyi Hein Kyaw

SHARE