ဗီဒီယိုကြည့်ရုံနဲ့ လူတွေရဲ့အရပ်အမောင်းကို တပ်အပ်ပြောပြနိုင်တဲ့ ဆယ်ကျော်သက်ကောင်လေး

[email protected]

လူတစ်ယောက်ရဲ့ အရပ်အမောင်းကို သင့်အပြင်မှာ မတွေ့ဖူးပဲနဲ့ တပ်အပ်ပြောနိုင်ဖို့ဆိုတာ တော်တော်လေး ခက်ခဲပါတယ်။ ဥပမာ- လူတစ်ယောက်ရဲ့ ဓာတ်ပုံကို ဖုန်းထဲမှာ သင်မြင်တယ်ဆိုပါတော့။ အဲဒီဖုန်းထဲက ဓာတ်ပုံလေးကိုပဲကြည့်ပြီး အဲဒီလူရဲ့ အရပ်အမောင်းကို ပြောနိုင်ဖို့ဆိုတာ တစ်ကယ်ခက်ခဲပါတယ်။ ဒါပေမယ့် အခုပြောပြချင်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကတော့ လူတစ်ယောက်ရဲ့ အရပ်ကို အဆိုပါလူရဲ့ ဗီဒီယိုတွေကို ကြည့်တာနဲ့တင် သင်္ချာနည်းနဲ့ တွက်ပြီး အဲဒီလူရဲ့ အရပ်အမောင်းကို တပ်အပ်ပြောပြနိုင်ကြောင်း buzzfeednews.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

@kentai.haven#stitch with @ollierose_ #greenscreen #fyp #guessmyheight #guess #math ‍♂️♬ original sound – Height Hokage‍♂️

အဆိုပါ ကောင်လေးကတော့ အမေရိကန်နိုင်ငံ၊ Tennessee ပြည်နယ်ရှိ Memphis မြို့မှ Kenyon Lee အမည်ရ ကောလိပ်ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ Tiktok မှာ Kenyon တစ်ယောက် တော်တော်လေးကို နာမည်ကြီးနေပါတယ်။ အကြောင်းကတော့ လူတစ်ယောက်ကို အပြင်မှာ မတွေ့ဖူးပဲနဲ့ အဆိုပါလူ ပါဝင်တဲ့ ဗီဒီယိုတစ်ခုကို ကြည့်လိုက်တာနဲ့တင် အဲဒီလူရဲ့ အရပ်အမောင်းကို ကျိန်းသေပြောနိုင်လို့ပဲ ဖြစ်ပါတယ်။

READ
ပင်လယ်ထဲကျသွားတဲ့ဖုန်းကို ပိုင်ရှင်ဆီရောက်အောင်လာပေးနိုင်တဲ့ ဝေလငါးလေး

 

@kentai.havenTysm for 2 million‍, I didnt get to cover everything but here’s an overview #fyp #math #guessmyheight #kentaihaven #foryou♬ Steven Universe – L.Dre

အပေါ်က ဗီဒီယိုဆိုရင် ကြည့်ရှု့သူ သန်း ၃၀ ကျော်ရှိတဲ့ Kenyon တစ်ယောက် အရပ်ခန့်မှန်းထားတဲ့ ဗီဒီယိုဖိုင် ဖြစ်ပါတယ်။ Kenyon ရဲ့ အရပ်ခန့်မှန်းတဲ့ skill ကတော့ တော်တော်လေးကို cool ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဘေးနားမှာရှိတဲ့ အသုံးအဆောင်ပစ္စည်းတွေရဲ့ အရွယ်အစား၊ အလျားအနံတွေကို တွက်ချက်ပြီး အဲဒီလူရဲ့ အရပ်ကို တွက်ချက်တာဖြစ်ပါတယ်။ သူတွက်တဲ့ နည်းအတိုင်း ရလာတဲ့အဖြေက အနည်းဆုံး ၈၀ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းအထိ တောက်လျှောက်မှန်တာကြောင့် သူ့ကို challenge လုပ်တဲ့ လူတိုင်း လက်ဖျားခါရလောက်တဲ့အထိ တစ်က်ာကိုတော်တဲ့ လူငယ်တစ်ယောက် ဖြစ်ပါတယ်။

READ
လေကြောင်းပို့ဆောင်ရေး ဈေးကွက်မှာ အောင်မြင်မှုတွေရနေတဲ့ ဘီကီနီလေကြောင်းလိုင်း

 

@kentai.haven#stitch with @seandoesmagic #greenscreen #fyp #guess #guessmyheight #math SHEESH ‍♂️‍♂️♬ original sound – Height Hokage‍♂️

“အဓိကကတော့ လူတစ်ယောက်ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ အရာဝတ္တုတွေကို သင်္ချာနည်းတစ်ခုနဲ့ တွက်ချက်ပြီး အဲဒီလူရဲ့ အရပ်ကို ခန့်မှန်းတာ ဖြစ်ပါတယ်။ အခုထိတော့ လုံးဝလွဲတာမျိုးတွေ မရှိပါဘူး။ တစ်ချိုကဆိုရင် ပုတဲ့အရပ်ကို တမင် မရှည်ရှည်အောင်တွေ လျှောက်လုပ်ထားပြီး ကျွန်တော့်ကို challenge လုပ်တာတွေတောင် ရှိပါတယ်။ ဒါပေမယ့် အဲဒီလူတွေကိုလည်း တွက်ချက်ပေးတာ လုံးဝမှားတာမျိုးတော့ အခုထိ မရှိသေးပါဘူး”လို့ Kenyon က Buzzfeed သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 

@kentai.haven#stitch with @marsmakesmovies #greenscreen #fyp #guessmyheight #guess #dunkindonuts New Method in the works♬ original sound – Height Hokage‍♂️

Pyi Hein Kyaw

SHARE