အစာရိက္ခာမရှိဘဲ ပင်လယ်ထဲ ရက်(၄၀)ကျော် အသက်ရှင်နိုင်ခဲ့တဲ့ အံ့ဖွယ်ဆယ်ကျော်သက်

အင်ဒိုနီးရှားလို ‘rompong’ လို့ အခေါ်ရှိတဲ့ ဖောင်ဟာ လှော်တက်တွေ အင်ဂျင်တွေ ဘာမှ မပါတဲ့ တဲဖောင်တစ်မျိုး ဖြစ်ပါတယ်။ Aldi Novel Adilang အမည်ရ ကောင်လေးတစ်ယောက်ဟာ  အင်ဒိုနီးရှား ကမ်းရိုးတန်းရဲ့ ကမ်းအကွာ ၇၇ မိုင်ရှိတဲ့ ပင်လယ်ထဲမှာ ထိုငါးမျှားဖောင်ကို ကျောက်ဆူးချထားပြီး ငါးမျှားထွက်လေ့ရှိပါတယ်။ အပတ်စဉ် တစ်ယောက်ယောက်က Aldi မျှားထားတဲ့ ငါးတွေကို လာယူပြီး သူ့အတွက် စားနပ်ရိက္ခာတွေ ပြန်ယူလာပေးရပါတယ်။

ပင်လယ်ကြမ်းပြင်မှာ ကျောက်ဆူးချထားတဲ့ Aldi ရဲ့ ငါးမျှားဖောင်လေးဟာ တစ်နေ့မှာတော့ လေပြင်းတာကြောင့် ကျောက်ဆူး လွတ်ထွက်သွားခဲ့ပြီး ဖောင်လည်း ပင်လယ်ထဲကို မျောသွားခဲ့ပါတယ်။ (၁၉) နှစ်အရွယ် ဆူလာဝေစီကျွန်းသားလေး Aldi ဟာ ကမ်းမမြင် လမ်းမမြင် ပင်လယ်ထဲ မျောတဲ့အဖြစ်ကို ရောက်ခဲ့ရပြီး သူ့ဆီမှာလည်း ရိက္ခာက အနည်းငယ်သာ ကျန်ရှိနေခဲ့ပါတော့တယ်။ ဒါပေမယ့် Aldi ဟာ ကျွန်းသားပီပီ ပင်လယ်ထဲမှာ အသက်ရှင်ဖို့ လက်မလျှော့ခဲ့ပါဘူး။ သောက်ရေအတွက် ပင်လယ်ရေကိုပဲ ဆားအငံဓာတ်လျော့အောင် အဝတ်နဲ့ စစ်ပြီး သောက်ခဲ့ပါတယ်။ ပင်လယ်ထဲက ငါးတွေကို ဖမ်းစားခဲ့ရပါတယ်။

READ
4 နှစ်သမီးကို အဓမ္မကျင့်သည်ဟုယူဆပြီး အမျိုးသားတစ်ရဲ့ငယ်ပါကို မီးရှို့ခဲ့သည့်စုံတွဲ
Indonesian Consulate General Osaka/Facebook

ငါးမျှားဖောင်နဲ့ ပင်လယ်ထဲ မျောနေခဲ့တဲ့ Aldi ကို ဘေးကနေ သင်္ဘောများစွာ ဖြတ်မောင်းသွားကြပေမယ့် တစ်စီးမှ သူ့ကို မမြင်ခဲ့ကြပါဘူး။ ဂျပန်နိုင်ငံက အင်ဒိုနီးရှားသံအမတ် Fajar Firdaus ကတော့ “Aldi ဟာ ပင်လယ်ထဲ မျောနေတုန်း ကြောက်ပြီး ငိုနေခဲ့တာ၊ သင်္ဘောကြီးတွေကို မြင်တိုင်း လာကယ်ဖို့လည်း မျှော်လင့်နေခဲ့ပြီး ၁၀ စီးတောင် သူ့အနားက ဖြတ်သွားပေမယ့် သူ့ကို တစ်စီးမှ မမြင်ခဲ့ဘူး” လို့ Aldi ရဲ့ ပြောပြချက်ကို The Jakarta Post သတင်းစာဆီ ပြန်ပြောခဲ့ပါတယ်။ ၄၉ ရက်အကြာမှာတော့ Aldi ကို ပနားမားသင်္ဘောတစ်စီးက မြင်ခဲ့ပြီး ကယ်ဆယ်ခဲ့ပါတယ်။ ထိုသင်္ဘောက Aldi ကို ဂျပန်ဆိပ်ကမ်းသို့ ခေါ်ဆောင်သွားခဲ့ပြီး ထိုမှာ အင်ဒိုသံအဖွဲ့က သူ့ကို လာခေါ်ခဲ့တာပါ။

DailyMail
Indonesian Consulate General Osaka/Facebook

လက်ရှိမှာတော့ Aldi ဟာ အင်ဒိုနီးရှားနိုင်ငံ Manado မြို့က သူ့မိသားစုအိမ်ကို ကျန်းမာစွာ ပြန်ရောက်ရှိနေပြီလို့ သိရပါတယ်။ Aldi ကိုတော့ ပင်လယ်ထဲမှာ အစာရေစာ မရှိဘဲ ၄၉ ရက်ကြာ ရှင်သန်ရုန်းကန်နိုင်ခဲ့တဲ့ အံ့ဖွယ် ဆယ်ကျော်သက်တစ်ယောက်အဖြစ် ချီးကျူးသံတွေ ဝေစည်နေပါပြီ။

READ
အရပ်(၆)ပေ၊ (၆)လက်မရှိပြီး ဂင်းနစ်စံချိန်တင်ခဲ့တဲ့ (၈)နှစ်အရွယ် အိန္ဒိယကောင်လေး
Indonesian Consulate General Osaka/Facebook
Indonesian Consulate General Osaka/Facebook

Ref: Unilad , Dailymail

SHARE