Boxing Day မှာမိဘတွေနဲ့ဈေးဝယ်နေတဲ့ကောင်လေးကို ဓားနဲ့ဝင်ရောက်ထိုးနှက်မှုဖြစ်ပွား

ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ JD Sports ဆိုင်ခွဲတစ်ခုမှာ မိဘတွေနဲ့အတူ Boxing Day Shopping ပြုလုပ်နေစဉ် လူတစ်ယောက်က အကြောင်းမဲ့ ဓားနဲ့ဝင်ထိုးတာကို ခံခဲ့ရပါတယ်။ အခင်းဖြစ်လျှင်ဖြစ်ချင်းပဲ လုံခြုံရေးဝန်ထမ်းတစ်ယောက်က ဓားနဲ့အထိုးခံရသူရဲ့ ၀မ်းဗိုက်ကို တာဝါစက္ကူနဲ့ ဖိထားပေးခဲ့တယ်လို့ သိရပါတယ်။

ဓားနဲ့အထိုးခံရသူဟာ အသက် 15 နှစ်အရွယ်သာ ရှိသေးပြီး၊ လန်ဒန်အရှေ့ပိုင်းရှိ Hackney မှာရှိတဲ့ JD Sports ဆိုင်ခွဲ
တစ်ခုမှာ ဈေးဝယ်နေစဉ် ယခုလို ကျူးလွန်ခံရတာပါ။ ၎င်းကို လန်ဒန်သူနာပြုရဟတ်ယာဉ်နဲ့ လန်ဒန်ဆေးရုံကို ပို့ပေးခဲ့ပြီး အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အခင်းမဖြစ်ခင်မှာ လူတစ်ယောက်က ” ဓားကိုင်ထားတဲ့လူ … မြင်လား ကလေးတွေ … မြင်လား “ဆိုပြီး အော်ကာ သတိပေးခဲ့သေးတယ်လို့ သိရပါတယ်။ ရဲစခန်းတာဝန်ရှိသူတစ်ယောက်ကတော့ မွန်းလွဲ 2.35 နာရီမှာ အမျိုးသားတစ်ယောက် ဓားနဲ့အထိုးခံရကြောင်း သတင်းရရှိခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ အခင်းဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးသလို၊ ကျူးလွန်တဲ့ တရားခံကိုလည်း မမိသေးပါဘူး။

READ
ရုပ်ရည်မမျှပေမယ့် ချစ်ရည်တူမျှကြလို့ တီဗွီထဲမှာတောင် ထုတ်လွှင့်ပြသခံရတဲ့ ချစ်သူစုံတွဲ

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE