ဂိမ်းကို မရပ်မနား ကစားရာကနေ လက်အကြော သေသွားခဲ့ရတဲ့ ကောင်လေး

Image: Nanning Television & Unplush /Kelly Sikkema

အခုနောက်ပိုင်းမှာတော့ ဂိမ်းကို လူငယ်တွေ တော်တော် လေး စွဲ လမ်း လာကြတာ တွေ့ရပါတယ်။ တစ်ချို့ ကျ တော့ လည်း ထိုင်ရာ က နေ မထ စ တမ်း ဂိမ်းကိုပဲ ဆော့ လာ ကြတာပါ။ဘယ် အရာ မှာ မဆို အလွန် အကြူး ဖြစ် လွန်း ရင် မ  ကောင်းပါဘူး။တရုတ်နိုင်ငံက ဆယ်ကျော်သက် က လေး တစ်ယောက် ဆိုရင် ဂိမ်း အ ဆော့ များ ပြီး လက် အ ကြော သေ သွားခဲ့ပါတယ်။အသက် (၁၅)နှစ်အရွယ် Xiaobin   က တော့ တရုတ်နိုင်ငံ Nanning မြို့ကပါ။ဂိမ်း ဆော့ တာ များပြီး ဒုက္ခ ရောက်တဲ့ အ ကြောင်းကိုတော့ worldofbuzz မှာ ဖော်ပြ ထားတာပါ။

Image: Unplush /Kelly Sikkema

ကိုဗစ် ကြောင့် Lockdown ဖြစ်ေ နတဲ့ အချိန်တည်းက သူ့ရဲ့ အခန်း ထဲ က နေ မထွက် တော့ပဲ တစ်နေ့ ကို (၂၂)ာ နာရီ လောက် ဂိမ်းပဲ ဆော့ နေခဲ့တာပါ။ကျောင်းတွေ လဲ ပိတ် တော့ သူ ဆော့ ချင် တဲ့ ဂိမ်း ကို ဆော့ ချင် သ လောက် ကို အားရ ပါးရ ထိုင် ဆော့ နေခဲ့ပါတယ်။မိဘ ဖြစ်သူတွေ ကလည်း သားဖြစ်သူ ဘာ လုပ် နေတယ်ဆိုတာကို သေချာ သတိ မထား ဖြစ်ခဲ့ပါဘူး။ဒါကြောင့်လည်း အချိန် မီ မတားဆီးနိုင်ခဲ့တာပါ။မိဘ တွေ က တော့ သား ဖြစ်သူ အခန်း ထဲမှာ ငြိမ် နေပြီး အွန်လိုင်း သင်တန်း တက် နေတယ်ပဲ ထင်ခဲ့တာပါ။သားဖြစ်သူရဲ့ စကားကို ယုံပြီး အခန်းထဲမှာ သား တကယ်ဘာ လုပ် နေတယ်ဆိုတာကို သေချာ မကြည့်မိခဲ့တာပါ။

READ
ရိုမန့်တစ်ဆန်တဲ့ ဓာတ်ပုံတွေရိုက်ချင်လို့ သူစိမ်းတွေကို နမ်းနမ်းပြီး ဓာတ်ပုံရိုက်ခဲ့တဲ့သူမ
Weibo/Nanning Television

အွန်လိုင်းက သူငယ်ချင်းတွေ နဲ့ စကားပြော နေတာ တွေ့ လိုက်တယ်။သားက ကောင်းကောင်းတောင် အနားမယူပဲ တစ်နေ့ ကို နှစ်နာရီ လောက်ပဲ  အိပ် ခဲ့တာ..” လို့ ဆယ်ကျော်သက် ကောင် လေးရဲ့ မိဘ တွေ က ပြော ပါတယ်။ Xiaobin က တော့ လက်ရှိမှာ ဆေးရုံတက်ပြီး ကုသ မှု ခံယူ နေပါတယ်။အရင်လို အ ကောင်းပ က တိ ပြန် ဖြစ် မဖြစ် က တော့ မသိ ရ သေးပါဘူး။ဦးနှောက် အာရုံကြောဆိုင်ရာ  Dr Li က တော့ ဦးနှောက် ချို့ယွင်းမှု ကြောင့် ကိုယ် အင်္ဂါ  မလှုပ်ရှားနိုင် တော့တာ လို့ ပြောခဲ့ပါတယ်။ဗီဒီယိုဂိမ်းပဲ မအိပ် မ နေ ထိုင် ဆော့ နေတဲ့ အတွက် ဦး နှောက် ကလို အပ်တဲ့ အနားယူမှု နဲ့ အာဟာရ ကို မရတဲ့ အတွက် ဦးနှောက် ဆီကို လိုအပ်တဲ့   သွေးနဲ့ အောက်စီဂျင် လျော့ နည်းလာ ခဲ့ရာက နေ ခု လို ဖြစ်ရတာ လို့ ဒေါက်တာက ပြောပါတယ်။ဂိမ်းဆော့တာက  အလွန်အကျွံ့ ဆိုရင်   စိတ် ပိုင်းဆိုင်ရာ ကို ရော ရုပ်ပိုင်းဆိုင်ရာ ကိုပါ ထိခိုက် စေနိုင် ပါတယ်။

READ
သမီးကို ပြန်ပြီးလက်ထပ်ခဲ့လို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ မိခင်တစ်ဦး
Weibo/Nanning Television

#SHWEMOM

SHARE