(၂၀၂၀)ပြည့်နှစ်တွေမှာ ကမ္ဘာကို လှုပ်ကိုင်ဦးမယ့် ဆယ်ကျော်သက်များ

thezieglergirls.com_Instagram/GretaThunberg

ဆယ်စုနှစ်တစ်စုအဆုံးသတ်ခါနီးတိုင်း ဆယ်ကျော်သက်တွေရဲ့ အခန်းကဏ္ဍဟာလည်း အမြဲပါဝင်လေ့ရှိပါတယ်။ ၁၉၉၀ ဝန်းကျင်ကဆိုရင် အဲဒီအချိန်တုန်းက Britney Spears တို့ Sarah Michelle Gellar တို့ဟာလည်း ဆယ်ကျော်ကသက်ပါပဲ။ (၂၀၀၀) ခုနှစ်တွေဆိုရင်လည်း Justin Timberlakeနဲ့ Jonah Hill တို့ပါ။ ၂၀၁၀ ဝန်းကျင်ကို ကြည့်လိုက်တော့လည်း Taylor Swift တို့ Logan Paul တို့ကလည်းဆယ်ကျော်သက်တွေပါပဲ။

ဒါကြောင့် လာမယ့် (၂၀၂၀)ပြည့်နှစ်ကို လှုပ်ကိုင်ဦးမယ့် ဆယ်ကျော်သက် (၆) ယောက် အကြောင်းကို ဖော်ပြလိုက်ပါတယ်။

– Esports တိုက်တန် Kyle Giersdorf – ၁၆ နှစ်

အသက် ၁၆ နှစ်ပဲရှိသေးတဲ့ Kyle Giersdorf ရဲ့ ၂၀၁၉ ဟာ အောင်မြင်မှုတွေချည်းပါပဲ။ Fortnite World Cup မှာ ယဉ်ပြိုင်သူ သန်း ၄၀ ကို ကျော်ဖြတ်ပြီး ဒေါ်လာ ၃သန်း ဆုရရှိခဲ့ပါတယ်။ နိုဝင်ဘာလမှာတော့  2019 Esports Awards ကနေသူ့ကို Esports PC Player of the Year ဆုကို ချီးမြှင့်ခဲ့ပါတယ်။

တွစ်တာမှာ Follower (၆၀၀,၀၀၀) ရှိပြီး Twitch မှာ follower (၁.၃)သန်းအထိ ရှိပါတယ်။

-Maddie နဲ့ Mackenzie Ziegler – ၁၇နှစ် ၁၅ နှစ်

thezieglergirls.com

အသက် ၁၇ နှစ်အရွယ်ဖြစ်တဲ့ Maddie Zieglerဆိုသူနဲ့ အသက်၁၅နှစ်ပဲရှိသေးတဲ့ Mackenzie တို့ဟာလည်း အခုအချိန်မှာ ရုပ်ရှင်လောကမှာ နေရာအတည်တကျရရှိနေပြီဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အောင်မြင်မှုလမ်းကြောင်းပေါ်စရောက်ချိန်က ၂၀၁၀ ခုနှစ်လောက်ကပါ။ အဲဒီတုန်းက Dance Moms ဆိုတဲ့ တီဗီရှိုးတစ်ခုမှာ ပါဝင်ဝင်ခွင့်ရခဲ့တာပါ။ အဲဒီကနေစပြီး YouTube တို့ Instagram တို့မှာ အားပေးသူပရိသတ်တွေများပြားလာခဲ့တဲ့ ဆယ်ကျော်သက် နှစ်ယောက်ပါ။

၂၀၁၈ ခုနှစ်မှာတော့  Mackenzieဟာ YouTube က စီစဉ်ရိုက်ကူးတဲ့ Brat Holiday Spectacular ဆိုတဲ့ ရုပ်ရှင်မှာ ပါဝင်ခဲ့ပါတယ်။ အဆိုပါရုပ်ရှင်ကားဟာ လူ(၅)သန်းလောက် ကြည့်ရှုခဲ့ကြပါတယ်။

– Jahi Di’Allo Winston၊ ၁၆ နှစ်

 

View this post on Instagram

 

Prayers up for @kevinhart4real Praying for your full recovery!! #ALLTHEWAYUP #BLESSED #SHINEWITHJAHI #YOUCANTOO

A post shared by J A H I (@jahiwinston) on

Jahi Di’Allo Winston ဟာ ငယ်ရွယ်ပေမယ့် ရုပ်ရှင်ကားတော်တော်များများမှာ ပါဝင်ဖို့ သဘောတူညီချက်တွေလုပ်ပြီးနေပါပြီ။ ဒါ့အပြင် သူဟာ The Lion King ရုပ်ရှင်ကားမှာ ဆမ်ဘာအငယ်လေးနေရာမှာ သရုပ်ဆောင်ခဲ့ပါသေးတယ်။ သူ့ရဲ့ အောင်မြင်မှုကိုပြောရရင် ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Upside ရုပ်ရှင်ကားမှာ Kevin Hart၊ Bryan Cranston နဲ့  Nicole Kidman တို့နဲ့ အတူတူ သရုပ်ဆောင်ခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ Proud Mary ရုပ်ရှင်ကားမှာ သရုပ်ဆောင်ခဲ့ပါတယ်။Netflix ရဲ့ Everything Sucks! ဆိုတဲ့ စီးရီးမှာလည်း သရုပ်ဆောင်ခဲ့ပါသေးတယ်။

– Greta Thunberg ၊၁၆ နှစ်

သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ Greta Thunberg ရဲ့ ရဲရဲတောက်မိန့်ခွန်းတွေဟာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ခေါင်းဆောင်တွေအထိ ရောက်ရှိခဲ့တာပါ။ ဒါ့အပြင် တစ်ကမ္ဘာလုံးကို သဘာဝပတ်ဝန်းကျင်အရေးကိုပြန်လည်စိတ်ဝင်စားလာအောင် ပြုလုပ်နိုင်ခဲ့သူပါ။ အစကတော့ တစ်ယောက်တည်း သဘာဝပတ်ဝန်းကျင်အတွက် လှုပ်ရှားနေတဲ့ သူ(မ)ဟာ အခုအချိန်မှာတော့ သူ(မ)ကို အားပေးထောက်ခံသူ သန်းပေါင်းများစွာရရှိနေပါပြီ။ ၂၀၁၉ ခုနှစ်အတွက် တိုင်းမ်မဂ္ဂဇင်းကြီးရဲ့ person of the year ကို သူ(မ)ကို ပေးအပ်ခဲ့ပါတယ်။

– Tamari Davis၊ ၁၆ နှစ်

READ
စွန့်ပစ်အမှိုက်တွေကို အရောင်အသွေးစုံတဲ့တောအုပ်လေးအဖြစ်ပြန်လည်ဖန်တီးခဲ့
YouTube/Whistle

 

Tamari Davis ဆိုတဲ့ ဆယ်ကျော်သက်တစ်ယောက်ကတော့ အားကစားဘက်မှာ ထူးချွန်တဲ့သူတစ်ယောက်ပါ။ မေလ ၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ မီတာ ၂၀၀ အပြေးပြိုင်ပွဲမှာTamari Davis ဟာ ပြိုင်ခဲ့သမျှ အသက် ၁၅ နှစ်တန်းတွေရဲ့ ကမ္ဘာ့စံချိန်ကို အလွယ်လေး ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အခုအချိန်မှာတော့ သူ(မ)ဟာ ဒီနှစ်အတွင်းမှာဂျပန်နိုင်ငံမှာ ပြုလုပ်တော့မယ့် အိုလံပစ်ပြိုင်ပွဲအတွက် ပြင်ဆင်နေပါတယ်။

 

Ye Yint Kyaw

SHARE