သွားပေါ်မှာဖြစ်နေတဲ့ အဖြူရောင်အစက်တွေကို ဒီနည်းတွေနဲ့ ဖယ်ရှားပစ်နိုင်ပါတယ်။

သွားပေါ်မှာရှိနေတဲ့ အဖြူရောင်အစက်တွေကိုတော့ hypomineralization လို့ခေါ်ပါတယ်။ သူကတော့ သတ္တုဓာတ်နဲ့ ကယ်ဆီယမ် အားနည်းရင် ပေါ်လာတတ်ပါတယ်။

ဘယ်လိုမျိုး ကြိုတင်တားဆီးပစ်နိုင်မလဲ။
– တစ်နေ့ကို (၂) ကြိမ် သွားတိုက်ပေးပါ။
– အချိုတွေ စားတာလျှော့ပေးပါ။

(၁) မုန့်ဖုတ်ဆိုဒါ ( Baking Soda)


Baking Soda ကိုတော့ မုန့်ဖုတ်တာ ၊ ဟင်းချက်တာကလွဲလို့ တခြားနေရာတွေမှာလည်း အသုံးပြုလို့ ရပါတယ်။ သန့်ရှင်းရေးလုပ်တဲ့ နေရာဖြစ်ဖြစ် မှာပါ။ ပါဝင်ပစ္စည်းများ – Baking Soda (စားပွဲတင်ဇွန်း ၁ ဇွန်း) နဲ့ ရေ (အနည်းငယ်)။
– Baking Soda ကို ရေနည်းနည်းနဲ့ အနှစ်ပျစ်ပျစ်ဖြစ်အောင် ရောပေးပါ။
– ပြီးရင်တော့ ဒီအနှစ်ကို သွားတိုက်တံနဲ့ ယူပြီး သွားကို တိုက်ပေးပါ။
– တစ်ပတ်ကို (၃-၄)ကြိမ်လုပ်ပေးတာက သိသာတဲ့ရလဒ်ကို ပိုင်ဆိုင်ရမှာပါ။ နေ့တိုင်းတော့ မလုပ်ပါနဲ့။

READ
လူလတ်တန်းစားနဲ့ သူဌေးသူကြွယ်တို့ရဲ့ကြားက မတူညီမှုများ

(၂) မီးသွေး


မီးသွေးထဲမှာ အသုံးဝင်တဲ့ပစ္စည်းတွေပါဝင်တယ်။ သွားဖြူဖို့အတွက်ဆိုရင် မီးသွေးကို သုံးတတ်ကြတယ်။ တချို့ဆို မီးသွေးခဲနဲ့ သွားတိုက်တာမျိုး ရှိပါတယ်။ ပါဝင်ပစ္စည်းများ – မီးသွေးတုံး (၁တုံး၊ အမှုန့်ချေပြီးသား) ၊ သွားတိုက်တံ။
– သွားတိုက်တံအစိုနဲ့ မီးသွေးမှုန့်ထဲ နှစ်ပေးပါ။
– (၂)မိနစ်လောက် မီးသွေးနဲ့သွားတိုက်ပေးပါ။
– ရိုးရိုးရေနဲ့ ပလုတ်ကျင်းပေးပါ။

(၃) ငှက်ပျော်သီးခွံ


ငှက်ပျော်သီးမှာ potassium ၊ manganese နဲ့ magnesium ဓာတ်တို့ ပါဝင်တာကြောင့် သွားတွေကို ချေးချွတ်ပေးနိုင်ပါတယ်။ ပါဝင်ပစ္စည်းများ – ငှက်ပျော်သီးခွံ။
– ငှက်ပျော်သီးခွံ အတွင်းပိုင်းနဲ့ (၂)မိနစ်လောက် သွားတိုက်ပေးပါ။
– (၁၅)မိနစ်လောက်စောင့်ပေးပြီး ပုံမှန်အတိုင်း သွားတိုက်ပေးပါ။
– တစ်ပတ်ကို (၂)ကြိမ်လုပ်ပေးပါ။

READ
သောက်စားပျော်ပါးချိန်တွေမှာ အမြဲလိုလို ကြုံတွေ့ရလေ့ရှိတဲ့ အမူးသမား (၉) မျိုးအကြောင်း

Hannwe Soe

SHARE