Cardi B ဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဂိုဏ်းဝင်တစ်ယောက်လို့ဖွင့်ချခံရ

Twitter/Rap-Up

ရက်ပ်ဂီတအဆိုတော်တွေဖြစ်တဲ့ Cardi B နဲ့ Jim Jones တို့ဟာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Bloods ဂိုဏ်းအဖွဲ့ဝင်တွေဖြစ်တယ်လို့ ရက်ပ်ဂီတအဆိုတော် Tekashi 6ix9ine က တရားရုံးကိုပြောပါတယ်။

အသက်(၂၃)နှစ်အရွယ် Tekashi 6ix9ine ဟာ Manhattan ဖက်ဒရယ်တရားရုံးမှာ အစစ်ဆေးခံနေစဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။သူ့ရဲ့အဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ Anthony ‘Harv’ Ellison နဲ့ Aljermiah ‘Nuke’ Mack တို့ဟာ တရားမ၀င်လုပ်ငန်းတွေနဲ့အသက်မွေးမှုတွေလုပ်နေတယ်ဆိုတဲ့အပေါ်မှာလည်း မဟုတ်ပါဘူးလို့ သူက တရားရုံးကိုငြင်းဆိုခဲ့ပါတယ်။

 

Tekashi 6ix9ine ရဲ့နာမည်အရင်းကတော့ Daniel Hernandez ဖြစ်ပြီး Bloods ဂိုဏ်းအဖွဲ့ဝင်ဖြစ်တဲ့ နာမည်စာရင်းထဲမှာလည်း သူပါဝင်တဲ့အပြင် Cardi B နဲ့ Jim Jones တို့လည်းပါဝင်ပါတယ်။

Cardi B ဟာ Bloods ဂိုဏ်းအဖွဲ့ဝင်ဖြစ်တယ်လို့ Hernandez က တရားရုံးမှာအစစ်ခံခဲ့တဲ့အပြင် သူ့ရဲ့ music video တွေမှာ Bloods ဂိုဏ်းနဲ့ပတ်သက်တဲ့ဘာကိုမှထုတ်ပြထားတာမရှိဘူးလို့လည်း Hernandez ကသူ့ကိုယ်သူငြင်းဆို ခဲ့ပါတယ်။

Cardi B က အင်တာဗျူးတစ်ခုမှာ သူမဟာ Bloods ဂိုဏ်းအဖွဲ့ဝင်ဖြစ်တယ်လို့ဖြေကြားခဲ့ဖူးသလို သူမအသက်(၁၆)နှစ်အရွယ်ကတည်းက Bloods ဂိုဏ်းကလူတွေနဲ့ရင်းရင်းနှီးနှီးရှိခဲ့တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

Hernandez က Bloods ဂိုဏ်းထဲမှာဘယ်သူတွေပါတယ်ဆိုတာကိုသူပြောပြမယ်ဆိုရင် သူရင်ဆိုင်နေရတဲ့ ထောင်ဒဏ်(၄၇)နှစ်နဲ့ပတ်သက်ပြီး ပြန်လည်စဉ်းစားပေးမလားဆိုပြီး အစိုးရရှေ့နေတွေနဲ့အသနားခံသဘောတူညီမှုကိုတောင်းဆိုခဲ့ပါတယ်။

တရားရုံးကလည်း အစိုးရကိုကူညီပြီးဖော်ထုတ်မလား၊ အေးအေးဆေးဆေးနဲ့ပဲထောင်ထဲမှာသွားနေမလားလို့ Hernandez ကိုပြန်လည်မေးခွန်းထုတ်ခဲ့တာပါ။

Hernandez ဟာ (၂၀၁၈)နိုဝင်ဘာလမှာတုန်းက ဂိုဏ်းနဲ့ပတ်သက်တဲ့ရာဇ၀တ်မှုတွေကြောင့် အဖမ်းခံခဲ့ရတာပါ။

Hernandez ဟာအခြားဂိုဏ်အဖွဲ့ဝင်တွေနဲ့အတူ ရာဇ၀တ်မှုအတော်များများကိုကျူးလွန်ခဲ့တယ်လို့ ရှေ့နေ Geoffrey S. Berman ကရှင်းပြခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Hernandez ဟာ ထောင်ဒဏ်နှစ်(၅၀)နီးပါးကျခံရမှာဖြစ်တယ်လို့ အစိုးရရှေ့နေတွေကပြောပါ တယ်။

Thae

SHARE